ပုဂ္ဂလိက စက်သုံးဆီဆိုင်များလာတော့မည့်အချိန်တွင် စက်သုံးဆီဈေး ၁ဝ ရာခို်င်နှုန်းမြင့်တက် ဈေးနှုန်းထိန်းညှိပေးရန်လိုအပ်ကြောင်း သုံးသပ်မှုများရှိနေ

klnMay 7, 20101min02

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ စက်သုံးဆီအရောင်းဆိုင် ၂၄၆ခုကို ပုဂ္ဂလိကပိုင်ပြုလုပ်ရာ၌ ဆိုင်အားလုံးကို ကုမ္ပဏီအစုအဖွဲ့ ၂ဝကျော်မှ လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။ ဈေးကွက်အနေအထားများအရဆိုပါက ဈေးနှုန်းမှန်ဖြင့် ဝယ်ယူသုံးစွဲခွင့်ရရှိရန် ဈေးထိန်းညှိခြင်းကို လုပ်ဆောင်ထားရမည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။ ယခုလက်ရှိ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့မှ ရောင်းဈေးများမှာလည်း အစိုးရစက်သုံးဆီဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဈေးထက် တစ်ဂါလန်လျှင် ၁ဝရာခိုင်နှုန်းမြင့်လျက်ရှိနေပါသည်။ “ကျွန်တော်တို့ဆီမှာ ကုမ္ပဏီအနည်းအကျဉ်း၊ အစုအဖွဲ့အနည်းအကျဉ်းပဲလုပ်ကိုင်ခွင့်ရထားတဲ့ကဏ္ဍတွေမှာ အမြဲတစေကြုံတွေ့ခဲ့ရတာက ဈေးကွက်ချုပ်ကိုင်လုပ်ဆောင်မှုပဲ။ အများပြည်သူအတွက်လည်း သက်သာ၊ လုပ်ငန်းရှင်အတွက်လည်း မနာတဲ့ဈေးမျိုးနဲ့ ရောင်းချဖို့အတွက် ဈေးနှုန်းထိန်းညှိပေးတာမျိုးရှိဖို့တော့ လိုအပ်ပါတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောပြခဲ့သည်။ “ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေပေါ်လာတဲ့အခါ စက်သုံးဆီဈေးတွေကို အမြတ်ကြီးစားရောင်းတဲ့ဆိုင်ရှိလာရင် ဖော်ပြမှာဖြစ်သလို မှန်ကန်တဲ့ဈေးနဲ့ ရောင်းတဲ့ပုဂ္ဂလိကဆိုင်တွေကိုလည်း အများပြည်သူသိရှိအောင် လမ်းညွှန်ပေးသွားမှာပါ”ဟု ဂျာနယ်လစ်တစ်ဦးကလည်း ရှင်းပြခဲ့သည်။း “စင်ကာပူမှာ ဒီဇယ်တစ်ဂါလန်ကို ၃ ဒသမ ၆ဒေါ်လာနီးပါးရောင်းတာ ပြဿနာမရှိပါဘူး။ သူတို့ရဲ့ လူတစ်ဦးချင်းဝင်ငွေကဒေါ်လာ ၅၀၅၂၃အထိ ရှိနေတာမို့လို့ပါ။ ကျွန်တော်တို့တစ်ဦးချင်းဝင်ငွေက ဒေါ်လာ ၁၁၉ရဆိုတော့ သူတို့နဲ့အဆပေါင်း ၅ဝလောက် ကွာနေတဲ့တွက် သူတို့နဲ့ယှဉ်ပြီး လိုက်ရောင်းလို့တော့ မဖြစ်ပါဘူး။ ဒီလိုမဖြစ်အောင်လည်း ဆိုင်ဖွင့်သူတွေ အရင်းအနှီးမများအောင် ဆိုင်တန်ဖိုးတွေလျှော့ချပေးထားတာဖြစ်မှာပါ။ အခုဆိုင်စဖွင့်ရုံပဲရှိသေးတယ် ဒီဇယ်တစ်ဂါလန်တန်ဖိုးဟာ ၃ ဒသမ ၃ဒေါ်လာဖြစ်နေပြီ စင်ကာပူနိုင်ငံနီးပါးကို ဖြစ်နေတယ်။ ဒါကိုတော့ ထည့်သွင်းစဉ်းစားပြီး လုပ်ငန်းရှင်တကယ်မတတ်နိုင်ဘူးဆိုရင်လည်း အခွန်အခလျှော့ချတာမျိုး လုပ်ပေးရင် ဒီကဏ္ဍဖော်ဆောင်မှုဟာ အောင်မြင်သွားမှာဖြစ်ပါတယ်”ဟု ပြည်ပပို့ကုန်ုလုပ်ငန်းရှင်တစ်ဦးကရှင်းပြခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • poeaung6

    May 7, 2010 at 7:43 am

    ဆီဈေးနှုန်းများထိန်းပေးပါ

    Reply

  • susunosuki

    May 12, 2010 at 8:47 am

    ရောင်းမယ်ကြံခါရှိသေး
    ဈေးကတက်တော့မယ်
    တို့မြန်မာနိုင်ငံမှာ အသုံးအများဆုံးစကားက
    ကံမကောင်းလို့ပါ ဆိုတာနဲ့ ဈေးတက်ပြန်ပြီဆိုတာပဲနဲ့တူတယ်

    Reply

Leave a Reply to poeaung6 Cancel Reply

Your email address will not be published.