ကိုယ့်အတွေးနဲ့ကိုယ် ………..

နွယ်ပင်June 27, 20111min010

လူတိုင်းမှာ ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်ကိုယ်စီရှိကြပါတယ် ။ ပုံစံတူ ကိစ္စတစ်ခုကို ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ်အတွေးနဲ့ ဆုံးဖြတ်ချက်က တစ်ယောက်ဆုံးဖြတ်ချက်နဲ့ တစ်ယောက်မတူတက်ကြတာ သဘာဝပါပဲ .။ အဲတာလေးနဲ့ ပတ်သတ်ပြီး နွယ်ပင်ဖတ်ဖူးထားတဲ့ ဟာသ ပုံပြင်လေးကို ပြောပြချင်ပါတယ်
ပုံပြင်လေး အစကတော့ ………………..
တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်က ဘုရင်ကြီးတစ်ပါးမှာ အရမ်းတော်တဲ့ ပညာရှိအမတ်တွေရှိကြသတဲ့ ပညာရှိအမတ်တွေရဲ့ ဂုဏ်သတင်းဟာ
အနယ်အရပ်အရပ်ကို ပျံလွင့်သွားတဲ့အတွက် အခြားတိုင်းပြည်တွေက ပညာရှိအမတ်တွေနဲ့ ပညာဖလှယ်ပွဲတွေ ပြိုင်ပွဲတွေကိုလဲ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်တဲ့
ပညာပြိုင်ပွဲတွေ လုပ်တိုင်းလဲ အဲဒီတိုင်းပြည်က ပညာရှိအမတ်တွေကသာ အနိုင်ရပါတယ် ။ တစ်နေ့မှာတော့ တရုပ်ပြည်က သံတမန်တွေရောက်ရှိလာပြီး
သူတို့တိုင်းပြည်က ပညာရှိအမတ်တွေနဲ့ ပြိုင်ပွဲကလေး တစ်ခုပြုလုပ်လိုကြောင်း တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့မှာပါလာတဲ့ ကုန်ပစ္စည်းတွေအပြင် လှေကိုပါပေးအပ်မယ်အကြောင်းနဲ့ တကယ်လို့များ ရှုံးနိမ့်ခဲ့မယ်ဆိုလို့ရှိရင် ဒီတိုင်းပြည်က သူတို့ အလိုရှိတဲ့ ရွာငယ်လေးတစ်ရွာကိ အပိုင်စားပေးရန်တောင်းဆိုပါတယ် ။
နောက် ပြိုင်ပွဲ စည်းကမ်းအနေနဲ့ အမေးအဖြေများကို ပါးစပ်နဲ့ မပြောပဲအမူအရာနဲ့ သာပြုလုပ်ရန်သဘောတူကြပါတယ်တဲ့ ။
ဒီလို ဘုရင်ကြီးက သူ့ရဲ့ ပညာရှိအမတ်တွေကို ယုံစားပြီး ပြိုင်ပွဲလုပ်ဖို့ သဘောတူခဲ့ပင်မယ့် သူရဲ့ ပညာရှိအမတ်တွေကတော့ စကားမပြောရတဲ့ ပညာပြိုင်ပွဲကြီးကို
ကြောက်လန့်ပြီး မပြိုင်ရဲ့ကြပါဘူး သူတို့အနေနဲ့ကလဲ တစ်ခါမှ ဒီလို အမူအရာနဲ့ပြိုင်ရတဲံ့ ပညာပြိုင်ပွဲမျိုးကို မပြိုင်ဖူးကြတော့ စိတ်ထဲမှာလဲကြောက်နေကြပါသတဲ့ ။
ဘုရင်ကြီးကလဲ ပြိုင်ပွဲရက်နီးလာလေ ပြိုင်ဆိုင်မယ့် ပညာရှိအမတ်က တစ်ယောက်မှထွက်မလာတော့ စိုးရိမ်ပူပန်လာတာပေါ့ အဲတာနဲ့ ပြိုင်ပွဲရက်ရောက်လို့မှ ပြိုင်မယ့် ပညာရှိအမတ်မရှိရင် အမတ်ကြီးတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့တာပေါ့ အဲတာနဲ့ အမတ်ကြီးတွေလဲ မြို့ရွာ အနှံကိုဆင်းပြီး ပြိုင်ပွဲဝင်မယ့် လူတွေကို လိုက်ရှာကြပါလေရာ ဒါပေမဲ့ တစ်ယောက်မှကိုမှ ဒီထူးဆန်းတဲ့ ပြိုင်ပွဲကို မဝင်လိုချင်ကြပါဘူးတဲ့ ဒါပေမဲ့ ကံကောင်းချင်တော့ အမတ်ကြီးတစ်ပါးကတော့ ပြိုင်ပွဲဝင်မယ့် လူတစ်ယောက်ကိုရှာလာနိုင်ခဲ့ပါတယ် ဖြစ်ချင်တော့ ရှာလာတဲ့ သူကလည်း အရက်သမားကြီးတစ်ယောက်ပါတဲ့ သူတို့က အရက်သမားကြီးကို မကြိုက်ပင်မဲ့လည်း ပြိုင်ပွဲဝင်လိုတဲ့ သူကလည်း တစ်ယောက်မှ မရှိကြပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် အမတ်ကြီးတွေကတော့ အရက်သမားကြီးကိုပဲ ပညာရှိအမတ်တစ်ယောက်ဝတ်ဆင်ရမယ့် ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ပြီး ပြိုင်ပွဲအတွင်းကိုခေါ်ဆောင်လာပါသတဲ့ ။ အဲတာနဲ့ ပြိုင်ပွဲလဲစရော တဖက်က တရုပ်ပညာရှိတွေထဲက တစ်ယောက်ကထပြီး အမူအယာနဲ့ လက် (5) ချောင်းထောင်ပြပါရော ဒါကို အရက်သမားပညာရှိကြီးက စဉ်းတောင်မစဉ်းပဲ ချက်ခြင်းပဲ လက် (10) ချောင်း ပြန်ထောင်ပြပါတယ် ဒီလိုလက် (10) ချောင်းပေးတဲံအဖြေကို တရုပ်ပညာရှိကြီးက သဘောကျပြီး လက်ခုပ်လက်ဝါးတီးကာ ကောင်းချီးပေးပြီး နောက်မေးခွန်းတစ်အနေနဲ့ သူ့ရဲ့လက်နဲ့ ရင်ဘက်ကို သပ်ပြပါသတဲ့ အဲဒီမေးခွန်းကိုလဲ အရက်သမားပညာရှိကြီးက ချက်ခြင်းပဲ သူရဲ့ လက်နဲ့ ကျောရော ရင်ရော (2) ဖက်လုံးကို သပ်ပြလိုက်ပါတယ် ။ ဒီအခါမှာ တရုပ်ပြည်က ပညာရှိတွေက သဘောကျပြီး သူတို့ပေးထားတဲ့ ကတိအတိုင်း ကုန်ပစ္စည်းတွေအပြင် လှေကိုပါပေးအပ်လိုက်ပါတယ် ။
ဒီလိုနဲ့ ပြိုင်ပွဲကြီးက ပြီးသွားခဲ့ပင်မယ့် ဘုရင်ကြီးက ဘာကိုမေးပြီးဘာကိုဖြေလိုက်မှန်းမသိတော့ တရုပ်ပညာရှိအမတ်တွေကို ညစာနဲ့တည်ခင်းဧည့်ခံရင်း မေးမြန်းပါသတဲ့ ဒါနဲ့ တရုပ်ပညာရှိကြီးက ပထမမေးခွန်းအနေနဲ့ မေးတာကတော့ သင်တို့ရဲ့ ဘုရင်ကြီးက မင်းကျင့်တရား (5) ပါးနဲ့ အညီတိုင်းပြည်ကို အုပ်ချု့ပ်ပါလားလို့မေးတာပါ ဒါကို သင့်ရဲ့ပညာရှိက (5) ပါးတင်မကဘူး မင်းကျင့်တရား (10) ပါးနဲ့ အညီ အုပ်ချုပ်ပါတယ်လို့ဖြေပါတယ် ၊ ဓုတိယမေးခွန်းကတော့ ဘုရင်ကြီးက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ရဲ့လားကို ကျောသားရင်သားမခွဲခြားပါဘူးလို့ ပြန်ဖြေတာပါလို့ပြောပါတယ် ။
ဘုရင်ကြီးက တရုပ်ပညာရှိကြီးရဲ့ အဖြေက်ု သဘောကျသွားပြီး ငါရဲ့ ပညာရှိကြီးကရော ဘယ်လို အတွေးနဲ့ဖြေပါလိမ့်ဆိုပြီး အရက်သမားပညာရှိကြီးကိုမေးတော့ သူက အရက်သမားကြီးဆိုတဲ့ အတိုင်းသူ့မှာ အမြဲအရက်အကြောင်းတွေးနေတာဆိုတော့ ” ပထမမေးခွန်းက ကျွန်တော်မျိုးကို အရက် (5) လုံးသောက်နိုင်လားမေးလို့ (10) လုံးသောက်နိုင်တာပါလို့ဖြေပြီး ဒုတိယမေးခွန်းက အဲတော့ ရင်မပူဘူးလားလို့မေးတာကို ရင်ဘက်တင်မကဘူး ကျောပါပူပါတယ်လို့ ပြန်ဖြေတာပါလို့ လျှောက်တင်လိုက်ပါသတဲ့ 🙂 😀

10 comments

  • windtalker

    June 27, 2011 at 5:23 am

    မှန်လိုက်လေ မမနွယ်ရေ ။ ခေါင်းထဲ မှာ ရှိတဲ့ တွေးပုံခြင်း မတူပေမယ့် ။ မြင်ပုံခြင်း သုံးသပ်ပုံ ခြင်း တူကြတဲ့ အချိန်မှာ စိတ်သဘောထားခြင်း တိုက်ဆိုင်တယ် ဆိုပြီး ပြောကြမလား ပဲ

    Reply

  • fatty

    June 27, 2011 at 7:37 am

    ကျနော်တို့မှာတော့ အသက်အရွယ်ကလဲရလာတော့ .. အတွေးတွေတတ်နိုင်သလောက်ရပ်ပြီး
    တွေးနေတဲ့စိတ်ကို နှာသီးဖျားမှာဘဲထားတဲ့ အလေ့ … ကျင့်နေရတယ် ..။

    Reply

  • R Ga

    June 27, 2011 at 7:55 am

    ဂေ့ ဝေါ…ကျွန်တော့်ကိုဆိုရင်တော့ လက်ငါးချောင်းထောင်ပြရင်…ဂေ့….ခြေရောလက်ပါပြန်ထောင်ပြမိမှာပဲ…။

    Reply

  • pan pan

    June 27, 2011 at 8:45 am

    (ကိုယ့်အတွေးနဲ့ ကိုယ်) ကယ်လ်စီယမ်ကွေကာသောက်နေကြတာပဲ။
    ဗိုက်ပြည့်သွားဖို့ အဓိကပဲ..။ 😛

    Reply

  • ရွှေဘိုသား

    June 27, 2011 at 10:00 am

    အဲဒီအရက်သမားက
    ရှေးဘဝက ရွှေဘိုသားများဖြစ်နေမလားပဲ

    Reply

  • nature

    June 27, 2011 at 12:08 pm

    ဒီလိုမတူညီသောအတွေးနဲ့တူညီတဲ့ အဖြေရပြီးမှန်ဖို့ဆိုတာ ဖို့ဆိုတာ အင်မတန်ကံကောင်းမှရနိုင်ပါတယ်။

    Reply

  • နွယ်ပင်

    June 28, 2011 at 2:55 am

    တစ်ခါတစ်လေကြရင်လဲ ဘယ်လိုတွေးတွေး မြွေမှန်ရင် တွင်းဝင်ဖြောင့်တယ်ဆိုတဲ့စကားအတိုင်း ဘယ်လိုပဲစဉ်းစားစဉ်းစား ဘယ်လိုပဲတွေးတွေး အဖြေမှန်ထွက်လာဖို့ အဓိကပါ

    Reply

  • etone

    June 28, 2011 at 7:58 am

    အဲ့ဒါပြောတာပေါ့ …နားလည်မှူနဲ့ ရဲ့ တဖက်ခြားမှာ ဘာမှ မသိတာတွေ ရှိတယ်… ။ 😛

    Reply

  • ဆူး

    June 29, 2011 at 3:07 pm

    လက် ၅ချောင်း ထောင်ပြတာ.. မဟောသဓာဇတ်ထဲက လိုမျိုး လက်သီး ထောင်ပြလိုက်ရင် တခါတည်း လန့်ပြီး တန်းပြေးသွားလိမ့်မယ်။

    Reply

  • nature

    June 29, 2011 at 5:36 pm

    ငါကပါးရိုက်ရင် လက်သီးနဲ့ပြန်ထိုးမယ်ပေါ့။ 🙂

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.