လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး

parparaziApril 29, 20101min01

ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁ဝ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

တောင်ဈေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁ဝး၃ဝ လောက်မှာ လူနှစ်ယောက်ကို တောင်ဈေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေ တော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။

More Photos : http://www.yeyintnge.com/2010/04/blog-post_665.html

လွိင်ကော်ကအသေခံဗုံးခွဲသူ(သွေးထွက်သံယိုထိတ်လန့်တတ်သူများလုံးဝမကြည့်ရပါ)

One comment

  • moethiha

    May 21, 2010 at 4:50 am

    ုလိုက်ဖမ်းလေဗျာမမိဘူးလား။ဟိုကောင်ကတော့တော်တော်ကိုကံကောင်းသွားတာနေမှာနော်

    Reply

Leave a Reply

Your email address will not be published.