အစိမ်းနဲ့အဝါ အရိပ်နဲ့အလင်း


အစိမ်းရောင်က လူကိုအေးမြစေပါတယ်။
အပူထဲကနေပြီး စိမ်းစိုနေတဲ့သစ်ပင်တွေများကြည့်လိုက်ရရင် ရင်ထဲမှာ အေးချမ်းသွားတတ်ပါတယ်။
အဝါရောင်ကတော့ တောက်ပဝင်းလက်ပြီး လူကိုတက်ကြွစေပါတယ်။

အရိပ်ဆိုတာကတော့ လူတိုင်းလိုချင်တောင့်တတဲ့ နေရာတစ်ခုပါဘယ်။
အလင်းဆိုတာကတော့ လိုအပ်ပေမယ့် လဲ ကြာလာတော့ ပူလောင်ပါတယ်။
ကောင်းမူ့တော်ဘုရားရောက်ခဲ့တဲ့နေ့က နေတော်တော်လေးပူပါတယ်။
အဲတော့ အရိပ်ကောင်းကောင်းလိုက်ရှာရင်း သစ်ပင်စိမ်းစိမ်းကြားမှာ ရွှေရောင်ဝင်းပနေတဲ့ စေတီကြီးကို ထင်းကနဲမြင်လိုက်ရပါတယ်။
ရင်ပြင်တော်တစ်ခုလုံးရော ရွှေရောင်ဝင်းနေတဲ့စေတီကြီးရော လင်းလက်တဲ့နေရောင်အောက်မှာ……………….
အစိမ်းရောင်စိုတောက်နေတဲ့သစ်ပင်လေးကိုမြင်လိုက်တော့ နည်းနည်းတော့ မျက်စိအေးသွားပါတယ်။
အဲဒီအချိန်မှာ အလင်းရောင်အောက်မှာ အရိပ်သေးသေးလေးကိုပေးထားတဲ့ ခေါင်းလောင်းကအရိပ်ကလေးကို မြင်လိုက်တဲ့အခါမှာ ရင်ထဲမှာနည်းနည်းလေတော့အေးသွားသလိုခံစားလိုက်ရပါတယ်။
လူ့ဘဝကြီးမှာလဲ တစ်နေ့နဲ့တစ်နေ့ မောပန်းမှု့တွေနဲ့ကြုံတွေ့နေရပါများတော့ ဒီလိုအရိပ်သေးသေးလေးကို မက်မောနေရင်းနဲ့ဘဲ ဘဝနေဝင်ချိန်ကိုရောက်မှန်းမသိရောက်သွားကြပါတော့တယ်။

One comment

  • manawphyulay

    April 22, 2011 at 2:48 am

    ကျေးဇူးပါရှင်……….. အရင်ထုံးဖြူနဲ့ပုံတော်က ပိုပြီး အေးချမ်းသလို ခံစားမိတယ်နော်။ ဘုရားရိပ်ကတော့ အမြဲအေးချမ်းမှုတွေ ဝေမျှနေပါတယ်။

    Reply

Leave a Reply

Your email address will not be published.