ပန်းလှိုင်မြစ် မြစ်ကြောင်းကျဉ်းလာ

klnApril 30, 20101min02

ပန်းလှိုင်တံတားတည်ဆောက်ထားတဲ့နေရာနဲ့လှိုင်သာယာနည်းပညာတက္ကသိုလ် အနီးမှာ ပန်းလှိုင်မြစ်ရဲ့ မြစ်ကြောင်းကျဉ်းမြောင်းလာတာတွေ့ရတယ်။ ‘ ပြီးခဲ့တဲ့နှစ် ရေနည်းချိန်က တိုင်းတာခဲ့တာတောင် မြစ်အကျယ်က ပေသုံးဆယ်ကျော်ရှိတယ်၊ ဒီနှစ်ရေနည်းချိန်မှာ တိုင်းတာချက်က မြစ်အကျယ်က တစ်ပေခွဲသာသာပဲရှိတော့တယ်၊ တစ်နှစ်အတွင်းမှာမြစ်ကကောလိုက်လာတာ၊ ဟိုဘက်ကမ်းဒီဘက်ကမ်းခုန်ကူးလို့တောင်ရနေပြီ၊ မကြာခင်ကောသွားနိုင်တယ်’ လို့ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးမှုဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြစ်ထဲမှာ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ကျားပိုက်ထောင်တဲ့ အခါမြစ်ရဲ့ ရေစီးရေလာကို အဟန့်အတားဖြစ်ပြီး နုန်းတင်လာတယ်၊ ချောင်းမြောင်းပိတ်ပြီး ငါးရှာဖွေတာတွေပြုလုပ်တဲ့အတွက် မြစ်ကကောလာပြီး မြေနုကျွန်းတွေပေါ်လာတယ်။ အဲသည်မြေနုကျွန်းတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ဖြစ်ထွန်းတဲ့အတွက် မြေနုကျွန်းကိုပဲ လူတွေက ပိုပြီးတန်ဖိုးထားဂရုစိုက်လာတယ်လို့ တာဝန်ရှိသူက သူအမြင်ကိုရှင်းပြတယ်။ သူက ‘အရင်ကဆိုရင် ကမ်းပြိုတာတွေဖြစ်လို့မကြာခဏ ထိန်းသိမ်းပြုပြင်ရတယ်၊ အခုရေကိုမရှိတော့တာ၊ မြစ်ရဲအနောက်ဘက်ခြမ်းက လတာပြင်ဆိုရင် ကမ်းနားလမ်းထက်ကိုမြင့်တက်နေတယ်၊ သယ်ယူပို့ဆောင်ရေးမှာလဲ အရင်ကရေလမ်းကို အားထားရပေမဲ့အခုအခါကားလမ်းတွေအဆင်ပြေလာတော့ ရေလမ်းကိုပစ်ထားလိုက်တာလဲပါတာပေါ့’ လို့ ပြောတယ်။ တွံ့တေးဘက်က ရွာတချို့ဖြစ်တဲ့ အလက ပကျေးရွာ၊ ခတ္တိယကျေးရွာစတဲ့ ဘက်မှာမြစ်ကြောင်းက အရာပဲရှိပြီး မြစ်ရေလုံးဝမရှိတော့ဘူးလို့ သိရတယ်။ သည်လိုမြစ်ချောင်းတွေကောပြီးပျောက်ကွယ်လာတာဟာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ရေချိုရှားပါးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး သဘာဝအရင်းအမြစ် သယံဇာတဖြစ်တဲ့ ရေနေသတ္တဝါတွေ ပျက်စီးပျောက်ကွယ်တာမျိုး ဖြစ်ပေါ်လာစေနိုင်တယ်လို့ဆိုပါတယ်။ သူကဆက်ပြီး ‘ မြစ်ချောင်းတွေမရှိရင် ရေစီးရေလာကို ထိခိုက်နိုင်တယ်၊ မိုးရွာလို့မြစ်ချောင်းမရှိရင် ရေကဘယ်လိုပဲဆင်းမလဲ၊ စီးဆင်းစရာမရှိရင် ပင်လယ်လို အိုင်ကြီးတွေဖြစ်လာမယ်၊ မြို့တွေမှာ ရေတွေဝပ်မယ်၊ တင်မယ်၊ အဲဒါဆိုကျန်းမာရေးမှာလဲ ထိခိုက်မှုတွေရှိလာမယ်’လို့သူ့အမြင်ကိုပြော
ထားပါသည်။ www.khitlunge.org.mm

2 comments

  • susunosuki

    May 1, 2010 at 11:56 am

    မသိလို့မေးချင်တယ်
    တစ်ပေခွဲပဲကျယ်တော့တဲ့ ရေစီးကို မြစ်လို့ခေါ်မလား
    တစ်ပေခွဲဆိုတာ တစ်တောင်လောက်နော်

    Reply

  • khinmintatthu

    June 13, 2010 at 5:07 pm

    အရင်ကတည်းကဖြစ်ပေါ်နေခဲ့တဲ့ မြစ်လို့အခေါ်အဝေါ်ကို အခုလိုကျဉ်းမြောင်းချိန်မှာလည်း မြစ်လို့ဘယ်ဆိုနိုင်မလဲ မြောင်းလို့ ခေါ်ကြရမှာပေါ့နော်……

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.