ရန်ကုန်မြို့မှ အင်တာနက် ဆိုင်များတွင် (စအဖ)မှ အမျိုးသမီးငယ်များအား ဆိုင်ဝန်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်း

parparaziApril 29, 20101min03

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ
(စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား
ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း
မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ်
ပြောဆိုလာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက
အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက်
အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး
အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ
ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း
…ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို
ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်….

3 comments

  • draungkyawkyawoo

    April 29, 2010 at 8:00 am

    အလုပ်မရှိအကိုင်မရှိ ဘာတွေလုပ်နေပါလိမ့်နော် 😀

    Reply

  • winne

    August 1, 2010 at 8:28 am

    ဒါမျိုးက ဆိုင်ရှင်ပါမသိအောင်လုပ်ရမှာ.. ဒါမှ ဆိုင်ရှင်နဲ့ပေါင်းပြီး မဟုတ်တာလုပ်နေတဲ့ လူတွေ တခါတည်း ဖမ်းမိမှာ.. အပြင်က ဆိုင်တွေမှာဆို ထိုင်တောင် မထိုင်ဖြစ်ဘူး။ ကင်မရာ ဟိုမှာထောင် ဒီမှာထောင်လုပ်တယ်ဆိုလို့။

    Reply

  • Yin Nyine Nway

    August 1, 2010 at 9:08 am

    ဟုတ်တယ်ဟုတ်တယ်….
    မဟုတ်တာ တွေ လုပ်နေတာ သိစေချင်တယ်

    Reply

Leave a Reply to winne Cancel Reply

Your email address will not be published.