မန္တလေးမှာ ခေတ်မီဖိုင်ဘာစနစ်ချပေးတော့မည်ဟုဆို

klnApril 30, 20101min01

ရတနာပုံတယ်လီပို့ကဝန်ဆောင်မှုပေးမယ့်ခေတ်မီဖိုင်ဘာဆက်သွယ်ရေးစနစ်(Fiber To The Home)ကို မန္တလေးမြို့မှာလာမယ့်မေလကုန်ပိုင်းကစတင်ပြီး အသုံးပြုနိုင်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ခေတ်မီဖိုင်ဘာ ဆက်သွယ်ရေးစနစ်ဆိုတာ သုံးစွဲသူနေအိမ်ကို ဖိုင်ဘာကြိုးတစ်ချောင်းရောက်ရုံနဲ့ တယ်လီဖုန်း၊ အင်တာနက်၊ ရုပ်မြင်သံကြား(triple play)စတာတွေ အသုံးပြုနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ မန္တလေးမြို့မှာ (FTTH)နည်းပညာအသုံးပြုခွင့်ပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သရုပ်ပြရှင်းလင်းပွဲကို ဧပြီလ ၄ရက်က ဆီဒိုးနားဟိုတယ်မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ “လျှောက်လွှာတွေကို ဧပြီလကုန်ပိုင်းမှာလက်ခံမှာပါ၊ မေလကုန်ပိုင်းမှာစတင်အသုံးပြုခွင့်ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်၊ ကြိုးဖိုး၊ ပစ္စည်းတွေအတွက် ကျပ်ကိုးသိန်းကျသင့်မှာပါ”လို့ ရတနာပုံတယ်လီပို့မှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောပြခဲ့ပါသည်။
www.khitlunge.org.mm

One comment

  • moethiha

    May 22, 2010 at 10:26 am

    လစဉ်ကြေးကလဲမိုက်နဲ့ဆိုတော့။တပ်သင့်တာပေါ့
    ကျွန်တော်ပိုက်ဆံစုလိုက်ဦးမယ်ဗျာ

    Reply

Leave a Reply to moethiha Cancel Reply

Your email address will not be published.