လူသုံးကုန်အချို့အရစ်ကျဝယ်လို့ရမယ်ဆိုပြီးလိမ်လည်

klnApril 30, 20101min01

နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ လူသုံးကုန်လျှပ်စစ်ပစ္စည်းနဲ့အိမ်ဆောက်ပစ္စည်းတချို့ကို အရစ်ကျငွေချေစနစ်နဲ့ ဝယ်ယူနိုင်ကြောင်း ပြောဆိုပြီး လိမ်လည်တဲ့ဖြစ်ရပ်တစ်ခု ဧပြီလ ပထမပတ်က ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်းသိရတယ်။ နာမည်စာရင်းပေးပြီးအရစ်ကျစနစ်နဲ့ ဝယ်ယူ နိုင်မယ်ဆိုတဲ့ ပစ္စည်းတွေက သွပ်၊ တီဗီ၊ ဒီဗီဒီ၊ အင်ဗာတာ၊ ဆိုင်ကယ်စတာတွေပါ။ ဧပြီလ ၈ရက်နေ့က ကျုံပျော်မြို့နယ် မှော်သေးရွာမှာဖြစ်ခဲ့တာပါ။ လိမ်လည်သူတွေက ငသိုင်းချောင်းမှ သူတို့ရဲ့ အသိကို ခေါ်ပြီးဆိုင်ကယ်ကယ်ရီနဲ့ မှော်သေးရွာကိုလာလိမ်ကြတာပါ။ လင်မယားနှစ်ယောက်လာလိမ်တာလို့ဆိုတယ်။ သည်ပစ္စည်းအချို့ကိုအရစ်ကျရောင်းပေးမယ်၊ ဝယ်ချင်ရင်ကျပ်ငွေနှစ်ထောင်ပေးပြီးနာမည်စာရင်းပေးသွင်းဝယ်ယူနိုင်တယ်လို့ပြောကြောင်းသိရတယ်။ အလိမ်ခံရသူ တွေကလည်းရွာခံလူတစ်ယောက်ပါတဲ့အတွက် မလိမ်လောက်ဘူးထင်ပြီး အယောက်နှစ်ရာကျော်လောက်စာရင်းပေးတဲ့ထဲပါသွားတယ်လို့အလိမ်ခံရသူရွာခံတစ်ဦးကပြောပါတယ်။ တစ်ဦးက ကျပ်နှစ်ထောင်နှုန်းနဲ့ အယောက်နှစ်ရာကျော်လောက်ရှိတာကြောင့် ကျပ်လေးသိန်းကျော်လောက်ပါသွားတယ်လို့ဆိုတယ်။ အဲသည်အချိန်မှာပဲငသိုင်းချောင်းမှ အလိမ်ခံရသူအချို့က သူတို့လည်းသည်ပုံစံနဲ့ လိမ်သွားကြောင်းပြောမှ အလိမ်ခံရကြောင်းသိရတာပါ။ ကျုံပျော်မြို့နယ်က ၂၈နှစ်အရွယ်အလိမ်ခံရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ နာမည်ကိုပြောပြီး လိမ်ကြတာဖြစ်ပြီး ဝယ်လိုရမယ့် ပစ္စည်းတွေကလည်း နယ်မှာအသုံးလိုတဲ့ပစ္စည်းတွေဆိုတော့ အဆင်ပြေပြေနဲ့ရတာဆိုပြီး ရွာခံတွေကဝယ်ယူဖို့စာရင်း ပေးကြကြောင်း သိရပါတယ်။ အဲသည်လိုလိမ်လည်မှုတွေမခံရအောင်ဒေသခံတွေအနေနဲ့ပစ္စည်းမရသေးဘဲ ငွေကြိုပေးတဲ့ ဝယ်ယူမှုမျိုးတွေကို မလုပ်သင့်ဘူးလို့ဆိုထားပါသည်။ www.khitlunge.org.mm

One comment

  • susunosuki

    May 1, 2010 at 12:01 pm

    ခုတလောက ရန်ကုန်မှာလည်း
    လျှပ်စစ်ပစ္စည်းတွေကို အရစ်ကျနဲ့ပေးနေတယ်ဆိုပြီးသွားကြည့်တာ
    အဟောင်းတွေဖြစ်နေတာကို တွေ့ရတယ်

    Reply

Leave a Reply

Your email address will not be published.