သီတင်းစာထဲ သတင်းပါခြင်ရင် `လာထား´

Yan ShinJuly 4, 20111min06

ရီရလို့ ဝေမျှတာပါ။
ကျွန်တော်တို့မြို့က(….)ပါ။ ဧရာဝတီတိုင်းကပါ။
သူများတွေဆီမှာ ဝက်နားရွက်ပြာဖြစ်နေပေမယ့် ကျွန်တော်တို့ တိုင်းကို နောက်ဆုံးမှရောက်တာပါ။

ဖြစ်စပြု သေစပြုနေတာကတော့ ပြီးခဲ့တဲ့ တစ်လလောက်က တိုင်းတွင်းဝင်လာပြီး
လွန်ခဲ့တဲ့ (၁၅)ရက်ခန့်ကမှ ကျွန်တော်တို့ မြို့ကိုသေသတင်းရောက်လာတာပါ။

ဒါတောင်ခု ထိ နားရွက်ပြာလို့ မွေးကုဦးစီးဌါနက အတည်မပြုသေးပါဘူး။
ဖြစ်တော့ဖြစ် သေတော့သေနေပါပြီ။

မွေးကုဦးစီးဌါနမှုူးနဲ့ ဒေသတွင်း NG0 တို့ပူးပေါင်းပြီး လွန်ခဲ့တဲ့ မေလဆန်းပိုင်းကတည်းက
ရွာတွေမှာ သတင်းတွေလိုက်ပေး ပညာပေးဟောပြောပွဲတွေလုပ်။ လက်ကမ်းစားစောင်တွေဝေပေါ့။
ပြီးတော့ ပူးပေါင်းပြီး ခြံပါတ်ဝန်းကျင်သန့်ရှင်းရေး ဆေးဖျန်းခြင်းအစီအစဉ်တွေလဲ နိုင်သလောက်တော့လုပ်နေတာပေါ့။

အဲဒါကို သတင်းစာထဲမှာ လေးကြောင်းလောက်ပဲသတင်းပါတယ်တဲ့။

မနေ့ကတော့ ကျွန်တော်တို့မြို့ကို မွေးကုဦးစီးဌါနက ညွှန်ချုပ်ကြီးလာတယ်ဆိုပဲ။
ခရိုင်ဦးစီးရဲ့စိစဉ်မှု့နဲ့ တည်းခို စားသောက်တာတွေ အဆင်ပြေပေမဲ့
ဖိတ်ကြားတဲ့ကိစ္စ ဘာညာတော့ မွေးကု ဦးစီးမြို့နယ်မှုးရဲ့တာဝန်ဆိုပဲ။

အဲဒါကို မွေးကုမြို့နယ်ဦးစီးမှုးက ပထမသူလုပ်တဲ့ ဟာတွေက
သီတင်းစာထဲပါဘို့ ဓါတ်ပုံလည်းပေး ငွေတစ်သောဝ်းခွဲလည်းပေးပါရက်
စာလေးလေးကြောင်းလောက် ပဲပါတယ်။

ခုညွှန်ချုပ်ကြီးလာတာကို သီတင်းစာထဲ ခမ်းခမ်းနားနားမပါရင်တော့ သူ့ခေါင်းထိမှာစိုးလို့
မြို့နယ်ပြန်ဆက်က သတင်းထောက်ကို သေသေခြာခြာသွားပြော လိုအပ်ရင် ပိုက်ဆံပိုပေးပါမယ်သွားပြောတော့
ပိုမပေးခဲ့ရဟု သိရပါကြောင်း။…………….

ရီရလွန်းလို့ပါ။ ရောဂါကူးစက်ပြန့်ပွါး ထိခိုက်မှာစိုးလို့ လုပ်နေတာလား။
သီတင်းစာထဲပါခြင်လို့ လုပ်နေတာလား။
ကိုယ့်ပုံမပါတာက ကိစ္စမရှိ
ညွှန်ချုပ်ပုံ သီတင်းစာထဲမပါတာက ပိုပြသနာရှိ။
သတင်းထောက်က ပြန်ဆက်က သတင်းမထောက် ပြန်ကြားရေးမလုပ် ပိုက်ဆံပေးမှ သတင်းလုပ်
ပိုက်ဆံပိုပေးမှ ပိုသတင်းကြီးကြီးပါ။

ဪ မြန်မာပြည်သားများအတွက် ရီစရာတွေများသားပါလား။……….

6 comments

  • moethidasoe

    July 4, 2011 at 10:42 am

    အခုခေတ်ရဲ့ ပြဿနာက စာမျက်နှာပေါ်ပါမှ .. ဒီကောင်လေး အလုပ်လုပ်တယ် .. တက်လမ်းရှိတယ် .. ဆိုပြီး တက်လမ်းကို ဖန်တီးပေးကြတဲ့ လူကြီးတွေကြောင့် အဲဒီရောဂါ ခေတ်စားနေတာ ..
    အဲဒါကို ထိုင်ဖတ်ပြီး ဆုံးဖြတ်ချက်ပေးနေတဲ့လူတွေ ရှိနေလို့ ဒီရောဂါ တိမ်ကောမှာ မဟုတ်ဘူး ..
    ဒါကို အခွင့်အရေးယူတတ်တဲ့လူတွေလဲ ခေတ်စားနေဦးမှာ

    Reply

  • ရွှေဘိုသား

    July 4, 2011 at 11:02 am

    ကျွန်တော်တင်တဲ.ပို.စ်လိုပါပဲ
    သတင်းထောက်ကလည်း သတင်းအတိအကျမသိ
    လက်ဦးရင်ပြီးရော ဖြစ်သလိုရေးကြတာ ဒီကသီတင်းထောက်တစ်ချို.အကျင်.ပါ

    Reply

  • shwe ni

    July 4, 2011 at 4:04 pm

    ဆိုင်တော ့မဆိုင်ပါဖူး ကြုံလို့ ရှယ်တာပါ ။၂၀၀၂ခုနှစ်လောက်က ကျောင်းက ဆရာမတယောက် ဆုံးတော့ သူ့တပည့်တွေ မိဂ်သင်္ဂဟတွေ သိအောင်ဆို သတင်းသွားထဲ့ပါတယ် သတင်းလက်ခံတဲ့နေရာက သတင်းစာထဲပါဘို့ ဆို (၇)ရက်လောက်ကြို အကြောင်းကြားပရတယ် ဆိုလို့ သေတာကို ဘယ်လို (၇)ရက် ကြိုအကြောင်းကြားရမလဲဆိုပြီး စကားများခဲ့ရသေးတယ် ။

    Reply

  • mozillamedia

    July 4, 2011 at 4:48 pm

    ဝန်ထမ်း လူကြီး တော်တော်များများ မှာ ဒီရောဂါ ရှိပါတယ်…….
    တစ်ချို့ဆို…. ဓါတ်ပုံ ကင်မရာ ရိုက်တာ မြင် တာနဲ့ လူကြီး ပဲပေးတာမျိုးရှိတယ်……
    အခါတစ်ရာ ထပ်နေတဲ့ ဩဝါဒတွေ ပေးတော့တာပေါ့….. ရည်ရည်လည်လည် ပဲကြွေးပြီး သီတင်းစာထဲ ဓါတ်ပုံ မပါရင် မကြေလည်တဲ့ပုံ ပါပဲ…. မြဝတီတို့ မြန်မာ့ရုပ်သံ အဖွဲ့တို့ ပါလာပြီး သီတင်းထဲမှာ ကြာကြာမပါရင် အဲဒီ မီဒီယာ အဖွဲ့ကို မုန့်ဖိုးပေးတာ နည်းလို့ နေမှာပေါ့ ဆိုပြီး နေရာဒေသ တာဝန်ခံ တွေကို မဲတော့တာပဲဗျို့…… ရုပ်သံ အဖွဲ့တွေကလည်း မုန့်ဖိုး မပေးရင် ပညာပြလိုက်ရမလား ဆိုပြီးချိန်းခြောက် တာတွေကိုလည်း တွေ့ခဲ့ဘူးပါတယ်….

    Reply

  • Yan Shin

    July 5, 2011 at 2:34 am

    ကျွန်တော်တို့ အလုပ်လုပ်ခြင်းဟာ ကျွန်တော်တို့ ဆန္ဒအတွက် လုပ်ခြင်းပါ။
    သူတို့တွေလုပ်နေတာ စိတ်ပါလို့လုပ်တာလား?
    eg; လူမှု့ရေး အလှူ

    တစ်ခါတစ်ရံတွေ့ဘူးတယ်
    ဆုပေးတဲ့ပုံတွေ
    ဆုရသူကိုပေးတာလား
    ဓါတ်ပုံ(သတင်းထဲမှာပါခြင်လို့)ရိုက်တဲ့သူကိုပေးတာလား?

    မျက်နှာမူရာ (ကရုစိုက်ရာ)က ဘယ်လဲ ဘာလဲပေါ့…………….

    Reply

  • bigcat

    July 5, 2011 at 3:34 am

    အဘဆိုသူတွေကလည်း သတင်းစာထဲပါမှ၊ တီဗွီသတင်းမှာ မြင်ရမှ အလုပ်လုပ်တယ်ထင်သကိုး….

    Reply

Leave a Reply

Your email address will not be published.