သန်လျင် ကျောက်တန်း ဒေသရှိ ဝါးရုံ တော်တော် များများတွင် ဝါးပွင် ့များ ပွင့် နေ

BayoteApril 26, 20101min06

သန်လျင် ကျောက်တန်း ဒေသရှိ ဝါးရုံ တော်တော် များများတွင် ဝါးပွင် ့များ ပွင့် နေကြောင်း ဒေသခံများ ထံမှ သိရှိ ရသည်။ ဝါးပင် တို့၏ habit အရ အနှစ် နှစ်ဆယ် သုံးဆယ်တွင်မှ တခါ အပွင့်ပွင့် တတ်ကြသည်။ ၎င်း ဝါးပင်များ အပွင့် ပွင့်လျှင် တိုင်းပြည်တွင် ကြီးမားသော အပြောင်းအလဲများ ( သို့ ) ခေတ်ပျက်ခြင်း ကြုံရလေ ့ရှိကြောင်း မြန်မာ လူမျိုးများက ယုံကြည်ကြသည်။ သန်လျင် ကျောက်တန်း ဒေသတွင် အနှစ် နှစ်ဆယ်ကျော် အတွင်း ယခု တခေါက် ဝါးပွင့်ခြင်းသည် သုံးကြိမ် မြောက် ဖြစ်ကြောင်း ရှေ့မှီ နောက်မှီ လူကြီးများ၏ ပြောကြားချက် အရ သိရှိရသည်။

ပထမ အကြိမ် ဝါးပွင့်ခြင်းကို ၁၉၈၈ ခုနှစ် နွေရာသီတွင် ကြုံတွေ့ ကြရကြောင်း ၎င်းဝါးပွင့်ပြီး မကြာမီတွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ကြောင်း။ မကြာသေး အချိန် ၂၀၀ရ ခုနှစ် ကလဲ ဒုတိယ အကြိမ် ဝါးများပွင့်ကြောင်း၊ ဝါးပွင့်ပြီး သိပ်မကြာခင်တွင် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပေါ် ခဲ့ကြောင်းနှင့် ယခု အကြိမ် ဝါးများ အပွင့်ပွင့်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်းနှင် ့ ၂၀၀ရ ခုနှစ်က ဒုတိယ အကြိမ်နှင့် သိပ်ကွာခြားမှု မရှိ၍ အလွန် အံ့ဩဖွယ် ကောင်းကြောင်း၊ ဝါးပင်တို့ မည်သည် တစ်ခါ အပွင့် ပွင့်ပြီး ပါက တစ်ရုံလုံး သေသွား တတ်ပြီး အပင်သစ်များ ထပ်မံ ပေါက်လာကြောင်း တခါ အပွင့် ပွင့်ပြီး နှစ်ပေါင်း အတော်ကြာမှသာ ထပ်ပွင့်လေ့ ရှိကြောင်း၊ ယခုလို နှစ်နှစ် သုံးနှစ် အတွင်း ပြန်ပွင့်ခြင်းမှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်သောကြောင့် နိုင်ငံတော် အတွင်း အပြောင်းအလဲ ကြီးကြီး မားမား တခု ကြုံလာနိုင်ကြောင်း ပြည်သူ အများက ယုံကြည် နေကြသည်။

6 comments

  • kai

    April 26, 2010 at 8:11 am

    ကျုပ်လည်းသတိထားမိတယ်ဗျ…။
    ၈၈ ကကိုယ်တွေ့ကိုး..။
    အဲဒီတော့…သမိုင်းစာတွေမွှေရှာဖတ်မိသလောက်ထဲက ပြန်ပြောရရင်ဖြင့်..
    မန်လည်ဆရာတော်ကြီးရဲ့ မဃဒေဝမှာ..တိုင်းပြည်ပျက်နမိတ်ဆိုပြီး လင်္ကာရေးပါတယ်..။
    အဲဒီမှာ…ကြခတ်ဝါးသုဉ်းတယ်လို့..ပါတယ်မှတ်မိပါတယ်..။
    ဝါးပင်ဟာ…အပွင့်ပွင့်ပြီးရင်..သေ(သုဉ်း)ပါတယ်..။
    ဒီတော့…။

    Reply

  • susunosuki

    April 26, 2010 at 4:16 pm

    ဝါးပွင့်တာကိုမြင်ဖူးပါတယ်
    ဝါးပင်သေခါနီးလို့ပွင့်တယ်လို့ဆိုပါတယ်
    ဝါးပွင့်တာနဲ့ တိုင်းရေးပြည်ရေးအပြောင်းအလဲစပ်ဆက်မှု့ကိုတော့မသိဘူး

    Reply

  • nga pay

    May 26, 2010 at 4:03 pm

    ဝါးတွေပွင့်လို့ပဲပြောင်းပြောင်း.. သူဖာသာသူပြောင်းချင်လို့ပဲပြောင်းပြောင်း .. မြန်မာနိုင်ငံမှ မဟုတ်ပါဘူး .
    ဘယ်နိုင်ငံမဆို ပြည်သူလူထု ရဲ့ စားဝတ်နေရေးကို အရှေ့တန်းတင်စဉ်းစားပေးမယ့် ဗိုလ်ချုပ်လိုခေါင်ဆောင်ကောင်းတွေ
    ဖြစ်ဖို့ပဲလိုတယ်…. နိုင်ငံတစ်ခုအတွက် နိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေသာပထမ.. ပြည်သူတွေသာ ဒုတိယ..
    ပြည်သူတွေသာ တတိယ.. ဖြစ်စေချင်တယ်….ပညာရေး၊စည်းပွားရေး၊ကျမ်းမာရေးဆိုတာတွေကိုပြည့်စုံနေရင် လုံခြုံရေးဆိုတာ ဒုတိယ အဆင့်လောက်ပဲရှိနေမှာပါ..
    ပညာတွေပြည့်စုံမယ် စည်းပွားရေးတွေချောင်လည်မယ် ကျမ်းမာရေးအတွက်မပူမပင်ရဘူးဆိုရင်…ခိုးဆိုးသောင်းကျမ်းမယ် ့အဖျက်သမားဆိုတာ မရှိနိုင်ပါဘူးလေ…

    Reply

  • happy.happy

    August 15, 2010 at 10:25 am

    မြန်မာနိုင်ငံမှာ ဘယ်သူတွေချမ်းသာနေကြလဲ ပိုက်ဆံရှိပြီးသားလူတွေပါပဲ……လက်လုပ်လက်စားတွေကတော့ ချမ်းသာဖို့မပြောနဲ့ တစ်နေ့စားဖို့တောင်ရုန်းကန်ရတာ မလွယ်ကြပါလား……………နော….

    ပိုက်ဆံရှိရင် လုပ်ကွက်ရှိတယ်…လုပ်ကွက်ရှိဖို့ ပိုက်ဆံလိုတယ်..ပိုက်ဆံရှိရင်တော့ အကောင်ကြီးကြီးနားကတ်ထား ကြိုက်တာလုပ်လို့ရတယ်…

    ဟဟဟဟဟဟဟ

    Reply

  • sususan

    August 15, 2010 at 12:07 pm

    တိုက်ဆိုင်လားမဆိုင်လား စောင့်ကြည့်ရမယ်။

    Reply

  • MandalayThar

    August 15, 2010 at 1:25 pm

    သိပ်မထင်ပါဘူးဗျာ။ ဝါးပွင့်ပွင့် ဘာပွင့်ပွင့်.. ဒီကောင်တွေက ဆင်းမှာ မဟုတ်ဘူး။ ပြည်သူတွေဘဲ ထပ်ပြီးနာမှာဘဲ စိုးရိမ်ရတယ်။ ခက်တယ်ဗျာ လူတွေက ဖြစ်ချင်တာတွေဘဲ ဆွဲဆွဲတွေးကြတယ်။ ဒါမျိုး နမိတ်တွေဆိုပြီး ဆွဲဆွဲပြောကြပြီး ပြီးတော့ ဘာမှ လည်းဖြစ်မလာဘူး။

    Reply

Leave a Reply

Your email address will not be published.