တစ်ပါတ်စာ..အမောပြေဟာသ။။

(၁) ရွေးချယ်မှု
(၂) ပီတာလေးနဲ့ သန်း
(၃) ဆရာ့ညွှန်ကြားချက်
(၄) ပြီးမှပေါ့
(၅) ဆရာမနဲ့ရွှေအ
(၆) စိတ်ရှည်ဖို့လိုတယ်
(၇) ဘယ်လောက်ချစ်လဲ
(၈) ဒါဆိုအိုကေ
(၉) ‘ပီတာလေး’ နဲ့ ‘မေမေ့အကျႌ’
(၁၀) ပြဘို့
***********************************************************************************
(၁) ရွေးချယ်မှု

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
” ရွှေ နဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”
” ရွှေကို ယူမှာပေ့ါ ”
” ဆရာကတော့ အသိဉာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”
” သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”
**************************************************************************************
(၂) ပီတာလေးနဲ့ သန်း

ပီတာလေးတို့ကို ဆရာမက တိရိစာ္ဆန်များအကြောင်းဖတ်ခဲ​့ရန် အိမ်စာပေးလိုက်သည်။
ပီတာလေးလဲ ပျင်းသဖြင့် “သန်း”အကြောင်းတစ်မျိုးသာ ဖတ်သွားသည်။
နောက်နေ့ကျောင်းရောက်သော် ဆရာမကပီတာ့ကိုမေးသည်။
“ကဲပီတာ ဆရာမကို ခြင်္သေ့အကြောင်း ပြောစမ်း”
“ခြင်္သေ့ဆိုတာ အမွှေးရှိတယ်။ အမွှေးရှိရင် သန်းရှိမှာပဲ။ သန်းဆိုတာကတော့…..” ဆိုပြီး
ပီတာလဲ သူရသော သန်းအကြောင်းကို ဆက်ဆိုသွားသည်။
ဆရာမလဲ နည်းနည်းအချဉ်ပေါက်သွားသဖြင​့် ပီတာ့ကို မလွှတ်သေးပဲ ထပ်မေးသည်။
“ဒါဆိုလဲ ကြွက်အကြောင်း ပြောစမ်းပါဦး ဉာဏ်ကြီးရှင်ရယ်”
“ကြွက်ဆိုတာ အမွှေးရှိတယ်။ အမွှေးရှိရင် သန်းရှိမှာပဲ။ သန်းဆိုတာကတော့…..”
ဆရာမလဲ အထာပေါက်သွားသည်။ ဒီကလေးကို အမွှေးပါတဲ့ အကောင်အကြောင်း မေးလို့မဖြစ်။
သို့နှင့် “ကဲ ဒီလောက်ရှိလှတာ ဆရာမကို ငါးအကြောင်းပြောစမ်း”
“ငါးဆိုတာ အမွှေးမရှိဘူး။ ဒါပေမယ့် အမွှေးသာရှိခဲ့ရင်တော့ သန်းရှိမှာပဲ။ သန်းဆိုတာကတော့…..”
***************************************************************************************
(၃) ဆရာ့ညွှန်ကြားချက်*

” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ “
” ဟုတ်ကဲ့ဆရာ “
” ဘယ်လိုနေလဲကွ “
” ဘယ်လိုမှ မနေဘူးဆရာ “
” အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် ”
***************************************************************************************
(၄) ပြီးမှပေါ့

လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်…
လူငယ်။ ။ ဦးရဲ့သမီးနဲ့ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြပါပြီ ကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်…
ဖခင်။ ။ မင်းအရက်သောက်တတ်သလား?
လူငယ်။ ။ ဟာ…နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး ပြီးမှသောက်ကြတာပေါ့…
****************************************************************************************
(၅) ဆရာမနဲ့ရွှေအ

နယ်က မူလတန်းကျောင်းတွင်ဆရာမက ကျောင်းသားရွှေအကိုမေးခွန်းတစ်ခုမေးသည် ။

ဆရာမ  –   “ ၁ နဲ့ ၂ ပေါင်းရင် ဘာဖြစ်သလဲ ရွှေအ ”

ရွှေအ    –   “ ရောသွားပါတယ် ဆရာမ ”
*****************************************************************************************
(၆) စိတ်ရှည်ဖို့လိုတယ်

ခင်ပွန်း    –  “ အဲဒီခွေး ၊ မင်းစကားနားထောင်အောင်လုပ်ဖို့ အောင်မြင်မယ် မထင်ဘူးကွာ ”

ဇနီး        –  “ အဓိပါယ်မရှိလိုက်တာ ၊ စိတ်ရှည်ဖို့သာ အဓိကရှင့် ၊

ရှင့်တုန်းကလည်း အစတော့ကျွန်မ ဒုက္ခအများကြီးကြုံခဲ့ရတာပါပဲ ။ ”
*****************************************************************************************
(၇) ဘယ်လောက်ချစ်လဲ

ယောကျာင်္းလေး –  “ ကိုယ့်ကိုချစ်လားဟင် ”

မိန်းကလေး      –  “ ချစ်တာပေါ့ ”

ယောကျာင်္းလေး –  “ ဘယ်လောက်ချစ်လဲ ? ”

မိန်းခလေး       –   “ အရင်လူတွေထက်ပိုချစ်တယ် ”
******************************************************************************************
(၈) ဒါဆိုအိုကေ

ရှေ့နေ စာမေးပွဲအောင်ပြီးခါစသူငယ်တစ်ဦးဟာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ဖို့
လာရောက်လျှောက်ထားခဲ့ပါတယ်။

အင်တာဗျူးမှာ လုပ်ငန်းရှင်က ခုလိုမေးခွန်းထုတ်ပါတယ် ။

“ မင်း သိရှိနားမလည်မှု မရှိသေးတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီးအမှုသည်က
လာရောက်ဆွေးနွေးလာရင် မင်း ဘယ်လို လုပ်မလဲ ပြောစမ်း ”
“ ကျွန်တော် စရံငွေအဖြစ် ငွေတစ်သာင်းခွဲလောက် အရင်တောင်းမယ် ပြီးတော့ နောက်နေ့လာဖို့ ချိန်းလိုက်မယ် ”

“ အိုကေ မင်းကို အလုပ်ခန့်လိုက်ပြီ ”
*********************************************************************************************

(၉) ‘ပီတာလေး’ နဲ့ ‘မေမေ့အကျႌ’

ပီတာလေး ကျောင်းကပြန်လာသောအခါ ဆရာမဆီက တိုင်စာပါလာသည်။
“ပီတာလေးဟာ ယောက်ျားလေးနဲ့ မိန်းကလေး မခွဲခြားနိုင်ဘူးဖြစ်နေတယ်။
အိမ်ပြန်ရောက်ရင် သူနဲ့ စကားထိုင်ပြောပြီး သေသေချာချာရှင်းပြလိုက်ပါ။”
သို့နှင့် ပီတာလေးအမေလဲ ပီတာလေးကို သူမအိပ်ခန်းထဲသို့ခေါ်သွားပြီး တံခါးကိုပိတ်လိုက်သည်။
“ကဲပီတာ၊ ငါ့အကျႌကို ချွတ်လိုက်စမ်း”
ပီတာလဲ အမေ့အကျႌကို ကြယ်သီးဖြုတ်ကာ ချွတ်လိုက်သည်။
“ကောင်းပြီ၊ အခု ငါ့စကတ်ကို ချွတ်လိုက်”
ပီတာလဲ ချွတ်လိုက်သည်။
“ကိုင်း၊ အခု ငါ့ bra ကို ချွတ်လိုက်”
ပီတာလဲ ခိုင်းသည့်အတိုင်းလုပ်လိုက်သည်။
“ကဲ နောက်ဆုံး ငါ့ panties ကို ချွတ်လိုက်စမ်း”
ပီတာချွတ်ပြီးသည့်နောက် အမေကပြောသည်မှာ
“ပီတာ! ငါ့အဝတ်တွေကို ကျောင်းကိုယူမဝတ်သွားပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ”

ခင်ဗျားတို့က ဘာတွေလျှောက်တွေးနေကြတာလဲ?
****************************************************************************************
(၁၀) ပြဘို့

လူနာတစ်ယောက် ဆေးရုံတက်နေစဉ် တာဝန်ကျဆရာမက ဆေးတိုက်ရန်လာသည့် အချိန်ဖြစ်သည်…
ဆရာမ။ ။ကဲ..ဆေးသောက်ရမယ့် အချိန်ရောက်ပြီ…
လူနာ။ ။ဟာ…ဆရာမ ဆေးသောက်ပြီးပြီလေ
ဆရာမ။ ။ဘယ်တုန်းက ကျွန်မဆေးတိုက်လို့လဲ?
လူနာ။ ။ဒီစားပွဲပေါ်မှာ ဆရာမပဲတင်ထားခဲ့တာလေ အဲဒီ့ဆေးလုံးတွေ ကျွန်တော်အားလုံးသောက်လိုက်ပြီ…
ဆရာမ။ ။ဟာ..အဲဒါဆေးမဟုတ်ဘူး မနေ့ကမှရှင့်ရဲ့ ကျောက်ကပ်ထဲကခွဲထုတ်ထားတဲ့ ကျောက်ခဲတွေ
ရှင်သတိရလာရင် ပြရအောင်ဆိုပြီးသိမ်းထားတာ…

******************************************************************************************

13 comments

  • Mee2

    August 13, 2011 at 11:33 am

    မိန်းကလေး      –  “ ချစ်တာပေါ့ ”
    ယောကျာင်္းလေး –  “ ဘယ်လောက်ချစ်လဲ ? ”
    မိန်းခလေး       –   “ အရင်လူတွေထက်ပိုချစ်တယ် ”
    **************************************(သေရောဟ. မှတ်ထားမှပါ ဟိ ဟိ)

    Reply

    • pan pan

      August 15, 2011 at 11:36 am

      နံပါတ်(၈)ခေါင်းစဉ်
      ဒါဆိုအိုကေနဲ့ တွဲဖတ်မိသွားတယ် 😀

      Reply

  • aungnng87

    August 13, 2011 at 12:13 pm

    ရီရတယ်။အဟိ…။

    Reply

  • zawthulay

    August 13, 2011 at 3:24 pm

    ရီရတယ်နော်… နောက်ထပ်ရှိရင် ထပ်တင်ပေးပါဦး.. ဗျိုး

    Reply

  • moethidasoe

    August 13, 2011 at 4:45 pm

    (၉) ဘာမှ လျှောက်မတွေးမိပေမယ့်လဲ အဲ …………………..
    (၁၀) ဒါ့ကြောင့်ထင်ပါတယ် .. နဲနဲ မာနေသလားလို့

    Reply

  • cobra

    August 13, 2011 at 5:11 pm

    တကယ်ကျးဇူးတင်ပါတယ်။
    စိတ်ညစ်နေတဲ့အချိန်ဒါလေးတွေဖတ်ရလို့…..။

    Reply

  • MaMa

    August 13, 2011 at 5:48 pm

    ခေါင်းစဉ်ကို နံပါတ် ဒါမှမဟုတ် နေ့စွဲ တပ်ပေးပါလား။ ဒါမှ အသစ်တင်ရင် သိရအောင်လို့။ မဟုတ်ရင် ခေါင်းစဉ်တူနေတော့ အသစ်မှန်းမသိ၊ အဟောင်းမှန်းမသိ။

    Reply

  • thit min

    August 13, 2011 at 6:06 pm

    Yes, I agree to Ma Ma about it. I also open many times same posts and this happening itself makes me laugh.

    Reply

  • naynaykyaw

    August 13, 2011 at 6:11 pm

    ညီမကအမောပြေဟာသတွေဆိုထိပ်ဆုံးကဖတ်တတ်တယ် ကျေးဇူးပဲနော်

    Reply

  • windtalker

    August 13, 2011 at 8:38 pm

    အားရပါးရ ရယ်သွားပါတယ်နော်
    ကိုဘီလူး

    Reply

  • doekalay

    August 15, 2011 at 2:40 pm

    ရယ်ရတယ်ဗျ။ထပ်တင်ပေးပါအုံး

    Reply

  • kyaw naynay

    November 19, 2011 at 5:49 pm

    9။ တွေးအောင်လုပ်ထားပြီးတော့
    10။သေရော

    Reply

  • pasi

    November 25, 2011 at 4:13 pm

    ဟိဟိ

    Reply

Leave a Reply

Your email address will not be published.