ငါးသိန်းတန်ဖုန်းများအားလုံး ရန်ကုန်မြို့၌ မြို့နယ်ကန့်သတ်ချက်မရှိဘဲ ခေါ်ဆိုခွင့်ရရှိတော့မည် လျှောက်ထားပြီးနေ့ချင်းဖုန်းရရှိနိုင်သည့်စနစ် ပြုလုပ်ရန်စီစဉ်

klnMay 7, 20101min01

ကျပ်ငါးသိန်းတန် ဖုန်းများအားလုံး ရန်ကုန်မြို့၌ မြို့နယ်ကန့်သတ်ချက်မရှိဘဲ ခေါ်ဆိုခွင့်ရတော့မည်ဖြစ်ကာ လျှောက်ထားပြီး နေ့ချင်းဖုန်းရရှိသည့်စနစ်ကိုပါ ပြုလုပ်သွားရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။ ရန်ကုန်မြို့၌ ကျပ်ငါးသိန်းတန်ဖုန်းများ လျှောက်ထားလိုပါက တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ လျှောက်ထားစရာမလိုတော့ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တိုက်ရိုက်လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့လျှောက်ထားရာတွင်လည်း လျှောက်ထားပြီးသည်နှင့် နေ့ချင်းဖုန်းရရှိနိုင်သည့်စနစ်ကို ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။ “လျှောက်ထားပြီးတော့ နေ့ချင်းဖုန်းချပေးတာကို မန္တလေးမှာ သင်္ကြန်ကာလအတွင်းက လုပ်ပေးခဲ့တယ်။ နောက်ပိုင်း ဒီလိုလုပ်ဖို့ကတော့ သေချာမပြောနိုင်သေးပေမယ့် အစီအစဉ်တော့ရှိတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကရှင်းပြခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:37 am

    တို့နိုင်ငံမှာ အရင်တုန်း က နေ့ချင်းပြီးတာဘာရှိလို့လဲ
    ခုဆို တိုးတက်လာပြီ
    ဘယ်လောက်ကောင်းလဲ

    Reply

Leave a Reply

Your email address will not be published.