အဝေးရောက်မြန်မာများအတွက်..အလွမ်းပြေ..ဖားစည်သံများ (၂ )

zaw mgApril 26, 20112min02

 

နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့် သရက်ပင်ကြီး

 

သရက်ပင်ကြီးသည်အမြင့် ၃၉ လေခန့်ရှိပြီး လုံးပတ်ပေ ၂ဝခန့်ရှိပါတယ်..ဒေသအခေါ် ဆင်နင်းသရက်မျိုးဖြစ်ပြီး …..ထူးခြားချက်ကတော့ အပင်ပေါ်မှသရက်သီးများ အကိုင်းအခက်များ အပင်အောက်သို့ ပြုတ်ကျလျှင် …အပင်အောက်ရှိနေသူများကို ထိခိုက်စေခြင်း မရှိဘူးလို့ ဒေသခံရွာသူရရွာသားများကဆိုပါတယ်……………………..

နတ်ကျွန်းကျေးရွာဟာ…………အင်မတန်မှနတ်ကြီးတယ်လို့လဲ သိရပါတယ်………ရွာသူရွာသားများ………ရွာအတွင်း………..လူမူရေးဖေါက်ပြန်မှုတွေပြဲလုပ်တဲ့ အခါ……….ရွာထဲမှာရှိတဲ့မြွေတွင်းများမှ မြွေဟောက်ကြီးများ နေအိမ်ပေါ်သို့ တက်လာကာ သတိပေးတတ်ကြတယ်လို့လဲ သိရပါတယ်….

ကျေးရွာသူကျေးရွာသားများ ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကတော့ တောင်ယာ စိုက်ပျိုးခြင်းနဲ့ တစ်ဖက်နိုင်ငံမှာသွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်တွေဘဲဖြစ်ပါတယ်…………

နတ်ကျွန်းရွာအလယ်ရှိ သရက်ပင်ကြီး
နတ်ကျွန်းကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း
နတ်ကျွန်းခရစ်ယာန်ဘုရားရှိခိုးကျောင်း
ငါးပြေမ တောင်

 

အိန္ဒူစံပြကျေးရွာကနေ ဇာသပြင်လမ်းအတိုင်းဆက်သွားရင် …ဘုရားကုန်းအထူးဒေသစံပြကျေးရွာအနီး လမ်းမကြီးရဲ့ဘယ်ဘက်အခြမ်းမှာ ထီးထီးကြီး မြင်တွေ့ရတဲ့တောင် ကြီးကတော့ ငါးပြေမတောင် လို့ ခေါ်ပါတယ်…………..တောင်ကြီးကမတ်စောက်ပီး တက်ရတာခက်ခဲတဲ့အပြင် ကျောက်သာအဆူး အချွန်တွေ ရှိတာကြောင့် ငါးပြေမတောင်လို့ ခေါ်တာလို့သိရပါတယ်။

ဖဒိုအောင်ဆန်းဦးစီးသည့် ဘုရားကုန်းစံပြကျေးရွာ
ဘုရားကုန်းစံပြကျေးရွာလေးအား......ငါးပြေမတောင်ပေါ်မှမြင်တွေ့ရစဉ်

2 comments

  • ဆူး

    April 26, 2011 at 1:17 pm

    မရောက်ဘူးတဲ့ နေရာ ဖြစ်တဲ့ အတွက် ဗဟုသုတ တခု အဖြစ် မှတ်သားသွားပါတယ်။

    Reply

  • bigcat

    April 27, 2011 at 2:19 am

    အမယ်လေး.. သဂျီးနဲ့ကိုအောင်ပု ဖတ်မိလို့ကတော့ တရုတ်ပြည်ကို အိပ်စပို့လုပ်ခိုင်းနေအုံးမယ်…

    “နတ်ကျွန်းကျေးရွာဟာ…………အင်မတန်မှနတ်ကြီးတယ်လို့လဲ သိရပါတယ်………ရွာသူရွာသားများ………ရွာအတွင်း………..လူမူရေးဖေါက်ပြန်မှုတွေပြဲလုပ်တဲ့ အခါ……….ရွာထဲမှာရှိတဲ့မြွေတွင်းများမှ မြွေဟောက်ကြီးများ နေအိမ်ပေါ်သို့ တက်လာကာ သတိပေးတတ်ကြတယ်လို့လဲ သိရပါတယ်….”

    Reply

Leave a Reply

Your email address will not be published.