သစ်ခြောက်ပင်အောက်ဝယ်

ဆူးMay 31, 20111min024

မောင်နမလေးတို့ရေ တခါတုန်းကပေါ့.. လုလင် တယောက်ဟာ နေပြင်းပြင်းပူတဲ့ နေ့တနေ့ ခရီးလမ်း လိုရာ မရောက်သေးတော့ ရှိသမျှ ခွန်အားနဲ့ ရုန်းကန် လှုပ်ရှားပြီး လျှောက်လှမ်း လာလိုက်တာ မောပန်း နွမ်းလျလွန်းလို့ မတ်တပ်တောင် မရပ်ချင်လောက်အောင် ဖြစ်နေချိန် မျက်စိထဲ တမျှော်တခေါ်ကြည့်မိတဲ့ မြင်ကွင်းထဲမှာ သစ်ခြောက်ပင်အို တပင် တွေ့မိခဲ့တာပေါ့ကွယ်။

ကွင်းပြောင်ပြောင် နေပူထဲမှာ သစ်ခြောက်ပင် တပင် အရိပ်နည်းပါးပေမဲ့ ခိုဖို့ အားခဲပြီး အရိပ်သေးသေးရတဲ့ နေရာလေးမှာ မှီရင်း ခရီးတထောက်နားပြီး အမော အပန်းဖြေခဲ့တယ်။ အမောပြေ တခဏ နားရင်း တရေး တမော အိပ်စက် အနားယူရင်းနဲ့ မျက်စိဖွင့်ကြည့်ချိန်မှာတော့ သစ်ခြောက်ပင်ကြီး နားမှာ ကိုယ့်လိုပဲ နားခိုပြီး နေတဲ့လူတွေ တော်တော်များများတွေ့လာခဲ့တပေါ့ကွယ်။
ခင်မင်ရင်းနှီးစွာ နုတ်ဆက်စကားပြောရင်းနဲ့ အားလုံးနဲ့ ခင်မင်ခဲ့သလို စကားများများ ပြောပါများတော့ ရန်တွေလည်းဖြစ်ကြ သစ်ခြောက်ပင်ကြီး အရိပ်ခိုနေတဲ့ လူတွေ စည်ကားသလို ထိုလူတွေက စွန့်ချတဲ့ ရေတွေ ကနေတဆင့် သစ်ခြောက်ပင်ကြီး စိမ်းစိုလာခဲ့တယ်။

ပထမ ရောက်နေတဲ့ လူတွေ လည်း ရှိနေသလို နောက်ထပ် စိမ်းစိုနေတဲ့ သစ်ပင်ကြီး ဆီကို ရောက်လာကြသူတွေလည်း ရှိတယ်။ အမြင်မတူပေမဲ့ အားလုံး အဆင်ပြေပြေနဲ့ မငြီးငွေ့ရအောင် ရုက္ခစိုးကြီးခိုင် ကလည်း ပွဲဆူအောင် ထထ လုပ်ပြီး သစ်ပင်အောက်မှာ တင် ထထပြီး ဓါးတွေခုတ် ဂဲတွေနဲ့ထု.. ရန်ပွဲတွေ ကိုယ်စီနဲ့ တိုက်ရ ခိုက်ရ စကားများကြရင်း အတော်လည်း မောနေကြသတဲ့ စိတ်ပျက်စရာ ကောင်းတဲ့ စကားတွေ မြင်ရသိ ရတော့ ခိုးလိုးခုလုနဲ့ ဒေါကန် စိတ်အနှောက်အယှက်ဖြစ်နေရတာပေါ့။
နောက်ဆုံးတော့ သစ်ပင်အောက်မှာ ရှိတဲ့ လူအဖြစ်ကလေ ရုက္ခစိုး ခိုင် ရဲ့ ဘူးထဲက ပုရစ်တွေ တကောင်နဲ့ တကောင် တိုက်ပြီး ကိုင်အောင် လုပ်ခံနေရတာ သတိမထားမိပဲ ဟိုမဲ ဒီမဲ ပြသနာ ဖြစ်နေကြသလိုပေါ့ကွယ်။
သတိလစ်သွားရင် ပုရစ်တွေ ထွက်မသွားရလေအောင် တကောင်နဲ့ တကောင် တိုက်ပြီး ကိုက်ခိုင်းသလိုပါပဲ။ တခါတရံ သူကိုယ်တိုင် ပုရစ် အသွင်ဖန်ဆင်းပြီး ပုရစ်ချုပ် အသွင်နဲ့ ဝင်တိုက်ပါတယ်။ တခါတရံ ခံနေရတဲ့ ပုရစ် အားမငယ်ရအောင် အမြီးလေး တို့တို့ပြီး ကျုပ်ရှိတယ်နော်..ဆိုပြီး ပုရစ်ချုပ် အသွင်ဖန်ဆင်းပြီး မျက်စိတဖက်မှိတ်ပြပြီး အားပေးလိုက်တယ်။ ထိုထို ပုရစ် ချုပ်ချုပ်ကြီး မျက်စပြစ်ပြတာ မြင်ပြီး အားတွေ တက်လို့ တိုက်မယ် ခိုက်မယ်နဲ့ လက်သီး လက်မောင်းတန်းလည်း ကျေနပ်ပါတယ်။ ပွဲဆူမှ သစ်ပင်အောက်က လူတွေ ထွက်မသွားမှာဖြစ်ပါတယ်။
ဒီလိုနဲ့ သစ်ပင်အောက်က လူတွေ ဘူးထဲက ပုရစ်ဖြစ်မှန်း မသိ ဖြစ်နေကြပါတယ်။
ပုံပြင်လေးကတော့ ဒီမျှပါပဲ။ နောက်မှ ဆက်ပြောတော့မယ် ဉာဉ့်နက်ပြီ ဆိုတော့ ကလေးတို့ အိပ်ကြတော့နော်.. နောက်နေ့တော့ နောက်ထပ် ပုံပြင် တခု ထပ်ပြောပြတာပေါ့။

တီးတီးတာတာ.. တီးတီးတာတာ.. တီးတီးတီ…

ကလေးတို့ အိပ်ချိန် ညပိုင်း အစီအစဉ်မှ ပုံပြင် အစီအစဉ် ပြီး ဆုံးပါပြီ နောက်နေ့တွေမှာလည်း မောင်နှမလေးတို့ ဆက်လက် နားဆင်ဖို့ မမေ့နဲ့နော်.. ဘိုင် ဘိုင်း… ဂွတ်နိုက်…

24 comments

  • ဆူးပြောမှဘဲရွာထဲကလူတွေ ပုရစ်ဖြစ်ကုန်ပြီ။
    ဆူးပုရစ်မ အထူးပစ်ဟ
    ခေါင်ချုပ်ကြီးကို လက်နက်ကြီးနဲ့ဆော်

    Reply

  • mihninlay

    May 31, 2011 at 4:49 pm

    ဒါဆိုရင်တော့ရွာထဲမှာပုရစ်ပေါတယ်….မန်းလေးပုရစ်ကျော်လိုကျော်စားပစ်မယ်…တစ်ကောင်မကျန်အကုန်ဖမ်း ဟမ်းဟမ်းဟမ်း….. 😛

    Reply

  • hmee

    May 31, 2011 at 4:53 pm

    ဆူးရယ် ကြံကြံဖန်ဖန် တွေးလည်းတွေးတတ်တယ်။

    Reply

  • ဆူး

    May 31, 2011 at 5:25 pm

    ပုရစ်သည်နဲ့ လာတွေ့နေတယ်။ ပုရစ်တွေတော့ ကပ်ဆိုက်တော့မှာပဲ။

    Reply

  • nature

    May 31, 2011 at 5:30 pm

    ပုရစ်တွေလည်းရွာလည်နေကြတယ်နဲ့တူတယ်။

    Reply

  • padonmar

    May 31, 2011 at 5:53 pm

    ဒါဆို MG က သစ်ခြောက်ပင်ကြီးပေါ့။

    Reply

  • windtalker

    May 31, 2011 at 6:23 pm

    ဝိုင်းဝိုင်း မိုးသီချင်း က ပါသေးတယ် ထင်တယ်နော် တီတီ တာတာ တီတီတာတာ

    Reply

  • kai

    May 31, 2011 at 7:00 pm

    ပုရစ်ဂေးတွေကို.. ပုရစ်မမ ဦင်္းဆောင်ပြီး.. ရုက္ခစိုးသဘောတူညီချက်မရပဲ… အတင်းတိုက်ထုတ်လိုက်တာ ..မပါသေးဘူးနော..။
    ပုရစ်မမ နောက်ဘဝမှာ.. ဟိုမရောက်ဒီမရောက် ပုရစ်ကွိစိကွစိဖြစ်ပါစေလို့.. ပုရစ်ဂေးတွေ.. ရုက္ခစိုးဆီမှာ…လာကြိမ်ထားတယ်..။
    ရုက္ခစိုးက..ပုရစ်မမသိစေရန်.. insider news ထုတ်ပေးလိုက်ပါတယ်..။..။

    Reply

    • ဆူး

      June 1, 2011 at 1:03 pm

      insider news အတွင်း သတင်း ဆိုတော့ အတင်းအဖျင်းပေါ့.. သဂျီးလည်း ရပ်ကွက်ထဲ လှည့်ပြီး အတင်းတုတ်တဲ့ အကျင့်ရှိနေသေးတာပဲ။

      သဂျီး ဂေးတွေ ထွက်သွားတာ တကယ် စိတ်မကောင်း ဖြစ်နေလား.. ဆူး ပြန်ခေါ်လာပေးမယ်။ ဒီတိုင်းတော့ မရဘူး တခုတော့ ပေးစပ်ရလိမ့်မယ်။
      သွေးသစ်လောင်းတယ် ဆိုတဲ့ စကား ကြားဖူးတယ်မလား..
      ရွာထဲက ကျားကျား မမ အကုန် သွားမယ်။ သဂျီး လိုချင်တဲ့ ဂေးဂေးတွေ ပြန်လာစေရမယ်။
      ၂ခုထဲက တခုရွေး.. တခုလိုချင် တခုပေးဆပ်ရမယ်။

      Reply

      • မှော်ဆရာ

        November 28, 2011 at 4:20 pm

        ဟေး မဆူးကွ .. ရုက္ခစိုးတော့ ပုရစ် ဆူးနဲ့ထိုးတာ ခံနေရပြီ …

        Reply

        • မှော်ဆရာ

          November 28, 2011 at 4:22 pm

          ပြောသာပြောရ ပုရစ်လဲ နှလုံးပြူးကြောက်တာပဲ

  • MaMa

    June 1, 2011 at 12:28 am

    ပုံပြောတဲ့ဆူးရေ- ပုံပေါ်အောင်လည်း ပြောတတ်ပါပေတယ်။ ပါဝင်ကပြ အသုံးတော်ခံသူ အပေါင်းကလည်း (ပုရစ်အဖြစ်လည်းကောင်း၊ ရုက္ခစိုးအဖြစ်လည်းကောင်း) ကိုယ့်ကျရာ ဇာတ်ရုပ်ကို နှစ်သက်လက်ခံကြပုံပဲ။ နောက်တစ်ခါ ပုံပြောရင် နတ်ပြည်နဲ့နှိုင်းပြောရင် နတ်သား နတ်သမီးတွေဖြစ်ရရင် ပိုကောင်းမယ်နော်။
    ရုက္ခစိုး ကလည်း ဂေးတိုက်ထုတ်ရေးကို သူမကျေနပ်တာ ဒီမှာ လာပြောခွင့်ကြုံသွားတာပေ့ါ။

    Reply

    • etone

      June 1, 2011 at 7:21 am

      ရုပ်ကဆိုးကလည်း ဂေးအဖွဲ့ဝင်လားမှ မသိတာ မမရဲ့ …. ။ 😛

      Reply

      • MaMa

        June 2, 2011 at 1:17 am

        ရုက္ခစိုး လုပ်ပါ အီတုံးရယ်။ ရုက္ခစိုးလည်း အားနာပြီး ခါးပါသွားလို့ ဂေးဖြစ်နေလား ဘယ်သိနိုင်မလဲ။

        Reply

        • ဆူး

          June 2, 2011 at 4:48 am

          ဖြစ်တော့ ဖြစ်နိုင်တယ်.. တလောက ခါးသိပ်မကောင်းဘူးတဲ့.. ဗလ တူတူ တယောက်ကို ထမ်းလိုက်လို့ ဆိုလား.. မမ ပြောမှ သည်းလွန်စ ရမိတယ်။
          ဒါပဲ ဖြစ်မှာပါ။

  • shweminthar

    June 1, 2011 at 3:42 am

    ရုပ်ကဆိုး ဆိုတဲ့ သူ က ဘယ်သူလဲဟင်

    Reply

  • weiwei

    June 1, 2011 at 3:46 am

    ပုံပြောကောင်းတဲ့ ဆူးမမ …

    Reply

  • နွယ်ပင်

    June 1, 2011 at 8:19 am

    ဆူးရေ ပုံပြင်လေးကအရမ်းအသက်0င်ပါတယ် ….

    Reply

  • ပုရစ်ဆိုရင် ဥပါတဲ့ အမ မှဈေးကောင်းရတာနော်။
    ပုရစ်အခြောက် ပုရစ် မစိုမခြောက်ရော ပုရစ်ကိုကိုရော
    ပုရစ်မမရော သိထားဘို့နော်

    Reply

  • ဆူး

    June 1, 2011 at 12:57 pm

    ဒီဆိုက်ကို ဝင်စတုန်းက သစ်ခြောက်ပင်ကြီးပါ။
    အခုတော့ စိမ်းစိုနေတဲ့ သစ်ပင်ကြီး ဖြစ်နေလို့ ရွာသားတွေ အများကြီး ရောက်လာတာ။
    ပုရစ်ဂေးတွေ ပျော်ပျော် လက်ခံထားရင် သစ်ခြောက်ပင်က စိမ်းစိုနေလည်း တီကောင်ပဲ့ကျိ တက်နေတဲ့ သစ်ပင် ဘယ် ပုရစ်မှ အချွဲအကျိနဲ့ အညှီကြားမှာ မနေဘူး။
    ဒီရုက္ခစိုး အညှီအဟောက်တယ် ကြိုက်ပါလား.. ကျီးကန်းကနေ ရုက္ခစိုး ဘဝ ပြောင်းသွားတာလား မသိဘူး။
    ရုက္ခစိုးက ကျေးဇူးတင်ရကောင်းမှန်း မသိပဲ.. အပြစ်မြင်တတ်နေလို့ ရုပ်ဆိုးနေတာ။
    ပုရစ်တွေ စုပြီး သစ်ပင်ကြီး ဝိုင်းကိုက်လိုက်ရမလား.. ချတက်လို့ ကြေမွ သွားတာထက်တောင် ဆိုးသွားအုန်းမယ် ဘာမှတ်နေလဲ။

    Reply

  • phyoshein

    June 1, 2011 at 2:54 pm

    သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းတဲ့..
    ခုတော့ ပုရစ် တစ်သောင်း ဖြစ်ပါရောလား..
    အင်းလေ.. ပုရစ်ကမှ ပိုပြီး.ညံစီ ညံစီ အော်နိုင်သကိုး..
    ဟုတ်ပါရဲ့.. ရုက္ခစိုးကလည်း.. တစ်ခါ တစ်ခါ ဘယ်သူမှ မခါ်ဘဲ…
    မင်းတောင့်တလို့ ငါကိုယ်ထင်ပြရတာကွ.. လုပ်သေးတယ်…
    ဆူး..ပြောမှပဲ.. ကိုယ်ကိုယ်ကို ပုရစ်ဖြစ်နေမှန်းသိတယ်..
    ဘာပဲ ဖြစ်ဖြစ်.. ဆက်အော်လိုက်ဦးမယ်..

    Reply

  • shwe ni

    June 5, 2011 at 2:45 pm

    ရွာထဲ (၁၀)ရက်လောက်မရောက်တာနဲ့ ဆူးရဲ့ ပုရစ်ပုံပြင်ကိုခုမှပဲဖတ်ရတော့တယ်

    Reply

  • ကြေးမလောင်

    November 28, 2011 at 4:00 pm

    ပုရစ်အကောင်ကြီးတွေ ဆိုရင်တော့ ဖမ်းပြီးတော့ အူကလီစာ ထုတ်ပြီး ကြက်သွန်နဲ့ ဂျင်းနဲ့ ကြော်စားရင် သိပ်ကောင်းတယ်။ အထီး နဲ့ အမ တောင်မတူဘူး အမ က သိပ်ဆိမ့်တာပဲ။

    Reply

  • naywoonni

    November 28, 2011 at 4:55 pm

    မောင်ပေရေ့…..။ တံမြက်စည်း တစ်ချောင်းယူခဲ့ဝေ့….။ ဒီမှာပုရစ်တွေကျနေတယ်…။ လှည်းပြီး ကျုံးရုံပဲ…။ မင့် ဘောပွဲတစ်ညတော့ လောင်းဖို့ရလောက်တယ်…။

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.