Dae Jang Geum Park (နန်းတွင်းရတနာ ရိုက်ကွင်းနေရာ)

ဆူးMay 31, 20112min016

မြန်မာပြည် အသံလွင့်ဌာန တခုဖြစ်တဲ့ မြဝတီ ရုပ်မြင်သံကြားမှာ ပြသခဲ့တဲ့ နန်းတွင်းရတနာ ရုပ်ရှင် နှင့် မင်းသမီး ချန်ကင် ကိုတော့ အားလုံး သိကြမှာပါ။ ပရိတ်သတ်တွေ အသည်းစွဲ အပတ်စဉ် မလွတ်တမ်း အားပေးခဲ့ကြသလို မီးပျက်တဲ့ အချိန်ခါနဲ့ ကြုံကြိုက်တော့လည်း အားမလျော့ပဲ တကွက်မှ အလွတ်မခံပဲ အားပေးခဲ့ကြတဲ့ အခိုင်အမာ မြန်မာ ပရိတ်သတ်ကြီးများ ဖြစ်ခဲ့ကြပါတယ်။

အခု တင်ပြမှာကတော့ ရိုက်ကွင်း အဖြစ် ဖန်တီးထားတဲ့ MBC အသံလွင့်ဌာန အပိုင် ပန်းခြံဖြစ်ပါတယ်။

နန်းတွင်းထဲမှာ ဖြစ်နေသလို ဖြစ်အောင် နန်းတွင်း ပုံစံ အဆောင်အအုံတွေ ဆောက်ပြီး ရုပ်ရှင် ရိုက်ကွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခိုင်အခံ ဆောက်ထားတဲ့ တကယ့် နန်းတော် မဟုတ်ပါဘူး။

ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ.. ဝင်ဝင်ခြင်း မြင်ရတဲ့ မုခ်ဦးက နန်းတော်ထဲ တကယ် ဝင်ရတော့မလို ခံစားရအောင် လုပ်ထားတာပါ။

အတွင်းကို ဆက်ဝင်သွားမယ် ဆိုရင်တော့…

ရုပ်ရှင် ရိုက်ကွင်းမှာ ပါတဲ့ အခန်းတွေမှာ လုပ်တဲ့ အပြင်အဆင် အတိုင်း ပစ္စည်းတွေကို ချထားပါတယ်။

ရုပ်ရှင် ကြည့်ပြီးတာ ကြာသွားလို့ မေ့သွားတာမျိုး မဖြစ်ရအောင် ရုပ်ရှင် အခန်းတွေနဲ့ နီးစပ်တဲ့ ပုံတွေလည်း အဝင် အဝ မှာ ဘုတ်ကလေးနဲ့ ထောင်ပြီး ပြထားပါတယ်။

ခင်းကျင်းထားတဲ့ နေရာက မီးဖိုချောင် နှင့် အစားအသောက်ပွဲ တွေ ဖြစ်ပါတယ်။ တကယ့် အစစ်လို့ ထင်ရအောင် လုပ်ထားပေမဲ့ အားလုံး အတုတွေ ကြီးပါပဲ။ ပုံထဲမှာ စားပွဲလေး တခုမှာ ခေါက်ဆွဲတွေ တခြား စားစရာတွေ လုပ်ထားပေမဲ့ အားလုံးက အတုကြီးပါပဲ။ ကိုင်လို့ရပါတယ်။ တချို့သော ပစ္စည်းများကျတော့ သယ်ပြီး မသွားနိုင်အောင် ကိုင်လို့ပဲ ရပါတယ် ခုံနဲ့ ကပ်ထားတဲ့ အတွက် မျက်စိနဲ့ အမြင် အားမရလို့ ပွတ်သပ်ကြည့်ယုံပါပဲ။

ရုပ်ရှင်ထဲမှာတော့ ပဲငပိ စိမ်တဲ့ အိုးတွေပါပဲ။ ဘာမှ မရှိပါဘူး အလွတ်ကြီးတွေပါ။ ဝင်ကြည့်တဲ့ လူတွေကတော့ အိုးတွေ ဟိုဖွင့်ဒီဖွင့် နဲ့ လှန်လှောကြည့်ပြီး နောက်တရာ ရွေ့သွားကြတာပါပဲ။

ဇတ်ဝင်ခန်းထဲမှာ ဝတ်ကြတဲ့ နန်းတွင်း အဝတ်အစားငှားတဲ့ နေရာ ဖြစ်ပါတယ်။ တခါ ငှားဝတ်ရင် ဝမ် ၅၀၀ဝ ပေးရပါတယ်။ ကြိုက်တဲ့ အရောင်ကို ငှားဝတ်လို့ရပါတယ်။ ဇတ်ဝင်ခန်းထဲမှာ ဆေးဆရာ ဝတ်စုံ စားဖိုမှုး ဝတ်စုံ မယ်တော်ကြီးများ ဝတ်စုံ စသဖြင့် စိတ်ကြိုက် တခုကို ငှားဝတ်နိုင်ပါတယ်။

ဇတ်ဝင်ခန်းထဲမှာ နန်းတွင်း အပြင်ထွက်ပြီး နေတဲ့ ဇတ်လမ်းနေရာကိုလည်း ထို ပန်းခြံထဲမှာပဲ တောပုံစံ ဓလေ့ ထင်သာအောင် ပြုပြင် ဖန်တီး ရိုက်ကူးထားပါတယ်။

ပန်းခြံကတော့ စတုရန်း မီတာ ၂၀၀ဝ ကျယ်ပါတယ်။ ကျယ်ဝန်းတဲ့ ပန်းခြံကို သေသပ်စွာ အဆောင် အခန်းတွေ စနစ်တကျ ဆောက်လုပ်ပြီး ရိုက်ကွင်းပြုလုပ်ထားတာဖြစ်ပါတယ်။ အောင်မြင်မှု ကြောင့် လူစိတ်ဝင်စားမှု ထပ်မံ ရလာတဲ့ အခါမှာတော့ ရုပ်ရှင် ရိုက်ကွင်း ပြုလုပ်တဲ့ နေရာကို ယာယီ ဆောက်လုပ်ထားသော်လည်း မဖျက်တော့ပဲ ခရီးသွား ဆွဲဆောင်မှု နေရာ တခု အနေနဲ့ ပြုလုပ်ပြီး ဝင်ကြေးနှင့် တကွ ဓါတ်ပုံရိုက်ကြေး စသဖြင့် ယူပြီး တဖက်တလမ်းမှ ဝင်ငွေယူလျက်ရှိပါသည်။ အလွန်ကောင်းတဲ့ စိတ်ကူးလည်း ဖြစ်ပါတယ်။

ဝင်ကြေး – အသက် ၁၃နှစ်နှင့် အထက် ဝမ် ၅၀၀ဝ ကျပါတယ်။

16 comments

  • MaMa

    June 1, 2011 at 12:47 am

    ကြည့်ရတာ စိတ်ဝင်စားစရာပဲ။ သွားကြည့်ချင်စိတ်တောင် ပေါက်လာပြီ။ ရုပ်ရှင်အောင်မြင်လို့ ရိုက်ကွင်းနေရာနဲ့ အဝတ်အစားတွေကို ခရီးသွားဆွဲဆောင်မှု တစ်ခုအနေနဲ့ ပြုလုပ်ပြီး ဝင်ကြေးနှင့်တကွ ဓါတ်ပုံရိုက်ကြေး စသဖြင့် ယူပြီး ငွေရှာတဲ့ အိုင်ဒီယာကလည်း အတုခိုးစရာကောင်းတယ်နော်။

    Reply

    • ဆူး

      June 1, 2011 at 2:07 pm

      စိတ်ကူး ကတော့ အလွန်ကောင်းတယ်။ သဂျီးပြောတဲ့ မီလျှံ ဘစ်ဇနက် ဆိုတာ အဲဒါမျိုးပေါ့.. တိုးတွေ ကို ညာရိုက်နေတာ.. အမှန်တော့ ပျင်းစရာကြီး..
      ဆူး လည်း မသွားခင်က MRTV -4 က ကိုကို စက်မှု သွားတုန်းက ရိုက်ခဲ့တာတွေ ကြည့်ပြီး သွားကြည့်ချင်တာ.. သိပ်တော့ မထူးခြားပါဘူး။ သွားလိုက်တော့ သိသွားတာပေါ့။

      Reply

  • Shwe Tike Soe

    June 1, 2011 at 2:35 am

    ကိုရီးယားတွေများ အကုန်အကျခံလို.ဗျာ…
    ကျွန်တော် တို.ဆီမှာ သရုပ်ဆောင် ၄ယောက်လောက်နဲ. ပြီးတယ်…
    ဒါရိုက်တာ ပညာကွာတာလားမသိဘူးနော်.. ဟဟဟ

    Reply

  • hmee

    June 1, 2011 at 7:05 am

    တကယ်ကို ဗဟုသုတရပါတယ်။ အဲလိုနေရာ ရောက်များရောက်ခဲ့သည်ရှိသော် သွားပြီး ကြည့်ဦးမယ်။

    Reply

  • nozomi

    June 1, 2011 at 7:37 am

    ကိုရီးယားဝတ်စုံလေးနဲ့ ဆူးမမ ပုံပါရင် ပို့စ်က ပိုအသက်ဝင်သွားမယ်

    Reply

  • etone

    June 1, 2011 at 9:34 am

    အကျီ င်္ တွေ က အမြဲ ရှင်းနေပုံပဲ နော် … ဖုန်တတ်တဲ့ပုံမတွေ့ရလို့ … ။
    ဒါနဲ့ ကိုရီးယားဝမ်နဲ့ ဒေါ်လာ exchange rate လေးပြောပါဦး … ။

    Reply

    • ဆူး

      June 1, 2011 at 1:54 pm

      ဖုန်သိပ်မရှိတဲ့ မြို့မိုလို့ ဖြစ်ပါလိမ့်မယ်။ လှည်းလမ်းကြောင်းနဲ့လည်း ဝေးတယ်ဆိုတော့.. ဖုန် သိပ်မရှိဘူး။ ဟီးဟီး

      Reply

  • manawphyulay

    June 1, 2011 at 9:48 am

    ညီမလေးက ဘယ်တုန်းက သွားခဲ့တာလဲဟင်…

    Reply

    • ဆူး

      June 1, 2011 at 1:57 pm

      လောင်းလောင်း အဂိုးက သွားခဲ့တာပါ..
      တင်ချင်စိတ်သိပ်မရှိလို့ မတင်ပဲ ရပ်ထားခဲ့တာ အခုမှ စိတ်ကူးရလို့ ကောက်တင်လိုက်တာပါ။

      Reply

  • ဆူး

    June 1, 2011 at 1:00 pm

    ညီမလေး အီးတုံး.. အမ တို့ သွားတုန်းက ၁ ဒေါ်လာ တထောင် ဝန်းကျင် ပေါက်သလို ကိုရီးယား ဝမ် ကလည်း ၁ဒေါ်လာ ၁၀၀ဝ ကျော်ကျော်လေး ပေါက်ပါတယ်။
    မြန်မာ ငွေနဲ့ တန်ဖိုး မကွာပါဘူး။
    သူတို့ ၁သိန်း မြန်မာ ၁သိန်း မှန်းပြီး တွက်လို့ ရပါတယ်။

    Reply

  • nature

    June 1, 2011 at 2:47 pm

    စားစရာလေးတွေကဆူးပြောမှအရုပ်မှန်းသိရတယ်၊ ကိုရီးယားရုပ်ရှင်တွေက mood သွင်းတာတော်တယ်၊ သူတို့ကိုကြည့်ရင်းဈာန်ဝင်သွားပြီး သူတို့သရုပ်ဆောင်နေတယ်ဆိုတာမေ့သွားတယ်။

    Reply

  • unclegyi1974

    June 1, 2011 at 4:43 pm

    ငွေရှာရတယ်လွယ်တာပဲ
    သူတို့ဆီမှာရုပ်ရှင်ရိုက်ကွင်း
    တကယ်ဖြစ်ပျက်ခဲ့တာလည်းမဟုတ်တဲ့နေရာတောင်
    လူဝင်ပြီးငွေဝင်အောင်လုပ်နိုင်တယ်
    မြန်မာမှာမန္တလေးနန်းတွင်းဆိုတာသမိုင်ဝင်နေရာ
    ဘာဖြစ်လို့ဧည့်သည်အလာနည်းပြီးငွေမဝင်တာလည်းဆိုတာ
    လင်းပေးပါအုန်းလေ မဆူးရဲ့

    Reply

  • ဆူး

    June 1, 2011 at 4:53 pm

    အန်လကယ်ကြီးကို သီပေါမင်း နေရာက ထားပြီးတော့ နာမည် ကျော်ကြားအောင် ရုပ်ရှင် တကား ကမ်းလှမ်းချင်ပါတယ်။
    အန်လကယ်ကြီးရဲ့ အစွမ်းအစနဲ့ သရုပ်ဆောင် ပီပြင်မှု ရဲ့ နောက်ဆက်တွဲ အသီးအပွင့်ကိုတော့ ရွှေနန်းတော်ကြီးက ခံစားရမှာပါ။
    အားကိုးပါတယ် နော်.. အန်လကယ်ကြီး..

    ဒါက ဒီလို ရှိတယ် ဟိုဟာက ဟိုလို ရှိတယ်။
    ရုပ်ရှင်ရဲ့ အောင်မြင်မှုက သူတို့ အတွက် ရတနာ တပါးလိုပါပဲ။
    ကင်ချီ ဆိုတာ လူတွေ မသိသိအောင် ရုပ်ရှင်ထဲမှာ ကင်ချီ စိမ်ပြတယ်။
    ရိုင်းတယ် ဆိုပြီး သိထားတဲ့ လူတွေရဲ့ အတွေးအမြင် ပြောင်းလဲ သွားအောင် မိသားစု ထမင်းဝိုင်းနဲ့ နွေးထွေးမှု ကို ပြသကြတယ်။ တယောက်နဲ့ တယောက် ရိုသေလေးစားမှု ပြကြတယ်။ မိဘ သဘောမတူရင် မယူဘူး ဆိုပြီး အောင့်အီးပြကြတယ်။ တကယ် အဟုတ် အမှန် ဟုတ်မဟုတ်တော့ ကာယကံရှင်တွေပဲ သိမယ်။ သူတို့ ထိုးဖောက် မှုကြောင့် ပဲခေါက်ဆွဲ၊ တော့ပူကီ စသဖြင့် စားချင်ပြီး သူတို့ နိုင်ငံကို သွားလည်ကြတယ် စားကြည့်ကြတယ်။ ဒါမျိုးပါပဲ။
    လုပ်ရင် ဖြစ်တယ် ဆိုတာ ကိုရီးယားတွေက သက်သေပြကြပါတယ်။ ဒါပေမဲ့ အရည်အချင်း ရှိဖို့တော့ လိုမှာပေါ့။

    Reply

  • တညင်သား

    June 2, 2011 at 6:42 pm

    ၁၃ နှစ်အောက် ဆိုရင် ဝမ် ဘယ်လောက်ပေးရမလဲ သိချင်ပါတယ်..

    Reply

  • mihninlay

    June 3, 2011 at 7:38 am

    ကိုတညင်သားအသက်က၁၃နှစ်အောက်များဖြစ်နေမလားပဲ

    Reply

  • mayhtet

    June 3, 2011 at 2:36 pm

    အဲဒီကားကို ညီမအရမ်းကြိုက်တယ် မမဆူးရေကျေးဇူးဘဲအခုကိုတင်ပေးတဲ့အတွက်

    Reply

Leave a Reply

Your email address will not be published.