နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ။

ဦးကောက်April 21, 20111min04

နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ။

ဖိတ်ကြားအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ပြီး ဖြစ်ပါသည်။

ထို့ကြောင့် ၂၃.၄.၂၀၁၁ (စနေနေ့)၌ ၁ဝ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉းဝ၀)နာရီ မှ ညနေ (၄းဝ၀)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးသစ်ဖွင့်လှစ်ခြင်း၊

မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုကျောက်တိုင်ဖွင့်လှစ်ခြင်း၊

လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊

မျိုးဆက်သစ်ကလေးငယ်များ၏ အဆို၊ အက ဖျော်ဖြေခြင်း၊

အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊

နာရေးကူညီမှု (၁) သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓါတ်ပုံပညာရှင်များ၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံပြိုင်ပွဲဆုပေးခြင်း အခမ်းအနား စသည်တို့ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၄.၄.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် မြန်မာနိုင်ငံတဝန်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်း အဖွဲ့များနှင့် ကျွန်တော်တို့ ရင်းနှီးနွေးထွေးစွာ မိတ်ဆုံစကားဝိုင်းအား နံနက် (၉း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာပြည်သူ/သားများ၊ လူမှုရေးသမားများ၊ အလှူရှင်များနှင့် (၇) ရက် သားသမီးအပေါင်း တို့အား ကြွရောက်ပါရန် လေးစားရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

(ဖိတ်စာသီးသန့် မပို့နိုင်ခြင်းကို နားလည်ခွင့်လွှတ်ပါရန်)။

4 comments

  • စေတနာဖြင့် အကြံပြုပါရစေ ဦးကောက်ခင်ဗျား…

    ကျွန်တော်သည် ဒီsite မှ ပင်တိုင်စာဖတ်သူတစ်ဦးဖြစ်ပါသည်။ နေ့စဉ်အသစ်တက်လာသော Post တိုင်းနီးပါးကို ပုံမှန်ဖတ်ရှုနေသူဖြစ်သည့်အားလျော်စွာ ဦးကောက်အား ခုရက်ပိုင်းအတွင်းတွင် အတော်လေး သတိထားမိပါသည်။ အခြားသောသတင်းမီဒီယာများမှ သတင်းများကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း၊ ကြိုးစားပမ်းစား Copy/Paste လုပ်နေသည်ကို မြင်တွေ့ရပါသည်။ ကျွန်တော်ဒီ Site လေးကို သဘောကျစွာ Member ဝင်ဖြစ်ခဲ့သည်မှာ စည်းကမ်းချက်တစ်ခုကြောင့်ဖြစ်သည်ဟုဆိုလျင် မှားမည်မထင်ပါ။ အနီရောင်ဖြင့် ထင်ရှားစွာရေးသားထားသော 4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။ ဆိုသည့်စကားရပ်ပင်ဖြစ်ပါသည်။ ကလောင်အမည် ဦးကောက်ဟု အမည်တပ်ထားသည် ဖြစ်သောကြောင့် ကိုကောက်၊ မောင်ကောက် မဟုတ်သည်မှာ သေချာသည့်အတွက် အသက်အရွယ်အားဖြင့် ငယ်နုလှမည်မဟုတ်ကြောင်းကိုလဲ အတော်လေး သတိပြုမိပါသည်။ ထို့ကြောင့် လေးစားစွာ အကြံပြုလိုပါသည်။

    ငယ်ရွယ်သူမဟုတ်သည်ကတစ်ကြောင်း၊ သတင်းများကို စိတ်ပါဝင်စားသည့်သူတစ်ဦးဖြစ်သည်ကတစ်ကြောင်း၊ စာဖတ်သူများထံ သတင်းဦးသတင်းထူးကို ပေးပို့လိုရင်း၊ စိတ်ရင်းစေတနာအမှန်ရှိသူဖြစ်ကြောင်း အကဲခပ်မိသည့်အတွက် အခြားသော သတင်းမီဒီယာများမှ သတင်းများကို လိုက်လံ Upload နေခြင်းထက် ကိုယ့်ပါတ်ဝန်းကျင်မှ ထူးခြားဖြစ်စဉ်များကို ကိုယ်ပိုင် သတင်းတင်ပြပုံဖြင့် ရေးသားတင်ပြခြင်းက ပိုမိုသင့်လျော်မည်ဟု ထင်မိပါကြောင်း…

    Reply

    • cobra

      April 22, 2011 at 7:09 am

      သူများကိုလိုက်မဝေဖန်နဲ ့လေဗျာ….။
      သူကလည်းသူသိတဲ့သတင်းတွေကိုတခြားသူတွေလည်းသိရအောင်တင်ပေးတာပဲလေ။
      အကိုကတခြားဆိုဒ်တွေတော်တော်များများကိုသုံးနေပင်မယ့်
      ဒီဆိုဒ်ထဲကတချို ့သူတွေက mandalay gazette တခုပဲသုံးတာဆိုရင်တခြားဆိုဒ်ကသတင်းတွေကိုသူတို့တွေဘယ်သိတော့မလဲ
      ကျွန်တော်ပြောတာဟုတ်လား…။
      နားလည်ပေးပါ
      ကော်ပီကူးလို့ပွိုင့်ပေးတာမပေးတာက admin ရဲ ့ဆုံးဖြတ်မှုပေါ်မှာမူတည်တယ်…။
      ပီးတော့အကိုပြောတော့ နံပါတ်၄အချက်ကိုလည်းသေချာပြန်ကြည့်ပါဦး
      ပြည်ပမြန်မာမီဒီယာလို့ပြောထားတာ
      ပြည်တွင်းမြန်မာမီဒီယာလို့ပြောထားတာမဟုတ်ဘူး…။
      ကျွန်တော်ပြောချင်တာကသူများကိုမဝေဖန်ပဲနဲ ့ကိုယ့်ဟာကိုကောင်းအောင်နေစေချင်ပါကြောင်း………………။

      Reply

  • eros

    April 22, 2011 at 2:59 am

    ရှူံးနိမ့်မှုများနဲ့.. လူ ရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံပါတယ်။

    Reply

  • paukpauk

    April 22, 2011 at 3:17 pm

    ဒီသတင်းဖတ်ရလို့အကျိုးယုတ်ခြင်းမရှိနိုင်သည့်အတွက် တင်ပေးသောသူအား ကျေးဇူးတင်သင့်ပါသည်။
    ဒီသတင်းမျိုးဒီ ဆိုက်မှာမှ မရရင် နိုင်ငံတွင်းကလူတွေ ဘယ်ကရနိုင်မှာပါလဲ။
    အားလုံး banned ထားပါတယ်။

    Reply

Leave a Reply to cobra Cancel Reply

Your email address will not be published.