တရုတ်ကန်စွန်းရွက်

soethuya7June 27, 20111min016

ကျနော်ဈေးထဲမှာဘုရားပန်းသွားဝယ်ရင်းနဲ့ကြားခဲ့ရတဲ့အသံလေးပါ။ အဲဒီအသံလေးကြားလိုက်ရတော့ အော် ကျနော်တို့မြန်မာနိုင်ငံက

ကန်ဇွန်းရွက်တောင်မှ မထွက်တော့ဘူးလားလို့ တွေးမိလို့ပါ ကျနော်တု့ိမြန်မာနိုင်ငံမှာ ဘယ်လောက်ထိ တရုတ်တွေစိုးမိုးနေတာလဲဆိုတာသာကြည့်ပါတော့ ကန်စွန်းရွက်တောင်မှ တရုတ်ကန်ဇွန်းရွက်တဲ့ မြန်မာနိုင်ငံမှာတရုတ်တွေတော်တော်ကြီးစိုးမိုးနေပါလားလို့..။

ကလေးကစားစရာလဲ တရုတ် ဆိုင်ကယ်လဲတရုတ်ဖုန်းလဲတရုတ် ကားလဲတရုတ် လူကြီးအသုံးအဆောင်ကအစ ..ကလေးကစားစရာအဆုံးတရုတ်တွေပဲ ရှိနေတော့ အော် ကျနော်တို့နိုင်ငံတော်တော်ကြီးနောက်ကျနေပါလားလို့တွေးမိလိုက်လို့ပါ ကျနော်တို့မြန်မာနိုင်ငံက လူတွေကပဲတစ်ခြားနိုင်ငံကထုတ်ကုန်တွေ

ပစ္စည်းတွေကိုမှအထင်ကြီးကြတားလား..ဒါမှမဟုတ် ဒီနိုင်ငံက ဘာမှမထုတ်လုပ်နိုင်တာလားဆိုတာမတွေးတတ်တော့ပါဘူး…

 

16 comments

  • နွယ်ပင်

    June 27, 2011 at 6:37 am

    တရုပ်ကန်စွန်းက အရွက်ကြီးပြီး ကျော်စားရင် စားကောင်းတယ်လေ စိုက်တာကတော့ မြန်မာပြည်ထဲ မှာပဲ မဟုတ်ဘူးလား
    ဒါနဲ့ စကားမစပ် တရုတ်ကန်စွန်းရက် ဖြစ်နေတယ် ပြန်ပြင်လိုက်ဦးနော်

    Reply

  • xman

    June 27, 2011 at 8:15 am

    အဲဒီမေးခွန်းမျိုး အရင်က သူများတွေကိုမေးကြည့်ဘူးတယ်။
    အဲဒီကန်စွန်းရွက်မျိုးဟာ မြန်မာပြည်ကကန်စွန်းရွက်မျိုးပါပဲတဲ့။
    တရုတ်ဆိုင်တွေမှာကြော်ရောင်းလို့ တရုတ်ကန်စွန်းရွက်လို့ စစ်ကြိုခေတ်မတိုင်မီကတည်းက အမည်တွင်နေတာတဲ့။
    အဲဒီကန်စွန်းရွက်မျိုးကို ရှေးမြန်မာများကမကြိုက်ဘူး။ ကြော်စားတာကလွဲရင် တခြားလုပ်စားလို့မရလို့။
    ရှေးမြန်မာတွေကလဲ အသီးအနှံကို ချက်စား ပြုတ်စားတာပဲ များတယ်လို့ဆိုပါတယ်။
    မြန်မာကန်စွန်းလို့ခေါ်တဲ့ အရွက်သေးသေး ချွန်ချွန်နဲ့ဟာမျိုးကတော့ ကြော်ချက် ချက်စားလို့ရတယ်၊ ချဉ်ရည်ချက်စားလို့ရတယ်၊ အခြားအသီးအရွက် (ဥပမာ ကင်ပွန်းချဉ်ရွက်)နဲ့ ရောနှောချက်ပြုတ်လို့ရတယ်။ သူ့ချည်းပဲလဲ ပြုတ်တို့တာတို့ အစိမ်းတို့တာတို့လုပ်ကြတယ်။ ဆေးဘက်လည်းဝင်လို့ ရှေးမြန်မာတွေကတော့ မြန်မာကန်စွန်းကိုပဲ ကြိုက်တာများတယ်လို့ ဆိုပါတယ်။

    Reply

    • pan pan

      June 27, 2011 at 8:32 am

      အညာမှာဆိုရင် ပုန်းရည်ကြီးနဲ့ပါ ချက်စားတယ်လေ…။
      ငြုတ်သီးဆားထောင်းလေးနဲ့ဆို ရှယ်ပေါ့။

      Reply

      • parlayar46

        June 27, 2011 at 10:27 am

        အချဉ်တည်ပြီးစားရင်တော့ ကန်စွန်းရွက်ချဉ်ဖတ်က အရိုးကျွတ်ကျွတ်လေးနဲ့ တို့လို့ ကောင်းမှကောင်းပဲ။

        Reply

  • etone

    June 27, 2011 at 9:04 am

    တရုတ်ကန်စွန်းရွက်က ဟိုက မျိုးယူပြီးများ စိုက်သလားလို့ပါ … ။ သေချာတော့ မသိဘူး … စားလို့တော့ ပိုကောင်းတယ် … အရွက်ဖားဖားကြီးတွေနဲ့ အိနေတာပဲ စားရတာ ။

    Reply

    • pan pan

      June 27, 2011 at 10:33 am

      ဟုတ်တယ်နော်…။
      ကော်ရည်ထည့်ကြော်ရင် ပိုကောင်းသေးတယ်။
      ကန်စွန်းပလိန်းဆို ဟော်တယ်စာပဲ။ 😀

      Reply

  • usnczn

    June 27, 2011 at 9:35 am

    ရေတော့ သေသေခြာခြာ ဆေးကြပါဗျို့
    အရွက်ဖားဖားကြီးဖြစ်ဖို့ ဓါတ်မြေဩဇာ တွေ
    နင်းကန်ထဲ့ပြီး ရေဆိုးမြောင်းထဲက ရေသွင်း စိုက်တာဆိုတော့
    ရေနိုင်အောင်ဆေးပါ။ပြီးတော့ တီကောင်..ကျွတ်..စတာတွေ သေချာ
    ရှာကြည့်အုံး။

    Reply

  • weiwei

    June 27, 2011 at 9:38 am

    မိုးများတဲ့ဒေသမှာ တရုတ်ကန်စွန်းက အရွက်ဖားပြီး နုပါတယ် … တရုတ်ပြည်က မိုးနဲတဲ့ဒေသတွေက ကန်စွန်းရွက်ကတော့ ဗမာကန်စွန်းရွက်လို အချွန်အရွက်သေးသေးလေးတွေပဲ ပေါပါတယ် …

    တရုတ်ဆိုင်မှာ ကြော်ရောင်းတဲ့ ကန်စွန်းမို့လို့သာ တရုတ်ကန်စွန်းလို့ ခေါ်တာဖြစ်ပါလိမ့်မယ် …

    Reply

  • KoNyeinChan

    June 27, 2011 at 6:43 pm

    ကျွန်တော့်အမြင်ကိုပြောရရင်…
    ရှေးရှေး မြန်မာလူကြီးတွေ နှိုင်းလေ့ နှိုင်းထ ပြောလေ့ပြောထ ရှိတာကတော့
    မည်းနက်တတ်တာတွေကို ကုလားနဲ ့နှိုင်းလေ့ရှိပြီး အဖြူဘက်ရောက်တာတွေကိုတော့ တရုတ်နဲ ့နှိုင်းလေ့ရှိတတ်တယ်
    ဒါကြောင့်သာမန် ကုန်းကန်စွန်းနီထက် ဖြူတဲ့အရောင်ရှိတဲ့ ရေကန်စွန်းကို တရုတ်ကန်စွန်းလို ့ခေါ်ခြင်းဖြစ်နိုင်ပါကြောင်း….

    Reply

  • bigcat

    June 28, 2011 at 1:43 am

    ကန်စွန်းရွက်ဆိုတာ တရုပ်ပြည်မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့တဲ့ ရှီဝှန်တီမင်းကြီးလက်ထက် နန်းတွင်းတော်ဝင် အစားအစာပါ။ တရုတ်လို ချန်ဆူးလို့ ခေါ်ပါတယ်။ မြန်မာအသံ ဖလှယ်လိုက်တဲ့အခါ ကန်စွန်းရွက်အမည်တွင်သွားပါတယ်။ တရုတ်ဘုရင် ဥတည်ပွားကို အနော်ရထာမင်း စစ်နိုင်တော့ စစ်နိုင်အထိမ်းအမှတ်အဖြစ် သိမ်းလာလို့ တရုတ်ကန်စွန်းရွက်လို့ အမည်တွင်ပါတယ်။ မယုံရင် ဝီကီပီးဒီးယားမှာ ရှာကြည့်ပါ။ http://en.wikipedia.org/wiki/တရုတ်ကန်စွန်းရွက်

    Reply

  • ဆူး

    June 29, 2011 at 3:13 pm

    တရုတ် ကန်စွန်း ကတော့ ကြော်မမဲ ဆိုပြီး အော်ရောင်းတယ်။ အတု မိတတ်လို့ သိပ် မဝယ်စားဘူး။
    ကန်ဇွန်း ဆိုရင် အရွက်ချွန်ချွန် အရိုးသေးသေး ကို ကြိုက်တယ် တချို့က ထိုင်ဝမ် ကန်ဇွန်းတဲ့ တချို့က မြန်မာ ကန်ဇွန်း ခေါ်တယ်။

    Reply

  • Sky

    June 29, 2011 at 3:33 pm

    မဆိုးဘူးဘဲ..ကန်စွန်းရွက်တောင်တော်တော်နာမည်ကြီးလာပြီ…:)

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2011 at 3:54 pm

    ဒါကတော့
    တရုပ် မယားပါသားတွေသမီးတွေက
    သူတို့အမေကို တရုပ်ချထားတာကို
    ဂုဏ်ပြုတာပေါ့
    သူ့တို့အမေလင်ကိုသူတို့ဂုဏ်ပြုတာ
    သူတို့အခွင့်အရေးဘဲ
    ကျုပ်ကတော့ ဗမာပြည်မှာစားရင် ဗမာကဇွန်းရွက်ဘဲ
    ကဇွန်းရွက်ကိုဘဲ
    သူ့အမေလင်တရုပ်နာမည်တပ်ရသေးတယ်လို့
    ခွေးသဒေါင်းဇားတရုပ်ဒွေဂိုများ

    Reply

    • ချစ်စ/ဆ ရာ

      June 29, 2011 at 5:05 pm

      မဟုတ်ဘူးလေ
      သူ့အကြောင်းရှိလို့သူခေါ်တာဘဲဟာ
      ဥပမာ ကလားပဲတို့ဘာတို့လည်းဒီလိုဘဲခေါ်တာဘဲ
      ရခိုင်ငှက်ပျော
      ရှမ်းနံနံ
      ဒါကိုဘာ့ကြောင့် မိုက်မိုက်ရိုင်းရိုင်းလိုက်ဆဲနေတာလဲ
      ဘုန်းကြီးကျောင်းမရှိတဲ့ရွာက လာတာလား

      Reply

  • twotwo70

    June 29, 2011 at 4:24 pm

    ှကျွန်တော်လည်းငယ်ငယ်တုန်းကဆိုရင် ငံပြာရေချက်ကလေးနဲ့တို့ရတာအရမ်းသတိရတယ်…မြန်မာပြည်ကငံပြာရည်ကိုလွမ်းတယ်

    Reply

  • nature

    June 29, 2011 at 5:08 pm

    ကဇွန်ရွက်ကြော်ရင် ခရုဆီနည်းနည်း ထည့်ကြော်ရင်မွှေးပြီးစားကောင်းတယ်။ အဆိပ်လည်းပြေတယ်။ငယ်ငယ်တုန်းကအိမ်မှာမွေးထားတဲ့ကြောင်တကောင် ဝဲပေါက်လို့ဆေးလိမ်းပေးတာ ကြောင်ကအဲဒီဆေးကိုလျှာနဲ့ပြန်လျှက်တာ အဆိပ်မိပြီး ဆန့်ငင်ဆန့်ငင် ဖြစ်သွားတယ်။ အဲဒါနဲ့သိတဲ့သူတယောက်က ကဇွန်းရွက် အရည်ညှစ်တိုက်လိုက်တာ သက်သာသွားတယ်။

    Reply

Leave a Reply

Your email address will not be published.