ဥရောပ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်း၍ ကမာ္ဘလှည့်အချို့ ရန်ကုန်တွင် သောင်တင်

BayoteApril 26, 20101min01

အိုက်စလန်နိုင်ငံ ရေခဲပြင်ဒေသ အောက်ရှိ မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ပြာမှုန့်များကြောင့် ဧပြီလ ၁ရ ရက်နေ့မှ စတင်၍ ဥရောပတိုက် လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းထားလျက်ရှိရာ ရန်ကုန်တွင် ဥရောပတိုက်မှ တစ်ဆင့်ချိတ်ဆက် ပျံသန်းသည့် လက်မှတ် ဝယ် ယူထားသော ကမာ္ဘလည့် ခရီးသည်များသည် ရန်ကုန် Park Royal ဟိုတယ်တွင် တည်းခိုနေသည့် အမေရိကန်နိုင်ငံသား Mr.Lyn က ပြောကြား သည်။ တစ်ခုသို့ ဖိတ်ကြားခြင်း ခံရ၍ သွားရောက်နေသူ အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းသည် လည်းဩစတြီးယားနိုင်ငံ ဗီယင်နာတွင် သောင်တင်လျက်ရှိပြီး လေယာဉ်ခရီးစဉ်များ ပြန်လည် စတင်မည့် အချိန်ကို စောင့်ဆိုင်း နေရကြောင်း သိရှိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင်မူ ဥရောပလေကြောင်းလိုင်းအချို့ခရီးစဉ်အချို့စတင်ပျံသန်းမှုရှိနေသော်လည်း ၅ဝရာခိုင်နှုန်းခန့်ရှိကြောင်း နှင့် နိုင်ငံအနှံ့ သောင်တင်နေကြသည့် ကမာ္ဘလှည့်များ အရေအတွက်မှာ ထောင်သောင်းချီ၍ သောင်တင်နေသည့် အတွက် ရက်ပိုင်းအတွင်း လေ ယာဉ်ခရီးစဉ်များ ပုံမှန်ပျံဖြစ်ရန် မလွယ်ကူနိုင်ကြောင်း လည်း EU အဖွဲ့ဝင်နိုင်ငံမှ မီဒီယာများက ခန့်မှန်းထားကြသည်။ အမေရိကန် နိုင်ငံသား Mr.Lyn အပါအဝင် ကမာ္ဘလှည့် အချို့သည် ဒေါ်လာသုံးထောင် ကုန်ကျမည့် အခြားလေကြောင်း တစ်ခု လေယာဉ် လက်မှတ်သစ်ကို ဝယ်ယူမည့် အစား ရန်ကုန်တွင် နေထိုင်၍ စောင့်ဆိုင်းနေကြရပြီး အချို့မှာ လုပ်ငန်းခွင်နှင့် ကျောင်းစသည့် အလုပ်ကိစ္စများနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်ဟု ရန်ကုန်တွင် သောင်တင်နေသည့် အမေရိကန်ပြည်ထောင်စု မေရီလန်း တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ ကျောင်းသားတစ်ဦးက ပြောကြားသည်။ ရန်ကုန်တွင် သောင်တင်နေသည့် ဥရောပ ကမာ္ဘလှည့်များမှာ စိုးရိမ်စိတ်ဝင်လျက် ရှိကြပြီး လေကြောင်းလိုင်းက တည်းခိုခွင့်ပေးထားသည့် လေးရက်မှာလာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ကုန်ဆုံးပါက အခြားသော ဈေးနှုန်းသက်သာသည့် ဟိုတယ် များတွင် ရွှေ့ပြောင်း နေထိုင်ရန် စုံစမ်းလျက်ရှိကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    April 26, 2010 at 4:26 pm

    ကမာ္ဘ့ဘေးဆိုးတွေက ခုတလောဆက်တိုက်ဆိုသလိုပေါ်နေတာကိုတွေ့ရတယ်
    ငလျင်ကတစ်မျိုး
    တောမီးကတစ်မျိုး
    မီးတောင်ကလည်းမငြိမ်တော့ဘူး

    Reply

Leave a Reply

Your email address will not be published.