ကမ္ဘာ့ဘယ်သန်များနေ ့

ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏

ရှေးခေတ်ဟောင်း ကာလတုန်းက ဘယ်သန်ဆိုရင် ရာဇဝတ်မှု ငြိစွန်းတတ်သူတွေ၊ မကောင်းဆိုးဝါးနဲ့ ဆက်စပ် စကားပြောနိုင်သူတွေလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း အဲဒီအယူအဆကို ဒီကနေ့ခေတ်သစ်မှာ သိပ်ပြီး လက်မခံကြတော့ဘူး။ ဘယ်သန် တွေရဲ့ ဘာသာစကား နားလည် အကင်းပါမှုနဲ့ ပတ်သက်ပြီး ဦးနှောက်ရဲ့ ဘယ်ဖက်ပိုင်းက ပိုအားသန် ပိုမိုအားသန် လွှမ်းမိုးနေတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အချို့ ဘယ်သန် တွေမှာလည်း ဦးနှောက် ညာဖက်ခြမ်း လွှမ်းမိုးတာလည်း ရှိပြန်ပါတယ်။

၂၀၀ရ ခုနှစ်တုန်းက ပညာရှင်တွေရဲ့ လေ့လာချက်အရ LRRTM-1 ဆိုတဲ့ ဗီဇမျိုးစေ့က ဘယ်သန် ဖြစ်လာရခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရတယ်။ ဒီသတင်းကို ကျွန်မအပါဝင် လူတွေ စိတ်ဝင်စားခဲ့ကြသည် ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ဗီဇမျိုးစေ့ကို စိတ်ကစဉ့်ကလျား ရောဂါသည်တွေ ဆီမှာလည်းရှိနေတာတွေ ့ရပါသည် ၊ ဒါပေမယ့်ဒါဟာလည်းလေ ့လာဆဲ ပါဘဲ….၊

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဖြစ်ခဲ့ကြတဲ့ လူ ရ ယောက်မှာ ၄ ယောက်ဟာ ဘယ်သန်တွေဆိုတာ တွေ့ရတယ်။ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်တဲ့ ဂျယ်ရယ်ဖို့၊ ဂျော့ဘုရှ်(အကြီး)၊ ဘီလ်ကလင်တန်နဲ့ လက်ရှိ သမ္မတ ဘာရက်အိုဘားမားတို့ကို ဘယ်သန်တွေအဖြစ်နဲ့ တွေ့ရသည်။ သမ္မတရီဂန်ကတော့ ဘယ်ရော၊ ညာပါ နှစ်ဖက်စလုံးရတဲ့ တစ်ယောက် ဖြစ်ပါတယ်။ နောက်တစ်ယောက် ဂေဇတ်မှာ ရှိတာ မသိသေးတာလည်း ပါမည်။

ကမ္ဘာ မှာညာသန်တဲ့သူက ၉ဝ ရာခိုင်နှုန်းလောက်ရှိပြီး ဘယ်သန်တဲ့သူက ၁ဝ ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ အချိုးအစားတွေနဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇ ပညာရှင်တွေက ဘာကြောင့် အဲဒီလို ဖြစ်ရသလဲဆိုတဲ့ အဖြေသိရဖို့ အခုမှ စတင် လေ့လာ စူးစမ်းနေဆဲ ပင်ဖြစ်သည်၊ လူတွေမှာ အပေါ်လွင်ဆုံး အချိုးမညီတဲ့ ပုံစံကို သိသာစွာ မြင်နိုင်တာက ဘယ်သန်နဲ့ ညာသန်ဆိုတဲ ့အပြုမူဘဲ ဖြစ်ပါသည်၊

ငယ်ငယ်က ဘယ်သန် ဘဝကတော့ ရန်ခဏခဏ ဖြစ်ရတာ မှတ်မိသည် ။အခန်းထဲ ဘယ်သန်ဖြစ်သော ကြောင့် ကျောင်းစ တက်သောအခါ ဘယ်လက်နှင့် စာရေး၏။ တစ်တန်းထဲတွင် အတူတူ ထိုင်ရသော၊ ဘယ်ဘက်ရှိ ကျောင်းသူ သည် ညာလက်ဖြင့်စာရေး၏။ ဘယ်လက်နှင့် ကျောင်းသူ၏ ညာဘက်သည် တံတောင်ဆစ်တို ့ ခဏခဏ စာရေးတိုင်း တိုက်မိသည်။ ထိပ်တိုက်တွေ့ပြီးနောက် ရန်ဖြစ်ဖူးသည်ကိုသတိတယရှိမိသည်။

အမေ က နေရာ ထောင့်စွန်း တစ်ဘက်ဘက် ပြောင်းပေးရန် တောင်းဆိုသောအခါ ဆရာမက ချစ်ခင်စွာ ဆက်လက် ပေါင်းသင်းရန် ရည်ရွယ်လျက် နေရာပြောင်းမပေးနိုင် ဟုဆိုသည် ၊ဆရာမကလည်း အလွန်ပင် ကလေးစရိုက် နားမလည်စွာ ရန်ဖြစ်တိုင်း အတူပင်ထားသည်၊။
ထိုပြသနာကိုအမေကပင် ဖြေရှင်းပေးခဲ ့သည်..နောက်နေ့မှစပြီး.. စာရေးခြင်းနှင့် ထမင်းစားခြင်းအား ညာလက် ကို လုပ်စေလျက်၊ ကျန်သည့် ကိစ္စမှန်သမျှကို ဘယ်လက်ဖြင့် လုပ်စေတော့သည်။

အတော်တန် အရွယ်ရောက်တော့..ဘယ်-ညာနှစ်ခုလုံးလုပ်တတ်လာသည်။ ကိုးတန်းရောက်သောအခါ ပိုပြီးနားလည်သွားသည်..အလုပ်ခွဲခြားလုပ်ကိုင်ခြင်း Division of Labour ဟူသော သဘောတရားကို ကောင်းကောင်း အသုံးချတတ်သွားသည်၊ ငယ်စဉ်ကာလက အတန်းရှေ ့ခဏခဏထွက်စာရေးရသည် ၊သချာင်္တွက်ခိုင်းလျှင်ပိုအဆင်ပြေသည်..။လက်တဘက်က ပုံဆွဲ ပြီး..တဘက်က ပေးချက် ၊ ပြရန်ရေးနိုင်သည်။
(မှတ်ချက်-ကြွားမပြောပါ)

လက်ရေးလှခြင်းကြောင့်လား၊ ဆရာအနားယူချင်တာကြောင့်လားခွဲ ခြားမသိပါ။ သို ့သော်ပြသနာမရှိပါ…။နောက်ပိုင်းတွင် အတန်းရှေ ့ထွက် မော်နီတာ ဖြစ်လာသည်။ ကိုယ့်ကိုကိုယ် ရဲ ဝံ့သူဟုပင်ထင်မိသည်…ဘယ်သန်ဖြစ်လို ့တခါမှစိတ် မပျက်ဘူးပါ..။ သူတကာ ထက်ထူးခြားသူဟုပင် ကြံဖန် ဂုဏ်ယူမိသည်..။ ဖတ်မိဖူးသော စာတစ်စောင်တွင် ဘယ်သန်များသည် ဉာဏ်ပိုကြီးကြောင်းဖတ်ရသောအခါ…မျက်နှာမထားတတ်အောင်ဖြစ်ဘူးသည်(ချွင်းချက်…စက်ချုပ်ဆိုင်မှ ဘယ်ဖုံး ညာဖုံး မှားချုပ်တိုင်းတော့ ဒေါ်သ အလွန်ထွက်ဘူးသည်)

ထို ့အတူ ကမ္ဘာကျော် ဘယ်သန်ကြီးများ ကိုလည်းဒီပိုစ် ့နဲ ့ထပ်လောင်းဂုဏ်ပြုသည်။
(စာရင်းကကျော်ခေါင်ပြုစုတာပါ)

၀။ Bo kyaw (ဂီတ)

၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)

၂။ အိုင်စတိုင်း

၃။ ဘေသိုဗင်

၄။ ဘင်ဂျမင်ဖရန်ကလင်

၅။ ဂျူးလီယက်ဆီဇာ

၆။ လီယိုနာဒို ဒါဗင်ချီ

၇။ မက်တွိုင်း

၈။ မိုက်ကယ်အိန်ဂျလို

၉။ နပိုလီယန် ဘိုနာပတ်

၁၀။ ဘတ်ဘလို ပီကာဆို

၁၁။ ဝိတိုရိယ ဘုရင်မကြီး

၁၂။ စီလင်ဒီယွန်း(ဂီတ)

၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)

၁၄။ ဂျင်မီဟင်းဒရစ်

၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)

၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)

၁၇။ အန်တိုနီပါကင်း

၁၈။ ဘရုစ်လီ

၁၉။ ကာရိုးဘားနတ်

၂၀။ ဒန်နီကာရေး

၂၁။ တွမ်ခရု“

၂၂။ ကီးနူးရိဗ်

၂၃။ မော်ဂန် ဖရီးမင်း

၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား

၂၅။ မာရီလင်မွန်ရိုး

၂၇။ အိဗာသွန်ပဆန်

၂၈။ ဂျက်ဆန် အလက်ဇန္ဒြား

၂၉။ ဂျင်ကဲရင်း

၃၀။ ဂျူလီယာရောဘတ်

၃၁။ လုပယ်ရီ

၃၂။ နီကိုကစ်ဒ်မင်း

၃၃။ အော်ပရာဝင်းဖရေး

၃၄။ ပီလီ(ဘောလုံး)

၃၅။ လာရီဘတ်

၃၆။ ဘေးလ်ဝယ်တန်

၃၇။ ဂျင်မီကော်နာစ်

၃၈။ ဂျိမ်းစ် ဂါဖီးလ်

၃၉။ အားဘတ်ဟုူးမား

၄၀။ ဟယ်ရီအက်စ် ထရူးမင်း

၄၁။ ဂါးရက်စ်ဖို့ဒ်မင်း

၄၂။ ရော်နယ်လ်ရေဂင်

၄၃။ ဂျော့ဘုချ်

၄၅။ ဘီးလ် ကလင်တန်

၄၆။ ရာဇာနေဝင်း(ပြည်တွင်းဖြစ်)

၄၇။ အိန္ဒြာကျော်ဇင်( ။ )

၄၈။ သီဟတင်စိုး ( ။ )

၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအယ်ဒီတာ)

၅၀။ရွှေအိမ်စည်(ဂေဇတ်)(ဘယ်ညာဖြင့်ကွန်ပြူတာရိုက်သည်)

မည်သို ့ပင်ဆိုပါစေ…ကျွန်မနဲ ့ဘဝတူဘယ်သန်များနေ ့ရောက်ရင်တော့ အသိတယဂုဏ်ပြုအမှတ်တယတင်ဆက်သည်။ သို ့သော်မည်သူတီထွင်ခဲ ့သည်မသိပါ..။ကျော်ခေါင်ပြောခြင်းကြောင့်ရေးပါသည်။ ။

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

နှစ်သက်ပါကစာရေးသူအမည်ထိကူးပြီးဝေဌယူနိုင်သည်..။

26 comments

  • etone

    August 13, 2011 at 11:04 am

    ဘယ်သံတွေကို ဆောက်ပေါလ် လို့ ခေါ်တယ်နော် ဟီးဟီး .. တညိုးကြီးပဲနော် မြန်မာစာအနေနဲ့ ဖတ်လျှင် … 😛

    Reply

  • Mee2

    August 13, 2011 at 11:45 am

    တကယ်လားမမ အိတုံ။မသိလို ့ပါနော် စာလုံးပေါင်းလေးပေါင်းပေးပါလား။ရွှေအိမ်စည်ကဘယ်ရောညာပါ ကွန်ပြ ူတာရိုက်နေတော့ ဆောက်ပေါလ်ဘဲပေါ့ ဟီး ဟီး

    Reply

    • Foreign Resident

      August 13, 2011 at 12:25 pm

      Southpaw ( left handed )
      Paw = animal hand/foot

      Reply

  • kai

    August 13, 2011 at 11:53 am

    မန္တလေးဂေဇက်ပုံနှိပ်သတင်းစာ အယ်ဒီတာချုပ် – (ဘယ်သန်)
    မန္တလေးဂေဇက်ဝက်ဘ်ဆိုက် အက်ဒ်မင်(သူကြီး) – (ညာသန်)
    ဆိုတော့.. ကျုပ်ကလည်း (ဘယ်ညာသန်)ပါနော…။ 🙂

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2011 at 12:10 pm

    ငယ်ငယ်တုန်းက ဘယ်ကျော်ဘော်ဒါတွေဆို
    ဘယ်ကျော်ဆိုပြီးကို ကင်ပွန်းတပ်ခေါ်ကြတာဘဲ
    နောက်ပြီးဘာတဲ့
    ဘယ်ကျော်ဖင်နှိုက် ဆိုပြီး နောက်ကြတာလည်းရှိသေးတယ်

    Reply

  • ရွှေအိမ်စည်

    August 13, 2011 at 12:16 pm

    ဟာဗျာ..ပြည်ထောင်စုမယ်..ခင်သန်းနုလည်းဘယ်သန်ကျန်ခဲ ့တယ်….
    ငါနဲ ့တူတဲ ့ဘက်တော်သားတွေ ကပညာ..ရှိတွေဘဲ..ဟေးဟေးးးးးးးးးးး
    အခုကွန်ပြူတာရိုက်တဲ ့Mee2 လည်းဆောက်ပေါလ်ဘဲလေ..ဟားဟား…

    ဘယ်စာမှာပါလည်းမသိပါဘူး

    Reply

  • Mee2

    August 13, 2011 at 12:22 pm

    ဟိ ဟိ ဟုတ်သားဘဲ။စိတ်မဆိုးပါနဲ ့ရွှေအိမ်စည်ရယ်နော်. မသိလို ့မေးမိတာပါ။မလိမ္မာ ဆယ်ခါမိုက်ပေမို ့ခွင့်လွှတ်ပေးစေချင်ပါတယ် 😉

    Reply

  • windtalker

    August 13, 2011 at 12:29 pm

    ဘမျိုး
    ဘိုးတူ
    ဘယ်သန်
    ဘိုရွှေအိမ်စည် အတွက်
    ယနေ ့ကျရောက်သော
    ကမ္ဘာ့ ဘယ်သန် များနေ ့မှ စပြီး
    နောင် နှစ်ပေါင်း ၁၀ဝ တိုင်
    ဂေဇက် အကျိုး
    တိုင်းပြည် အကျိုး
    ကမ္ဘာ့အကျိုး
    သယ်ပိုး ဆောင်ရွက်နိုင်သော
    ဘယ်ကျော် ကြီး တစ်ယောက် ဖြစ်လာပါစေ လို ့
    ဘော်မကျဲ တဲ့
    ညော်ကျာ လေး
    မောင်ပေ မှ
    ဆုတောင်း မေတ္တာ ပို ့သလိုက်ပါကြောင်း ။

    Reply

  • aungnng87

    August 13, 2011 at 12:30 pm

    သူကလည်းဘယ်သန်ဘဲတဲ့။

    Reply

  • ရွှေအိမ်စည်

    August 13, 2011 at 12:37 pm

    windtalker

    အားရှိလိုက်တာဗျာ……
    ဒီစာတစ်သောင်ကြောင့်အားရှိတယ်ဗျာ…..
    ဘဝတူမလို ့……………

    ပေးတဲ ့ဆုနဲ ့ပြည့်အောင်…ဆောင်ရွက်ပါမည်ဗျား……….

    ကျနော်က..ရွာပြင်မှာဘဲ…အဖွဲ ့တွေလုပ်ပေးတာ..ပျော်အောင်လို ့ပါ….
    ဒီထဲ မှာရသတွေ အမျိုးမျိုးပေးတဲ ့နေရာမရှိလို ့……….

    ကျနော်မျက်စိနောက်မှာကြောက်နေတာပါ…

    Reply

  • ဆူး

    August 13, 2011 at 2:37 pm

    ကွန်ပြူတာကို ဘယ်ကော ညာကော နှစ်ဘက်လုံးနဲ့တော့ ရိုက်တာပဲ.. စာတော့ ညာလက်နဲ့ ရေးတယ်။
    အလုပ်တော်တော် များများ ဘယ်နဲ့ လုပ်နိုင်အောင် ကျင့်တယ်။
    ငယ်ငယ်က ၃တန်း တုန်းက တခါ ၄တန်း တုန်းက တခါ ညာလက် ကျိုးလို့ ၁လလောက် အသုံးမပြုခဲ့ရဘူး။
    အဲဒီ ကတည်းက ညာလက် မကောင်းရင် ဘယ်ကို အသုံးချ နိုင်အောင် တမင်ကို လေ့ကျင့်ပြီး ခိုင်းပေးတယ်။ ဥပမာ ဘစ်ကား စီးရင် ဘယ်နဲ့ လက်ကို တန်းဆွဲထားပြီးလည်း ရပ်နိုင်အောင် ကျင့်တယ်။ ကြက်တောင်ရိုက်ရင် ဘယ်လက်နဲ့ ရိုက်တတ်အောင် ကျင့်တယ်။
    မနေ့ကတော့ လက်မအားလို့ ဘယ်လက်နဲ့ အိမ်သော့ကို အိမ်ထဲ ပစ်သွင်းလိုက်တာ အိမ်ခေါင်းမိုးပေါ်တက်သွားတယ်။ ဟိဟိ..

    Reply

  • MaMa

    August 13, 2011 at 5:43 pm

    ကမာ္ဘကျော် နိုင်ငံကျော် ဘယ်သန်တွေကိုချည်း ရေးသွားလို့ တော်သေးတယ်။ နာမည်ကြီးတဲ့ ညာသန်တွေရေးရင် ငါ့နာမည် ပါသွားမှာ ကြောက်နေတာ။ 😉

    Reply

  • ရွှေအိမ်စည်

    August 13, 2011 at 5:54 pm

    အမလေးမမရယ်…မရေးဘူးစိတ်ချ..။

    ကမာ္ဘကျော် နိုင်ငံကျော် ဘယ်သန်တွေကိုချည်းရေးရတာ.
    .ဩဂုတ်လ၁၃ရက်နေ ့မလို ့ပါ..ကြုံတုံး…
    ဗဟုသုတလေးပေးတာပါဗျာ……

    .ဘယ်ကျော်သာ..သူနဲ ့တူရာဘဲစုတတ်တာ…
    ဟိဟိ…ကမာ္ဘပေါ်မှာ..ကိုယ့်လို ဘယ်ကျော်တွေ အတွက်အားပေးစာလေးပါ…

    Reply

  • 007James

    August 13, 2011 at 8:20 pm

    ၅၁။ 007James

    Reply

    • ရွှေအိမ်စည်

      August 13, 2011 at 9:53 pm

      အော်..နောက်တစ်နှစ်ရေးရင်..နင့်နာမည်လည်းထဲ ့ပေးမယ်နော်..စောင့်ဖတ်နော်

      Reply

  • hmee

    August 13, 2011 at 8:31 pm

    ညီမအငယ်ဆုံးလေးက ဘယ်ကျော်မို့ ကျောင်းစတက်တိုင်း ပြသနာ လိုက်ရှင်းပေးရတယ်။ သူက ခုံရဲ့ ဘယ်ဘက်အစွန်မှာ ထိုင်မှ အဆင်ပြေတာမို့လေ။ စာရေးရင် ညာသန်တတောင်နဲ့ သူ့တတောင် တိုက်မိလို့ ရေးမရဘူး။ ဘယ်ကျော်တွေ မကောင်းကြောင်း စတိုင်း စိတ်ဆိုးပြီး ကမ္ဘာကျော် ဘယ်သန်တွေ ရွတ်တော့တာပဲ။ ရွှေအိမ်စည်ပြောမှ သူ့ကိုပြေးမြင်မိတယ်။

    Reply

  • nigimi77

    August 13, 2011 at 9:39 pm

    အဟမ်း။

    ကျုပ်လဲ ဘယ်သန် စစ်စစ်ပဲ။ အဆိုတော် ဇော်ဝင်းထွဋ် နဲ ့ငယ်ငယ်ကတွေ ့တော့ ပြောဖူးတယ်။

    ခင်ဗျား ဘယ်သန်ဆိုကြီးပွားဦးမယ်တဲ့။ သူလဲ ဘယ်သန်ပဲလေ။ ဟုတ်မဟုတ်တော့ မသိဘူး။

    လောလောဆယ်တော့ ၁၀၉/၁၁ဝ လုပ်နေတယ်။ 🙂

    Reply

  • ရွှေအိမ်စည်

    August 13, 2011 at 9:52 pm

    လူတိုင်းမလုပ်နိုင်တာလုပ်နေရတာကိုကကြီးပွားနေတာဘဲလေ…
    ဒါတော့ကြီးပွားတာမကြီးပွားတာထက်
    ထမင်းကိုအေးအေးလူလူစားနေရတာကိုကဘဲစိတ်ချမ်သာစရာပါ..။

    ကျနော်ကတော့အဲ ့ဒိအယောက်၄၉ယောက်လုံးအလွတ်ကိုမှတ်ထားတာ…..
    1 to 49ထါတစ်ယောက်မှအပေအတေမပါဘူး….
    ဟော..50လေးဆို….စိတ်ထားကောင်းပါဗျား

    Reply

  • bigbird

    August 13, 2011 at 11:07 pm

    ကျနော်တို့အဖေအမေ မောင်နှမတွေအားလုံး ညာသန်တွေပါ။ တူတွေတူမတွေအားလုံးလဲ ညာသန်တွေပါပဲ။

    ယောက်ဖတစ်ယောက်က ဘယ်သန်ပါ။ အဲ့ဒီ ကျနော့်အမ မှာ ကလေး၃ ယောက်ရှိတယ်။
    တစ်ယောက်က မွေးလာတော့ ဘယ်သန်ချင်တယ်။ သူ့အမေက ဘယ်လက်နဲ့ကိုင်ရင် ရိုက်တော့ အခု ညာသန်ဖြစ်သွားပါပြီး။

    မရီးတစ်ယောက်က ဘယ်သန်ပါ။ ကျနော့်တူလေးမွေးတော့ ညာသန်ပါ ။ မရီးဖြစ်သူက သူ့နဲ့တူအောင်ဆိုပြီး ကလေးက ညာနဲ့ကိုင်ဖို့ကြိုးစားတိုင်း ရိုက်ခံရတော့ သူ့ခမျာ အခုတော့ ဘယ်သန်လေးဖြစ်သွားရှာပြီး။
    (အားလုံးဟာ အမှန်တစ်ကယ် ကျနော့်ကိုယ်တွေ့ပါ )

    ကျနော်ဘာကိုဆိုလိုတာလဲဆိုတာ ..သိသာပါတယ်။

    ကျနော်တို့လက်ရှိအလုပ်က ရင်ဘက်လောက်ရှိတဲ့ပုံးတွေကို အလုပ်သိမ်းချိန်မှာ အလုပ်သမားတွေအားလုံး တန်းစီပြီးလှိမ့်ကြရပါ
    တယ်။ ပုံးတွေကို 85 ံ လောက် ထောင်ရပ် ခပ်စောင်းစောင်းလေး လှိမ့်ရပါတယ်။ တစ်ယောက်ကိုတစ်ယောက်လက်ဆင့်ကမ်း လှိမ့်ပေးကြရတာပါ။
    ဘယ်ကျော်တစ်ယောက်ပါနေတာ အနောက်ဆုံးမှာ သွားထားရပါတယ်။ အလယ်မှာ လုံးဝ ထားလို့မရပါဘူး။ အချိန်ကြံ့ကြာနောက်နှေးမှုကိုလဲ ဖြစ်စေပါတယ်။
    ဆိုလိုတာကတော့ တစ်ယောက်ထဲလုပ်ရတဲ့ အလုပ်ကိစ္စတွေမှာ ပြသနာ မရှိပေမယ့် ..
    အများနဲ့တွဲလုပ်ရတဲ့ အလုပ်တွေမှာ ပြသနာ ရှိတက်ပါတယ်။

    Reply

  • shwe ni

    August 14, 2011 at 2:34 am

    သူငယ်ချင်း(၂) ယောက်ရဲ့ ညီမတွေလဲ ဘယ်ရော ညာရော ရတာ တွေ့ဖူးတယ်

    Reply

  • naywoonni

    August 14, 2011 at 1:06 pm

    ကာတွန်းဆရာ အော်ပီကျယ်ပြောသလိုပြောလို်က်ရရင်မကောင်းရှိ တော့မယ်…။ ကိုယ့်ထမင်းကိုစားပြီး ကိုယ်ဖာသာကိုယ် ဘယ်နဲ့ စာရေး တာဘယ်သူဂရုစိုက်ရမှာလဲ …။ရေးမှာပဲ..။ ရေးမှာပဲ…။ ငါ့ကိုလာမတားနဲ့…။ နင်တို့ကောရေးတတ်လို့လား…။ ဟင်းးးးးးးးးးးး

    Reply

  • Shwe Ei

    August 14, 2011 at 1:41 pm

    ကဘာ့ ဘယ်သန်များနေ့မှာ ဘယ်လိုအထိမ်းအမှတ်ပွဲတွေ လုပ်ကျလဲဟင်။
    ကျွန်မလဲ စာရင်းထဲပါချင်လို့။

    Reply

  • pan pan

    August 15, 2011 at 11:30 am

    ငယ်ငယ်က ဘယ်သန်သူငယ်ချင်းဆိုရင် စနောက်ကြတဲ့စာလေးရှိတယ်
    ဘယ်ကျော်လက်တန်း
    အီးနဲ့ပန်း
    မပန်းတဝက် ပန်းတဝက် တဲ့
    တွေးဖူးတယ်၊ သူတို့အိမ်သာတက်ရင် မည်သည့်လက်ကို သုံးလဲလို့ 😐
    ————————————————
    ကမာ္ဘကျော်ဘယ်သန်ထဲမှာ အောက်ဆုံးက ပြည်တွင်းဖြစ် ဘယ်ကျော်ရွှေအိမ်စည်က ကွန်ပျူတာသုံးရင် ဘယ်ညာသုံးတယ်ဆိုလို့ မောက်စ်ကိုတော့ ညာနဲ့ပဲသုုံးမှရမယ် (ဘယ်လောက်ဘယ်သန်သန်)

    Reply

  • ရွှေအိမ်စည်

    August 15, 2011 at 11:58 am

    အမ်……….မောက် စ်လား……

    မသုံးဘူ

    း…တို ့သုံးတာက..လက်တော့်ပ် ့လေ..ဟီးးးးးးး

    Reply

    • pan pan

      August 15, 2011 at 12:51 pm

      တို့ကျတော့ လက်တော့ပဲသုံးသုံး ဒက်စတော့ပဲသုံးသုံး အမြီးပါတဲ့ မောက်စ်ပါတွဲသုံးတယ်
      နို့မဟုတ်ရင် အားမရဘူး

      Reply

Leave a Reply

Your email address will not be published.