အင်အားပြင်းမုန်တိုင်းကို စောင့်ကြည့်ရမည် ဦးထွန်းလွင်(မိုးလေဝသ)၏ခန့်မှန်းချက်

klnMay 8, 20101min04

ဒီနှစ်မေကတော့ထူးခြားပါတယ်။ အရင်ကတော့ ဧပြီလလောက်ကတည်းက မိုးရိပ်ဆင်တာပေါ့နော်၊ ဒါပေမယ့်ဒီနှစ်ကတော့ ထူးထူးခြားခြားကို ခြောက်သွေ့နေတယ်။ မုန်တိုင်းဖြစ်ပေါ်မှုကလည်း နောက်ကို တော်တော်လေးဆုတ်တဲ့သဘောရှိတယ်။ နာဂစ်နဲ့ပတ်သက်ပြီးတော့ မေလမှာ မုန်တိုင်းဖြစ်ဖို့တော့ရှိတယ်။ အရင်အတွေ့အကြုံအရဆိုရင် မေလထဲမှာ မုန်တိုင်းတစ်လုံးကတော့ ဖြစ်ကိုဖြစ်ရမယ်။ များသောအားဖြင့် အယ်လ်နီညိုနှစ်ရဲ့ သဘောသဘာဝက မုန်တိုင်းဖြစ်ပေါ်တဲ့ အရေအတွက်ကတော့နည်းတယ်။ ဒါပေမယ့်ဖြစ်ရင်လဲ အင်အားကြီးတတ်တယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရပေါ့။ ဒါပေမယ့်အမှန်အတိုင်းရိုးရိုးသားသားပြောမယ်ဆိုရင်တော့ ခုချိန်မှာတော့ မုန်တိုင်းဖြစ်ဖို့ မရှိသေးဘူး။ စောင့်ကြည့်ရမှာပေါ့။ မှန်းခြေနဲ့ပြောရရင်တော့ အင်အားကြီးတဲ့ မုန်တိုင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒီနေရာမှာအရေးကြီးတာကတော့ ကျွန်တော်တို့ဘက်က ပြောနိုင်တာရှိတယ်။ မပြောနိုင်တာရှိတယ်။ ပြောနိုင်တာကတော့ ဘင်္ဂလားပင်လယ်အော်မှာ အင်အားကြီးတဲ့ မုန်တိုင်းတစ်ခုဖြစ်ပေါ်မယ်ဆိုတာကတော့ ရာနှုန်း(၈၀)နှင့် အထက်မှန်ကန်တယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့်မပြောနိုင်တာက ဘာလဲဆိုတော့ မြန်မာပြည်ကို ဝင်မလား၊ မဝင်ဘူးလားမသိဘူး။ အင်အားကြီးမလား၊ မကြီးဘူးလား အဲဒါတော့မပြောနိုင်ပါဘူး။ အတွေ့အကြုံအရ ကောက်ချက်ချပါဆိုရင်တော့ အရင်တုန်းက မိုးကြိုကာလဧပြီလ၊ မေလမှာဖြစ်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ (၄၂)%ဟာ မြန်မာပြည်ကို ဝင်တတ်တာကို တွေ့ရတယ်။ ဧပြီလမှာဝင်တဲ့ မုန်တိုင်းတွေဆိုရင် ၄၂၊ ၄၃၊ ၄၄ ရာခိုင်နှုန်းလောက်ထိ မြင့်ပါတယ်။ မုန်တိုင်းဖြစ်ရင် မိုးလေဝသက သတင်းထုတ်ပြန်ပါ့မယ်။ မြန်မာပြည်နဲ့ပတ်သက်တာရော၊ မပတ်သက်တာရော သတင်းထုတ်မှာပါ။ မြန်မာပြည်ကိုဝင်မယ့်သတင်းဆိုရင်တော့ မုန်တိုင်းသတိပြုချက်ဆိုပြီး ထုတ်ပြန်လိမ့်မယ်။ အဲဒီလိုထုတ်ပြီဆိုရင် လူထုကို အကြံပြုလိုတာကတော့ အချက်(၃)ချက်ရှိတယ်။ (၁) အဲဒီဝင်တဲ့ မုန်တိုင်းဟာ ရခိုင်ကိုဝင်မှာလား။ မြစ်ဝကျွန်းပေါ်ကို ဝင်မှာလား။ (၂) ကိုယ်နေတဲ့ရပ်ကွက်ကို ဝင်မယ်လို့ ခန့်မှန်းထားရင်တော့ ကြိုတင်ပြင်ဆင်ဖို့ လိုတော့မယ်။ အဲဒီကြိုတင်ပြင်ဆင်တာလဲ လုပ်ရပ်က မှန်ရမယ်။ (၃) မှန်ပြီဆိုရင်လဲ မရသေးပါဘူး။ ပြည့်စုံလောက်အောင် လုပ်ရမယ်။ တတ်နို်င်ရင်ကျွန်တော့ကိုလဲ ဆက်သွယ်ပါ။ ဆောင်ရန်၊ ရှောင်ရန်တွေကို ကျွန်တော်အတတ်နို်င်ဆုံး အကြံဉာဏ်ပေးနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်သလောက်ပေါ့။ အဲဒီတော့အထူးသတိပြုရမှာကတော့ မေလမှာမုန်တိုင်းကိုတော့ အထူးသတိထားကြပါလို့ပြောကြားလိုပါသည်။

4 comments

  • trust

    May 8, 2010 at 7:20 am

    ဘယ်တော့များ မိုးရွာပါ့မလဲ ဗျာ

    Reply

  • intro

    May 8, 2010 at 9:54 am

    ဟုတ်တယ်ဗျ…. မိုးမျှော်နေတာ ကြာပြီ… အိမ်မှာလဲ နေလို့ မရ၊ အပြင်လည်း မသွားချင် ဖြစ်နေတာ

    Reply

  • kai

    May 8, 2010 at 10:01 am

    သူပြောတဲ့ အဓိပါယ်က ဘယ်ကိုဝင်မလဲသာ မသေချာတာ..နာဂစ်လိုမုန်တိုင်းကြီး တလုံးဖြစ်မယ် ဆိုတာမျိုးလို့ ထင်တယ်။
    အင်မတန် သတိထားသင့်တယ်ထင်ပါတယ်။
    သတိထား..ဆိုတာမှာ ..ဧရာဝတီတိုင်းကလူထုက… တံခါးတွေ၊အမိုးတွေ၊သေသေချာချာ ပြုပြင်ထားပြီး..စားရေရိပ်ခါဆောင်ထားသင့်တယ်…ထင်ပါတယ်။

    Reply

  • kopauk mandalay

    May 9, 2010 at 9:22 am

    လောလောဆယ်တော. တရုပ်ပြည်အလယ်ပိုင်းဝင်ဆော်သွားတာ 65ယောက်သေတယ်ကြားတာဘဲ။
    ဒါမျုးိက အလယ်မလာတာကောင်းပါတယ်။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.