ပြည်ပသို့ဆန်တင်ပို့ခွင့်ကို ယာယီရပ်ဆိုင်းထား မိုးစပါးစတင်ထွက်ရှိချိန်မှသာ ပြန်လည်တင်ပို့ခွင့်ပြုဖွယ်ရှိ

klnMay 7, 20101min01

လတ်တလောအချိန်တွင် ပြည်ပသို့ဆန်တင်ပို့ခွင့်ကို ယာယီရပ်ဆိုင်းထားပြီး မိုးစပါးစတင်ထွက်ရှိချိန်မှသာ တင်ပို့ခွင့်ပြန်လည်ခွင့်ပြုပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “သင်္ကြန်တွင်းမှာ စားသုံးသူတွေက သိုလှောင်ထားတဲ့ဆန်ကုန်သွားတဲ့အတွက် အင်္ကြန်အပြီးမှာ ဆန်ထပ်ဝယ်ကြတယ်။ အဲဒါကြောင့် ဝယ်လိုအားတက်လာတယ်။ ပြီးတော့ ဒီရာသီကဆန်ထွက်ရှိချိန်မဟုတ်သေးတဲ့အတွက် ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုရှိတယ်။ အခုဈေးနှုန်းတွေက သင်္ကြန်မတိုင်ခင်ကဈေးနှုန်းတွေထက် နည်းနည်းပိုလာပါတယ်” ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တစ်ဦးက ပြောပြခဲ့ပါသည်။ မိုးစပါးစိုက်ပျိုးရန်ကာလသို့ရောက်ရှိလာတော့မည်ဖြစ်သော်လည်း ယခုနှစ်တွင် လက်ရှိအချိန်ထိ အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုမရှိသဖြင့် လာမည့်မိုးစပါထွက်ရှိချိန်တွင် စပါးအထွက်နှုန်းမှာလျော့နည်းကောင်းလျော့နည်းဖွယ်ရှိသည်။ “တကယ်လို့ မိုးခေါင်ခဲ့ရင် မိုးစပါးစိုက်တာနောက်ကျရင် ထွက်တာလည်း နောက်ကျသွားမယ်။ ဒါပေမယ့် ဆန်ဈေးအရမ်းကြီးတက်သွားတာတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ကျန်စပါးတွေရှိနေတဲ့အတွက်ဖြစ်တယ်။ ဈေးနှုန်းပြောင်းလဲမှုတွေ အရမ်းကြီးမဖြစ်နိုင်ဘူးလို့ထင်ပါတယ်”ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်ကြီးတစ်ဦးက ပြောပြပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီတိုင်းမှ ဆန်များပုံမှန်ဝင်ရောက်နေပြီး တစ်ရက်လျှင် အိတ်ရေငါးသောင်းဝင်ရောက်မှုရှိနေကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:31 am

    ပို့ကုန်ထိန်းထားတော့ ကုန်ဈေးနှုန်းကို နည်းနည်းစိတ်ချရတာပေါ့
    မလွယ်ဘူး
    ဆန်ဈေးတက်တာကြောက်တယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.