ကဗျာကောင်းကင်ပြာထဲက တာရာ၉၁

DaveMay 10, 20101min01

ကဗျာကောင်းကင်ပြာထဲမှာ
ထွန်းလင်းတောက်ပတဲ့ တာရာ။

ကြယ်လို တလက်လက်နဲ့
ကဗျာစားသုံးပြီး အသက်ဆက်ခဲ့တဲ့ဆရာ
ဪ- ၉၁နှစ်တောင် ကြာခဲ့ပြီပ။

ရန်သူမရှိ မိတ်ဆွေသာရှိတယ်ဆိုတဲ့
ဆရာ့ရဲ့ ငြိမ်းချမ်းရေးစကား
အထပ်ထပ်အခါခါ ကြားယောင်နေမိပါရဲ့။

ဆရာရှိနေတဲ့ သာမိုင်းခန်းမှာ
ဒီနေ့ဆို မွေးနေ့လာ ကဗျာမိတ်ဆွေတွေနဲ့
ငြိမ်းချမ်းရေးတရား မျှဝေခံစားနေကြရောပေါ့။

မငြိမ်းချမ်းတဲ့ တိုင်းပြည်အတွက်
ကျွန်တော်တို့ ဘယ်လို လက်တွဲပြီး
ငြိမ်းချမ်းရေးတရားရေအေး တိုက်ကျွေးကြမလဲဆရာ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ
ဘယ်တော့များမှာမှ
ငြိမ်းချမ်းရေးအမြိုက်တရားကို အားရပါးရ
ခံစားကြရပါ့မလဲဆရာ။

ကျွန်တော်လို သာမည်ညောင်ညဟာ
ဒီလို တွေးသင့်ပါမလားလို့
စိတ်တထင့်ထင့် ခံစားမိရင်း
တွေးခြင်းကို အရှိန်သတ်လိုက်ပါတယ်။

ကိုးဆယ်နဲ့တစ်နှစ်ပြည့်
ဆရာ့မွေးနေ့မှာ
ပျော်ရွှင်ပါစေ ဆရာ။

၁ဝ -၅-၂၀၁ဝ တွင် ကျရောက်သော ကဗျာဆရာကြီး ဒဂုန်တာရာ၏ အသက် (၉၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်

One comment

Leave a Reply

Your email address will not be published.