မြန်မာများစိန်ဝယ်ရင် ဒါတွေသတိထား

kaiMarch 3, 20111min012

စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၄ချက်ဖြင့်သတ်မှတ်ပါသည်။ 4C ဟုအတိုကောက်မှတ်နိုင်သည်။
၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၄။ Color -စိ်န်၏အရောင်အသွေး
အထက်ပါအချက်၄ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အဝါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။
၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ

၂။ Clarity
စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁ဝဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁ဝဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၎င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမဝယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။
၃။Cut
စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅ရကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra Facetedဟုခေါ်သည်။ ၎င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅ရကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅ရကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။
၄။ Color
စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။
နိုရာ စုစည်းတင်ပြသည်။
Natural Jade ရတနာဆိုင်

မှတ်ချက်။ ။ မန္တလေးဂေဇက် ဩဂုတ် ၂၀၀၆ တွင်ပါသော ဆောင်းပါးကို ပြန်ဖေါ်ပြခြင်းဖြစ်သည်။

12 comments

  • ဆူး

    March 3, 2011 at 3:11 pm

    စိန်အကြောင်း ဖတ်ရတာ စိန်အကြောင်း အခြေခံ မသိလို့လား မသိဘူး သိပ်တော့ နားမလည်ဘူး။
    စိန်ဝယ်ရင် အရှုံးများတယ်လို့တော့ ပြောတာဘဲ။ သိသလောက် ဆိုရင် ဝယ်တုန်းကတော့ ၁၀ဝ လောက်နဲ့ ဝယ်ပြီး ပြန်ရောင်းတော့ ၃၅ လောက်ဘဲ ရတယ်လို့ ပြောတာ ကြားဖူးတယ်။ အခု ရန်ကုန်မှာ ခေတ်စားနေတာ တမျိုးတော့ ရှိတယ်။ စိန်အမှုံ အကြွေတွေကို ဒီဇိုင်းထုတ်ပြီး စိန်ဆိုင်တွေမှာ ဒုံးရောင်းကြတယ် စိန်အကြွေတွေက တကယ်ဆို ဘာမှ မတန်ဘူး အမှုံအမွားတွေ ပန်းတိမ်ခတ် ရောင်းရင် အရမ်းမြတ်တယ် လို့ ကြားဖူးတယ်။ ၁ဝ သိန်းတောင် မတန်တဲ့ စိန်ဖိုးနဲ့ ပန်းတိမ်ခတ်ထား တာတွေကို ၆ဝလောက် တောင်းပါတယ်။
    Rich Gems တို့လို ဆိုင်ကြီးတွေ မှာ စိန်သွားဝယ်ရင် ၅၀% လောက် ဈေးဆစ်ရင်တောင် ရတယ်။ ဈေးဆစ် နိင်မှ တော်ကာ ကျမယ် ပုံ ဖြစ်နေတယ်။

    Reply

    • kai

      March 4, 2011 at 8:44 am

      စိန်ဟာ တကယ်တော့ … ကမ္ဘာမှာအလွန်အထွက်များတဲ့ တွင်းထွက်သဘာဝပစ္စည်းတခုပါ..။
      ပေါလွန်းလို့ … ရတနာအဖြစ်တောင်မထိုက်တော့ပါဘူး..။
      အဲဒါကို … ဒီဘီးယား-စိန်ကုမ္ပဏီကြီးက လုပ်စားနေလို့ ..ရတနာဖြစ်တယ်ပဲဆိုပါစို့..။
      ဘယ်လိုလုပ်လိုက်သလဲဆိုတော့… ရှားသွားအောင်လုပ်လိုက်တယ်..။
      ထွက်သမျှစိန်တွေ ..အကုန်လိုလိုချုပ်ဝယ်ပြီး ..မြေကြီးထဲပြန်မြုတ်ထားလိုက်တယ်တဲ့..။

      မှတ်ကရော..။

      Reply

  • unclegyi1974

    March 3, 2011 at 4:06 pm

    ဘတို့ကတော့စိန်ဆိုရင်ဖိုထိုးတဲ့စိန်ပဲသိတယ်ဝေ့

    Reply

    • kai

      March 4, 2011 at 8:42 am

      စိန်နဲ့ သံပုရာ … ရောသောက်ရင်..သေတယ်ဆိုပဲ..။
      အဲဒီစိန်ကတော့… ရွှေဖမ်းတဲ့စိန်…။
      အဘ..ဒါပဲသိတယ်ဝေ့ ဆိုပြီး… စမ်းမသောက်လိုက်နဲ့နော..။ 🙂

      Reply

      • ဆူး

        March 4, 2011 at 2:06 pm

        စိန်ကို သံသပုရာ သီး စိမ်ပြီး သောက်ယုံဆို မသေနိုင်ပါဘူး
        စိန်ကို အမှုန့်ကြိတ်ပြီး သံပုရာသီး နဲ့ ရောမှ သေတာပါ။

        Reply

  • ဆူး

    March 3, 2011 at 4:22 pm

    ဒါနဲ့ စကား မစပ် လွန်သွားထိပ်က စိန်က ဘယ်လောက် ကာရက် ရှိမလဲ.. သူလည်း အဖိုးတော်တော် တန်မယ် ထင်တယ်နော်။

    Reply

    • kai

      March 4, 2011 at 8:39 am

      အဲဒါက..စက်မှုသုံးစိန်ပါ..။ ဈေးက အရမ်းမကြီးပါဘူး..။ အပေါ်က စာရင်းထဲမပါလောက်ဖူး..။
      သံမဏိထက်မာလို့ သုံးတာဖြစ်ပါတယ်..။
      မြန်မာပြည် ပုံတောင်ပုံညာဒေသမှာတောင် ..စက်မှုစိန်အဆင့်လောက်က ထွက်တယ်ကြားဖူးတယ်.။

      ယူအက်စ်ရဲ့ တချီု ့စက်မှုလုပ်ငန်းသုံးစိန်တွေဆို. ဓါတ်ခွဲခန်းထဲ..စက်နဲ့ပြန်လုပ်ထားတာ..။သဘာဝဖြစ်တောင်မဟုတ်ဖူး..။

      Reply

  • etone

    March 4, 2011 at 8:33 am

    စိန်အကြောင်းနားမလည် ပေမဲ့ ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် ။ နို့မို့ ဆို ဘယ် ပွဲစားကို သွားမေးမလဲနော် သူကြီးရှိပေလို့ပဲသိရတာ အဟဲ 😀

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 4, 2011 at 2:54 pm

    အမလေးလေး
    မပြောချင်လို ့ကြည့်နေတာ
    သဂျီးမတောက်တစ်ခေါက်လေးသိတာကို
    သွားပြီးမ နေဂျဒယ်
    ရတနာစိန်ကျောက်
    တွင်းထွက်ပစ္စည်းမှသည်
    ငပိ၊ ငခြောက်၊ ငံပြာရည်
    သစ်တိုသီးအိုးစိန်၊ ဒညင်းသီးအိုးစိန်
    ဘာအိုးစိန်၊ ညာအိုးစိန်
    အိုးစိန်မှန်သမျှ အောင်ပုကိုမေး

    Reply

  • ဆူး

    March 4, 2011 at 3:27 pm

    ဘကြီးပု ကွန်မန်း မြင်မှ သတိရမိတယ်။ သီးလေးသီး အငြိမ့်ထဲမှာ ကျောင်းဆရာမကို သူဌေးသမီးက စိန်လက်စွပ် တကွင်း လက်ဆောင် ပေးလို့.. ဆင်းရဲတဲ့ ကလေးမလေးက သူ့ အမေကို ဆရာမ စိန်ကြိုက်တယ် ဆိုလို့ အကြော်သည်မကြီးက ဖြစ်အောင် စီစဉ်ပေးလိုက်တဲ့ စိန်တလုံး (ဒညင်းသီး ဆားရေစိမ်) လက်ဆောင်ပေးတယ် ဆိုပြီး နောက်ထားတာ သတိရမိတယ်။

    Reply

  • bigcat

    March 5, 2011 at 5:48 am

    ဆြာခိုင်ပြောတာ ဟုတ်တယ်ဗျို့၊ ကမာ္ဘ့စိန်ထုတ်လုပ္မ်မှုကို ဒီဘီးယားကုမ္မဏီကြီးက ချုပ်ထားတာ။ သူ့ကိုဒုက္ခ ကောင်းကောင်းပေးနိုင်တာ၊ ပေးလေ့ရှိတာက ရုရှားနိုင်ငံ။ ဘာလို့လည်းဆိုတော့ သူ့ဆီမှာကိုယ်ပိုင် စိန်တွင်းတွေရှိလို့။ ဒီတော့ရုရှနဲ့ညှိရတယ်။ ကမာ္ဘ့စိန်ဈေးနဲ့ စိန်သွေးတာကိုတော့ ဂျူးကုမ္မဏီတွေ၊ ဂျူးပညာရှင်တွေ ကချုပ်ထားတယ်လို့ထင်တယ်။ အိန္ဒိယက ဒုတိယလိုက်တယ်။ အစ္စရေးစိန်နဲ့ အိန္ဒိယစိန် နှစ်စိန်ယှဉ်ရင် အစ္စရေးစိန်က အရည်အသွေးရော ဈေးနှုန်းပါကောင်းတယ်လို့ မှတ်သားဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းဈေးတွေ အရမ်းမြင့်လာတော့ ဝယ်သူတတ်နိုင်အောင် ဂျူးသဌေးတွေကိုယ်တိုင် အိန္ဒိယဖက်လှည့်ပြီး စိန်ဝယ်ကြရတယ်။
    ဒီဘီးယားက တနှစ်ကို သူ့အချိန်နဲ့သူ တူးထားတဲ့စိန်တွေကို လေလံပစ်တယ်။ (မြန်မာပြည်မှာ ကျောက်စိမ်းလေလံပစ်သလိုပေါ့)။ အဲဒီလေလံပွဲကို တက်ခွင့်ရတဲ့ကုမ္မဏီတွေက လက်ချိုးရည်လို့ရတယ်။ သူတို့ကမှတဆင့် ဒုတိယကုန်သည်တွေကို လက်ကားပြန်လွှဲ၊ တချို့ကိုလည်း လက်လီရောင်းပေါ့လေ။ ဒုတိယကနေမှ တတိယကုန်သည်တွေကိုထပ်ရောင်း။ အဲဒီတတိယကုန်သည်တွေမှာက စိန်အလုံးချင်းရော လက်ဝတ်ရတနာလုပ်ငန်းတွေပါရှိတယ်။ သူတို့ကမှ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ စိန်နဲ့လက်ဝတ်ရတနာဆိုင်တွေကို အကြွေးmemoနဲ့ ရောင်းကြတယ်။ စိန်ထက် လက်ဝတ်ရတနာဈေးတွေက လက်လီ လက်ကား သုံးဆလောက်ကွာတယ်။ လက်ဝတ်ရတနာလက်ကားဈေးသိသူဆိုရင် ဘယ်တော့မှ လက်လီဆိုင်တွေမှာ ဝယ်တော့မှာမဟုတ်ဘူး။

    Reply

  • cicada

    March 7, 2011 at 4:44 am

    အင်း…ဒါဖတ်လိုက်တော့မှပဲ ကျောင်းတုန်းကသင်တဲ့စာတွေ နဲနဲပြန်မှတ်မိတော့တယ်…တကယ်တော့လဲ ကျောက်မျက်ရတနာဆိုတာ ကိုယ်တန်ဖိုးထားမူုနဲ့ကိုယ်ရဲ့ကံနဲ့လဲဆိုင်ပါတယ်…ဘယ်လောက်ပဲတန်ဖိုးရှိရှိ ကိုယ့်လက်ထဲရောက်ရင်တန်ဖိုးရှိချင်မှရှိတာလေ…..

    Reply

Leave a Reply

Your email address will not be published.