ဘလက်ဘန်း၏ ချေပဂိုးနှင့် အနိုင်ဂိုး များကြောင့် ရလဒ်ဆိုးများ ကြားမှ ရုန်းမထွက်နိုင် ဖြစ်ခဲ့ရသည့် အာဆင်နယ်

mickylayMay 4, 20101min02

ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ဘလက်ဘန်းနှင့် အာဆင်နယ် အသင်းတို့ ပွဲတွင် အာဆင်နယ် အသင်း အနေဖြင့် ပွဲအား ဦးဆောင် ထားနိုင် ခဲ့သော်လည်း ပွဲအပြီးတွင် ရှုံးပွဲ ကြုံတွေ့ ခဲ့ရသည်ဟု သိရသည်။

ဧပြီ ၃ရက်နေ့က ဝုလ်ဗ် အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်ပိုင်း ပြိုင်ပွဲ အရပ်ရပ်တွင် နိုင်ပွဲ မရရှိဘဲ ဖြစ်နေခဲ့သည့် အာဆင်နယ် အသင်း အနေဖြင့် ယခုပွဲအား ရှုံးနိမ့်မှုကြောင့် နောက်ဆုံး ၅ပွဲတွင် ၄ပွဲရှုံး ၁ပွဲ သရေဆိုသည့် ရလဒ်ဆိုးအား ပိုင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ၎င်းတို့ အသင်း အတွက် ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့် ရရှိစေမည့် အဆင့်၃ နေရာအား ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် ထားနိုင်ခြင်း မရှိခဲ့ဘဲ ပွဲတစ်ပွဲ ကစားရန် ကျန်ရှိနေသည့် တော့တင်ဟမ် ဟော့စပါး အသင်းအား မျှော်လင့်ချက်များ ဆက်လက် ရှင်သန် စေခဲ့သည်။

ပွဲချိန် ၁၃မိနစ်တွင် ဗန်ပါစီက အာဆင်နယ် အသင်း အတွက် ဦးဆောင်ဂိုးအား အနီးကပ် ခေါင်းတိုက် သွင်းယူပေးခဲ့ သဖြင့် အာဆင်နယ် တို့အနေဖြင့် အသာရ နေခဲ့သည်။ သို့သော် အိမ်ရှင် အသင်းဘက်မှ ဒန်းက ပထမပိုင်း မပြီးခင်လေးတွင် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့ရာ ပထမပိုင်း အပြီး၌ ၁ဂိုးစီ သရေ ဖြစ်နေခဲ့သည်။ ဒုတိယပိုင်း ၆၈မိနစ်တွင် ယခုပွဲ၏ အနိုင်ဂိုး အဖြစ် ဘလက်ဘန်း ကစားသမား ဆမ်ဘာက သွင်းယူ နိုင်ခဲ့ရာ အာဆင်နယ်တို့ အဝေးကွင်းတွင် ရှုံးပွဲ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။

2 comments

  • chitkay

    May 4, 2010 at 8:11 am

    ဘာပဲဖြစ်ဖြစ် အာကြီးကိုပဲ အားပေးတယ်……

    Reply

  • susunosuki

    May 4, 2010 at 11:45 am

    အာကြီးကတော့ကံဆိုးရှာပြီ

    Reply

Leave a Reply

Your email address will not be published.