တကယ် သစ်ရဲ့လား

moethidasoeJune 29, 20111min010

ဘော်ဒါတစ်ယောက်ရဲ့ အဖြစ်ပါ .. သူကတော့ ရယ်စရာအနေနဲ့ ပြောတာပဲ .. ကျန်တဲ့လူတွေ စဉ်းစားကြည့်စေချင်လို့

အဲဒီဘော်ဒါ နယ်မြို့ကြီးတစ်မြို့ကို ရောက်တုန်းကပေါ့ .. ရန်ကုန်သားများ ရန်ကုန်က အကျင့်လေးတွေ ပါသွားတော့ ညနေစောင်းတာနဲ့ စည်ဘီယာ ရောင်းတဲ့ ဆိုင်ကို သွား .. တစ်ဂျား နှစ်ဂျား .. အကင်လေးနဲ့ ထွေရာလေးပါး ပြော ကြ .. အဲဒီနောက် ထုံးစံအတိုင်း မာဆတ် လို့ ပြောတဲ့ အကြောဖြေ ဇိမ်ခံတဲ့ ဇာတ်လမ်းကို ကူးပြောင်းသွားပါရော .. အိမ်ခံ လူက ရှစ်စပ်က ဂျင်ဂျင်လယ် ဆိုတဲ့ လူ ဆိုတော့ သူကပဲ ငါ့ကို နေရာပြ ခေါ်သွားတယ်လေ ..

နှစ်ယောက်သား ကိုယ်စီ အနှိပ်ခံနေတုန်းမှာပဲ .. အိမ်ခံကို နှိပ်ပေးနေတဲ့ ကောင်မလေးက ငါ့ကို ကြည့်နေတယ် ဟ .. ငါလဲ ဘုမသိ ဘမသိ ပြန်ကြည့်တာပေါ့ .. ဘာရမလဲ .. ရန်ကုန်သားလေ ..

“ဒီက အကိုကို မြင်ဖူးသလိုပဲ .. ဒီကို ပုံမှန်လာနေကျ ဖောက်သည်ပဲလား”

“မဖြစ်နိုင်ပါဘူး .. ငါက အခုမှ ဒီဆိုင် ရောက်ဖူးတာ”

“မဟုတ်ဖူးလေ .. ကျွန်မ သေသေချာချာ တွေ့ဖူးတယ်”

ငါလဲ ဇဝေဇဝါ ဖြစ်သွားတယ် .. ဒါနဲ့ သေသေချာချာ စိုက်ကြည့်လိုက်တယ် ..

“အေး .. ငါလဲ မြင်ဖူးတယ် ထင်တာပဲ .. ဘယ်မှာလဲတော့ မသိဘူး .. ငါက ဒီက မဟုတ်ဖူး .. ရန်ကုန် က”

တစ်အောင့်လောက် ကြာတော့မှ .. “ဟုတ်ပြီ .. မှတ်မိပြီ .. ၃၉ လမ်းမှာ တွေ့တာ .. ဟုတ်တယ်ဟုတ် (မော်လမြိုင်သံလေးနဲ့)”

“ဟုတ်ပြီ .. နင်တို့ ဗိုလ်တထောင် ပြောင်းသွားတယ် ဆိုတုန်းက ငါ လိုက်ရှာသေးတယ် .. မတွေ့ဘူး ..ဟ” တဲ့ ..

သူကတော့ ရယ်စရာတစ်ခုအနေနဲ့ ပြောပြတာ .. ဒါပေမယ့် တခြား ပြဿနာတွေနဲ့ ဆက်စပ် စဉ်းစားလိုက်တော့ ဒီအရပ်မှာ ဟောင်းသွားပေမယ့်လဲ နောက်အရပ်မှာတော့ အသစ်ပေါ့ .. အသစ်ကြိုက်တဲ့သူတွေအတွက် ဘာတွေနဲ့ တွေ့သလဲ ဆိုတော့ ဟိုဖက်အရပ်က အဟောင်းကြီးလေ .. အသစ်ဆိုတာ ဘာနဲ့ တိုင်းမှာလဲ .. မမြင်ဖူးသေးရင် အသစ်လား .. အသစ် အသစ်ဆိုပြီး နှစ်ပါး သုံးပါး သွားကြတဲ့အခါ .. အဟောင်းဆီက ရောဂါအသစ်တွေ ကိုယ့်ဆီ ရောက်လာရင်တော့ ..

(ရွာသားတို့ အသစ်ကို တွေ့ဖူးပါသလား .. တကယ် သစ်ရဲ့လား ..)

ဒီဇာတ်လမ်းက ၂၀၀၅ ခုနှစ် မေလမှာ ရေးခဲ့တာ

10 comments

  • နွယ်ပင်

    June 29, 2011 at 5:01 am

    ဟုတ်တယ် မမမိုးသီတာရေ နွယ်ပင်လဲ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ် အဲတုန်းကလဲ အခုလိုပဲ ပျော်တော်ဆက်တွေကို တစ်နေရာမှာ အနေကြာလာလို့ ဟောင်းသွားရင် နောက်တစ်နေရာမှာ အသစ်ဆိုပြီး ပြန်သုံးကြတော့ အဟောင်းတစ်ဖြစ်လဲအသစ်ဆီက ရောဂါရသွားတဲ့ အကြောင်းလေးပါ ….. စာပေက ယူတက်ရင် သင်ခန်းစာရစရာတွေပါပဲ ..

    Reply

  • fatty

    June 29, 2011 at 7:41 am

    မမိုးသီတာ အတော်သိပါလားနော် … ဒေါက်တာတယောက်ဆိုတော့လဲ ဗဟုသုတတွေပြည့်စုံနေရမှာပေါ့လေ …။ မှန်ပါတယ် အဲဒီကိစ္စက ဒီနေရာကနေ ဟိုနေရာရောက်သွားရင် အသစ်ဆိုပြီး ဖြစ်သွားတာပါဘဲ။ လူငယ်တွေအတွက်အထူးသတိပြုစရာပါ။ ဒီကျင်းမရရင်ဟိုကျင်း
    ဟိုကျင်းမရရင်ဒီကျင်း လုပ်နေသူတွေကတော့ သေချာတယ်ဗျို့ တကျင်းကျင်းမှာ ရောဂါရမှာဘဲ။
    လောပန်က နောက်မှဖြစ်မှာ …။ လောလောဆယ်တော့ အင်းစိန်က NGO မှာ သွားပြီး တန်းစီပြီး
    ဆေးစောင့်ယူရဖို့သေချာတယ်။

    Reply

  • naywoonni

    June 29, 2011 at 1:24 pm

    ဆရာမဆရ… နေဝန်းနီတို့ အရက်သောက်တုန်းက ကြားဖူးနားဝ စကားလေးတစ်ခုရှိဗျားး..။ ဆရာမလေးကိုတော့ ပြောပြလို့ရကောင်းပါရဲ့..။ ဆရာဝန်ဆိုတော့ အကြားအမြင်ကျယ်တယ်လေ…..။ ပြိးတော့ ဒါမျိုးတွေကလည်း လက်ပွမ်းတတီးရှိတာကို..။ နေဝန်းနီရဲ့ အဒေါ်ကလည်း ကျန်းမာရေဝန်ထမ်းပါပဲ..။ အဲဒိစကားလေးကဒီလိုဗျ….။ အဲတုန်းကတော့ အနှိပ်ခန်းဆိုတာမရှိပါဘူး..။ ဘိ ပေါ့…။ ခေါင်းနဲ့စကားပြောရပါတယ်..။ လူသစ်ရောက်လာပြီဆိုရင် ခေါင်းကမျက်စိမဖွင့်ပါဘူးတဲ့..။ မျက်စေ့မှိတ်ပြီး ပိုက်ဆံတောင်းတာပဲ..။ ဈေးတင်ထားတာပေါ့လေ…….. သူ့ပစ္စည်းက အသစ်ပေါ့..။ တစ်ရက်တော့ အရက်သမားတစ်စု သွားကြတယ်..။ ဘယ်မှာအသစ်ရောက်နေလို့ပေါ့လေ….။ ထုံးစံအတိုင်းခေါင်းနဲ့ဈေးစကားပြော..။ နဲနဲလျှာရှည်တဲ့သူက မေးသတဲ့ အသစ်ဆိုတာသေးချာလားပေါ့..။ ခေါင်းက ပြန်ပြောတာက ရယ်ရတယ်..။ “သစ်သလားတော့ မမေးနဲ့ပေါ့…။ ညကမှ မယ်သီလ ရင်ကထွက်လာတာ ကတုံးလေးနဲ့”တဲ့…။ အဲဒါနဲ့ သူတို့ အခေါ် အခန်းဝင်တယ်ပေါ့လေ……..။ ပြန်ထွက်လာတဲ့ အခါကျတော့ မှ ခေါင်းကိုပြန်ပြောသတဲ့..။ ” ခင်ဗျားဟာ ဘယ်မှာသစ်လို့လဲပေါ့..။ ဒီကောင်မလေးက လွန်ခဲ့တဲ့ ခြောက်လလောက်က ဘယ်နေရာမှာ မိပြီး ထောင်ကျသွားတာပါပေါ့..။ ထောင်က ကတုံးတုံးလွှတ်လိုက်တာကို ဘာလေးညာလေးနဲ့လို့ ပြောခဲ့သတဲ့..။ အဲဒိလိုပဲ..။ အသစ်ဆိုတဲ့နေရာမှာ…။ ဒီလိုနေရာမျိုးမှာ တစ်ကယ်အသစ်ဆိုတာက မရှိပါဘူး..။ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်စားရသူတွေပါ..။ တစ်ချို့လည်း ပထွေးကဖျက်စီးလိုက်လို့..။ တစ်ချို့လည်း ကြွေးရှင်က ကြွေးသိမ်းလိုက်လို့ တစ်ချို့လည်း ရည်းစားက ဖျက်စိးလိုက်လို့နဲ့…။ သူတို့အကြောင်းပြချက်လေးတွေကတော့ သနားစရာလေးတွေပါ..။ ဒါကြောင့် ကဗျာဆရာအောင်ချိမ့်က ကဗျာတစ်ပုဒ်ရေးဖူးပါတယ်..။ ရွာထဲမှာကွန်မန်းအဖြစ်ရေးပေးဖူးပါတယ်..။ ခုမှ ဝင်လာတဲ့သူတွေပြန်ဖတ်ရအောင်ပြန်ရေးပေးလိုက်ပါမယ့်…။ ကဗျာခေါင်းစဉ်က “နားလည်သိတတ်သူတို့ရဲ့ကစားနည်း” ပါတဲ့….
    ဘဝအဆိုးအကောင်းအကြောင်း
    တိုးတိုး တိုးတိုးနဲ့
    နားထဲဝင်လာရဲ့
    သိပါရစေကွယ်ပေါ့လေ….
    ကယ်တင်ရှင်လေသံနဲ့
    ငါ့ရဲ့စပ်စုမှုကြောင့်ပေါ့..။
    ပြီးတော့လည်း……
    တစ်ခြားသူတွေလို
    အိပ်လိုက်တာပါပဲ
    အဲဒိလိုနဲ့
    အဝင်းဆိုတဲ့…..
    ——–လေးကိုလည်း
    စော်ကားခဲ့မိဖူးပါတယ်..။
    အောင်ချိမ့်
    တဲ့….။

    Reply

  • windtalker

    June 29, 2011 at 2:39 pm

    သူပြောတော့ အသစ်လေးပါတဲ့ ။

    Reply

  • nature

    June 29, 2011 at 5:20 pm

    တကယ်သစ်မသစ် ဘယ်လိုသိနိုင်မလဲ ။ စမ်းနည်းလေးများမရှိဘူးလား။

    Reply

  • akswe

    June 29, 2011 at 6:46 pm

    မသီတာရေ …ကြားဖူးတဲ. စာချိုးလေးတစ်ခုရှိတယ် ရန်ကုန်မှာ စဖြစ် မန ္တလေးမှာ ရှစ်နှစ် မူဆယ်မှာ အသစ်တဲ့။ ကိုယ်တိုင် တော့မတွေ့ ဘူးသလို အသစ်ဟုတ်မဟုတ်လည်း မစမ်းသပ်ရဲကြောင်းပါ။အာသဝေါကုန်နေလို့တော.မဟုတ်ပါ ကိုယ့် အကြောင်း ကိုယ်သိ လို. သနားကြင်နာတတ် ခံစားတတ်ပြီး စိတ်ပျော.တော. တော်ကြာ ယူလိုက် မိမှာ စိုးလို့ ယူတာက ကိစ္စမရှိသေးဘူး ကိုယ်.ဆီရောက် ပြီးမှမငြိမ်ရင်လည်း ဒုက္ခ တချို့က ဝါသနာကိုပါတာ ထိန်းမရဘူး မြင်ဘူးလို.ကြောက်တယ်။

    Reply

  • weRone

    June 30, 2011 at 1:58 am

    အသစ်ကြိုက်သူများ.. သို့ ……….. 😀

    Reply

  • bigcat

    June 30, 2011 at 3:17 am

    ကိုယ်မသုံးရသေး အသစ်ပေါ့ဗျာ…

    Reply

  • moethidasoe

    June 30, 2011 at 4:08 am

    အဲဒါနဲ့ ခတ်ဆင်ဆင် တစ်ပုဒ် တင်ပေးပါဦးမယ်
    အဲဒီဇာတ်ကောင်ကလဲ အသစ်ထင်လို့တဲ့

    Reply

  • pan pan

    June 30, 2011 at 9:40 am

    အသိနဲ့တွေ့တော့ အသစ်မဖြစ်တော့ဘူးပေ့ါ.. 😀

    Reply

Leave a Reply

Your email address will not be published.