ဂျူဗင်တပ်စ်မှ ထွက်ခွါ ဖြစ်ပါက ပရီးမီးယား လိဂ်သို့ သွားမည်ဟု ဘူဖွန် ပြောကြား

mickylayMay 4, 20101min01

ဂျူဗင်တပ်စ် အသင်း၏ အီတလီ လက်ရွေးစင် ဂိုးသမား ဘူဖွန်က ၎င်းအနေဖြင့် အသင်းမှ ထွက်ခွါဖြစ် ပါက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အသက် ၃၂နှစ် အရွယ် ရှိပြီ ဖြစ်သည့် ကမာ္ဘ့ နံပတ်တစ် ဂိုးသမားဟု တင်စားခြင်း ခံရသူ ဘူဖွန်က ၎င်းအနေဖြင့် ရာသီကုန်တွင် အသင်းမှ ထွက်ခွါဖြစ်မည် မထင်ကြောင်းနှင့် အကယ်၍သာ ထွက်ခွါဖြစ် ခဲ့ပါက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ လိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

“နောက် ၂ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ဒါပြီးရင် ဘာဖြစ်မလဲ စောင့်ကြည့် ရမှာပါ။ ကျွန်တော် အသင်းက ထွက်ခွါချင်လား ဆိုတာက အသင်း တာဝန်ရှိသူတွေ ကျွန်တော့်ကို ထွက်ခွါစေမလား ဆိုတာနဲ့ အတူတူပါပဲ။ အခုချိန်မှာ ကမ်းလှမ်းမှု မရှိသေး ပါဘူး။ ဒါပေမယ့် နောက် ၂ပတ် အတွင်းမှာ ဘာမဆို ဖြစ်သွား နိုင်ပါတယ်။ ဂျူဗီကနေ ထွက်ခွါမယ် ဆိုရင်တော့ ကျွန်တော် နောက် သွားမယ့် နေရာက ပရီးမီးယားလိဂ် ဖြစ်မယ် ထင်ပါတယ်” ဟု ဘူဖွန်က ပြောကြားခဲ့သည်။

ထိုကြောင့် လက်ရှိ ပရီးမီးယားလိဂ်တွင် ဂိုးသမား အသစ် ရှာဖွေ နေသည့် အသင်းများ ဖြစ်သည့် မန်ယူ၊ အာဆင်နယ်နှင့် မန်စီးတီး အသင်းတို့ အနေဖြင့် ဘူဖွန်အား ခေါ်ယူနိုင်ရေး ကြိုးပမ်း လာကြဖွယ် ရှိနေပြီး မန်စီးတီး အသင်းသည် ပြီးခဲ့သည့် နွေရာသီက ဘူဖွန်အား ကမ်းလှမ်းခဲ့ သော်လည်း ပယ်ချခြင်း ခံခဲ့ရဖူးသည်။

One comment

  • susunosuki

    May 4, 2010 at 11:47 am

    ပရီးမီးယားလ်ဂ်ကတော့ တော်တော့်ကိုဂုဏ်သတင်းကြီးတဲ့ အနေအထားပါပဲ

    Reply

Leave a Reply

Your email address will not be published.