စစ်အာဏာရူးတွေ သတိထား အသေခံဗုံးခွဲသမားတွေလာဦးမည်

DaveMay 10, 20101min04

လွိုင်ကော်ရဲစခန်းအတွင်းဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မကြာသေးမီက မြန်မာရဲချုပ် ဗိုလ်ချုပ်ခင်ရီဦးဆောင်ရှင်းလင်းခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တစ်စွန်း တစ်စမျှ ဖော်ထုတ်ပြောကြားနိုင်ခြင်း မရှိခဲ့သည်မှာ အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။

ယင်းဗုံးခွဲမှုဖြစ်စဉ်သည် ယခုနှစ်အတွင်း မြန်မာစစ်အစိုးရကို မလိုလားသဖြင့် ဆက်တိုက် ဖြစ် ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအနက် ဖောက်ခွဲရေးပိုင်းဆိုင်ရာ အဆင့်မမြင့် သည့်တိုင် အထူးခြားဆုံး တိုက်လိုက်မှုတစ်ခုဟု အများက ထင်မြင်ယူဆခဲ့ကြသည်။မြန်မာ နိုင်ငံတွင် ပထမဆုံးဖြစ်ပွားသော အသေခံဗုံးခွဲမှု ဖြစ်နိုင်သည်ဟု မှတ်ယူသူများလည်း ရှိ ကြသည်။

စစ်တပ်နှင့်ရဲ ပူးပေါင်းကာ ထိုဗုံးခွဲမှုကို ဖော်ထုတ်နိုင်ရန်ကြိုးစားခဲ့သော်လည်း ယခုအချိန် အထိ ရေရာသောအဖြေ ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် ပူးတွဲပါပုံများကို ကြည့်၍ စာဖတ် ပရိသတ်အနေဖြင့်လည်း လွတ်လပ်စွာ စဉ်းစားအဖြေထုတ်ကြည့်နိုင်ပါသည်။

ယခုလတ်တလောကြားသိရသော သတင်းတချို့အရ အသေခံဗုံးခွဲသမား အဖွဲ့တစ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံအတွင်းသို့ လက်နက်ကရိယာ အစုံအလင်ဖြင့် ရောက်ရှိ နေပြီဟု ဆိုသည်။ယခုအကြိမ်တွင် အရပ်သားပစ်မှတ်များထက် ပိုမိုထိရောက်သော စစ်အစိုး ရပစ်မှတ်များကို ဦးတည်တိုက်ခိုက်ရန် အများစုက လိုလားနေကြသည်။

မည်သို့ပင်ဖြစ်စေ လွိုင်ကော် ဗုံးခွဲမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများသည် စစ်အာဏာရူးများ အတွက် သွေးပျက်ခြောက်ခြားဖွယ် ဖြစ်ခဲ့ရသည်။နောင်အနာဂတ်တွင်လည်း ထိုမျှမကသော သွေးပျက်ဖွယ်ဖြစ်ရပ်များ ကြုံကြရဦးမည်ဟု ဆိုကြသဖြင့် မြန်မာ့လူထုလုံခြုံရေးအတွက် စိတ် မအေးဖွယ်ပင်ဖြစ်သည်။

4 comments

  • kyawgyi

    May 11, 2010 at 4:03 am

    ဗုံး ဆိုရင် အသံတောင်မကြားချင်တော့ ပါဘူးဗျာ .. နောက်လာအုံး မယ်ဆိုရင်တော .. အမယ်မင်းးးး ရယ်

    Reply

  • day day

    May 11, 2010 at 4:23 am

    ဒို့များကြားတာကတော့အဲဒီလူကိုဘိန်းမှုနဲ့ဖမ်းလာတာဆို။
    စစ်အာဏာရူးတွေကသွေးမပျက်ဘူး။သူတို့နဲ့အဝေးကြီးကို။

    Reply

  • pyi thu

    May 12, 2010 at 4:00 pm

    လုပ်ချင်ရင် ဒီကောင်တွေကို ထိရောက်အောင်လုပ်ပေးပါ
    ပြည်သူတွေကို မထိခိုက်စေပါနဲ့

    Reply

  • fatty poak

    October 16, 2010 at 6:29 pm

    စိတ်ရှုပ်တယ်ကွာ………ဘာမှမဆိုင်ပဲနဲ့……ကြားကပြည်သူတွေထိတယ်…..လုပ်ချင်ရင်….ဟုတ်အောင်လုပ်စမ်းပါကွာ…။

    Reply

Leave a Reply

Your email address will not be published.