မန္တလေးရတနာပုံနေပြည်တော်ရဲ့ အနာဂတ် – မောင်သာရ

kaiFebruary 17, 20111min09

မနေ့က … ၁လ၊၁၁ရက်၊၁၁ခုနှစ်…
တစ်ငါးလုံးဆုံတဲ့နေ့နော်။ အမေရိကားကလူငယ်လေးတွေလိုအမှတ်တရလက်ထပ်လို့ကလဲ မဖြစ်နိုင်တော့၊ တခြားထူးထူးခြားခြား ဘာများလုပ်ရရင်ကောင်းမလဲလို့ ကျုပ်စဉ်းစားကြည့်မိတယ်။ ဒါမျိုးက နှစ်ပေါင်း၁၁နှစ်ကြာမှ တခါသာကြုံရရတဲ့ရက်နော်။ မရှေးမနှောင်းကကျော်လွန်လာခဲ့တဲ့ ၁လ၊၁ရက်၊၁၁ခုနှစ်။ တစ်လေးလုံးဆုံခဲ့တဲ့နေ့တုန်းကကျတော့လဲ နှစ်ဆန်းတရက်နေ့ New Year Day နဲ့ထပ်နေတော့၊ သူတို့နှစ်သစ်ကူးပွဲတွေနဲ့ရောပြီး ဝေလေလေဖြစ်သွားခဲ့တယ်။ သည်တခါတော့ အဲလိုမဖြစ်ရအောင် လေးလေးနက်နက်ထိုင်စဉ်းစားတယ်။

သည်မှာမေ့မရနိုင်တဲ့ ရှစ်လေးလုံးက ခေါင်းထဲရောက် လာတော့တာပဲ။ ဒီမိုကရေစီလူ့အခွင့်အရေးအပြည့်အဝရရှိရေးအတွက် စတင်ဆန္ဒပြတိုက်ပွဲဝင်တဲ့နေ့။ မဆလအစိုးရသုံးကြိမ်သုံးခါ ပြုတ်ကျအောင်လုပ်ဆောင်နိုင်ခဲ့တဲ့နေ့။ ဒါပေမယ့်ပြည်သူတသိန်းကျော် ထွက်ပြေးခဲ့ရပြီး သုံးထောင်ကျော်အသတ်ခံရတဲ့နေ့။ ပြီး တမျိုးသားလုံးအကြော်ဆီပူအိုးထဲကနေအောက်က မီးဖိုထဲခုန်ချကြရတဲ့နေ့။ ဘယ်မေ့ပါလိမ့်မလဲ။ ဒါပေမယ့်မနေ့ကလို ဂဏန်းငါးလုံးဆုံရမယ့်နေ့..ကိုတွက်ကြည့်လိုက်တော့ အနာဂတ်မှာ နောင်၁၁နှစ်ကြာရင် ၂၂ရက် ၂လ ၂၀၂၂ခုနှစ် တခုပဲတွေ့ရတော့တယ်။ အဲ… ရှစ်ဂဏန်းငါးလုံးဆုံတဲ့နေ့ တော့ရှိပါရဲ့။ ၈လ ၈ရက် ၁၈၈၈ခုနှစ်ကဖြစ်တယ်။ နှစ်ပေါင်း၁၂၂နှစ်လွန်ခဲ့ပြီ။ ပြောရရင်..အဲသည် အတိတ်ရှစ်ငါးလုံး ဆုံခဲ့တဲ့ကာလတုန်းကလဲ ကျုပ်တို့ပြည်သူတွေ ကုသိုလ်ကံမကောင်းခဲ့ပါဘူး။ ကျုပ်တို့တိုင်းပြည်အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်အောက် သူ့ကျွန်ဘဝရောက်နေခဲ့ကြပါပြီ။
ကျုပ်ကိုလဲသူ့ကျွန်ဘဝမှာမွေးခဲ့တာပါပဲ။ ပြီး.. ကင်းဝန်မင်းကြီး ရေးခဲ့တဲ့ဧချင်းထဲက.. မြို့ကျုံးစေတီ၊သိင်္ဂီလျှံမောင်၊သိမ်ကျောင်းသုဓမ္မာ၊ရွှေစာအမြတ်၊ င်္ပိံကတ်တိုက်၊ သမိုက်မြဲမှန်ခုနှစ်ဌာန်.. ဆိုသလို မြို့ရဲ့အင်္ဂါ ခုနစ်ရပ်နဲ့ညီညွတ်ပြည့်စုံတဲ့မန္တလေးရတနာပုံနေပြည်တော်.. ယဉ်ကျေးမှု သုခုမမြို့တော်မှာမွေးတာပါ။ သိပါတယ်နော်.. ။ ကျုပ်ရဲ့ဇာတိကို ကျုပ်ချီးမွမ်းခန်း ဖွင့်နေတာမဟုတ်ပါဘူး။

ဒုတိယကမ္ဘာစစ်ဒဏ်မခံရခင် နယ်ချဲ့လက်အောက် တလျှောက်လုံးမှာ ကျုပ်တို့ရဲ့ယဉ်ကျေးမှုအစဉ်အလာတွေဘာတခုမှ အဖျက်ဆီးအပြောင်း အလဲအပြုပြင်မခံခဲ့ရပါဘူး။ရပ်ကွက်နာမည်တွေ လမ်းနာမည်တွေ ဝင်းနာမည်တွေကအစပါပဲ။ အခုတော့ သိကြမြင်ကြတဲ့အတိုင်း အိမ်နီးနားချင်းစီးပွါးရေး လူမှုရေး နယ်ချဲ့တွေရဲ့ လက်အောက်ရောက်မှန်းမသိ ပြန်ရောက်နေပါပြီ။
ကြောက်စရာစိတ်မချမ်းသာဖြစ်စရာ သတင်း တွေကလဲကြားနေရပါပြီ။ မန္တလေးရဲ့အထက်နားက သပိတ်ကျင်းမှာရော၊ ခေါင်းပေါ်ကပြင်ဦးလွင်တောတောင်တွေထဲမှာရော၊ စက်ရုံတွေဆောက်နေကြပါပြီ။ ဂြိုဟ်တုကရိုက်ပြထားတဲ့ပုံတွေကို ကမ္ဘာ့သတင်းစာကြီးတွေထဲမှာ ဖေါ်ပြထားတာတွေ့နေဖတ်နေရပါပြီ။ စက်ရုံတွေကစားနပ်ရိက္ခာ ဝတ်စားတန်ဆာ လူသုံး အိမ်သုံးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေမဟုတ်ပါဘူး။ Uranium အရိုင်းကို Yellowcakeလို့ခေါ် တဲ့အမှုန့်လုပ်တဲ့စက်ရုံတဲ့။ အဲသည်အမှုန့်ကိုမှအစွမ်းမြှင့်လိုက်ပြီးUranium Metal လုပ် မှာတဲ့။ အဲသည့်Uranium Metal ကိုအနုမြူ လက်နက်ထိပ်ဖူးမှာတပ်လိုက်ရင် အနုမြူလက်နက်ဖြစ်ပြီပေါ့။ ပေါက်ကွဲပြန့်နှံ့ဖျက်ဆီးနိုင်ပြီပေါ့။ သည်စက်ရုံဆောက်တာကလဲ ရိုးသား တယ်ဆိုရင်.. လူသတ်လက်နက် လုပ်ဖို့သာမဟုတ်ဘူးဆိုရင်.. အခုလို တောတောင်တွေကြားထဲ လျှို့ဝှက်လုပ်နေစရာ မလိုပါဘူးတဲ့။ IAEA လို့ခေါ်တဲ့နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီကိုတင်ပြပြီးပြောင်ပြောင် တင်းတင်း ထုတ်လုပ်လို့ရပါတယ်တဲ့။ အခုလိုလျှို့ဝှက်လုပ်ကိုင်တာဟာအနုမြူလက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်တာသာဖြစ်နိုင်တယ်တဲ့။ ခန့်မှန်းကြတာကတော့ သည်Uranium metal တွေကို မြောက်ကိုရီးယားနဲ့ တခြားပြည်ပတင်ပို့ရောင်းချဖို့ဖြစ်ပြီး မြောက်ကိုရီးယားကထုတ်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို အပြန်အလှန် လဲလှယ်ဝယ်ယူဖို့ဖြစ်နိုင်တယ်တဲ့။ ဘာပြုလို့လဲ ဆိုတော့မန္တလေးရဲ့ မြောက်ယိမ်းယိမ်း အရှေ့ရိုးမ ထဲမှာ.. ဒုံးကျည်တွေတပ်ဆင်ထားဖို့လို့ ယူဆရတဲ့ ဥမင်စခန်းတွေကို မြောက်ကိုရီးယားလူမျိုး၃၀ဝနဲ့ တည်ဆောက်နေတာလဲ တွေ့ရတယ်တဲ့။

နောက်ဆုံးတော့ IAEA ကဗမာစစ်အစိုးရကို လာရောက်ကြည့်ရှုစစ်ဆေးလိုတဲ့အကြောင်း တရားဝင် အကြောင်းကြားလိုက်ပါပြီ။ အမေရိကန် အစိုးရကလဲ ဗမာနဲ့မြောက်ကိုရီးယားပူးပေါင်းပြီး စစ်အင်အား တိုးချဲ့နေကြတာတွေ.. ရေကြောင်း လေကြောင်းနဲ့ လက်နက်ပစ္စည်း ပို့နေကြတာတွေ.. ဗမာကကြားကနေ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတချို့နဲ့ ဆက်သွယ်ပို့ဆောင်တာတွေကို ဂရုစိုက်ကြည့်နေကြောင်းနဲ့ IAEA ကလာမယ့် ကိုယ်စားလှယ်တွေနဲ့ လက်တွဲဆောင်ရွက်ကြဖို့ ပြောကြားလိုက်ပါတယ်။
အင်း… မန္တလေးရဲ့အနာဂတ်ကတော့ ရင်လေးစရာပါပဲ။

Ref: Wall Street Journal
Dec 18-19. 2010 & Jan 8-9. 2011

မှတ်ချက်။  ။ သတင်းစာတွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။

9 comments

  • naywoonni

    February 17, 2011 at 11:29 am

    လူသတ်လက်နက်က ပစ်မှ လူမျိုးပျောက်တာပါ။ မန္တလေးမှာက ဘာနဲ့မှမပစ်ရဘဲနဲ့ လူမျိုးပျောက်နေတာ ကြာပါပကော..။ 1991 တုန်းက ကျောင်းတွေ ပြန်ဖွင့်လို့ တက္ကသိုလ်ပြန်တက်ဖို့ ရောက်သွားတယ်။ သူငယ်ချင်း ကဗျာဆရာက ဘာပြောလဲသိလား။ မန္တလေးတောင်ပေါ်မှာ မြွေကြီးနှစ်ကောင်မရှိတော့ဘူးတဲ့။ နဂါးကြီးရောက်လာလို့ တောင်ပေါ်က ဆင်းပြေးကုန်ပြီတဲ့။ တစ်ကောင်က မြို့သစ်ဘက် ပြေးတာပဲ။ တစ်ကောင်က တော့ ရှာမတွေ့သေးဘူးတဲ့လေ..။ ကျွန်တော်က အဟုတ်မှတ်လို့ တောင်ပေါ်တက်ကြည့်တော့ သူက ရယ်နေတယ်။ ကဗျာ ရေးမယ်ဆိုပြီး ဒီလောက်တောင်မတွေးတော့ဘူးတဲ့လား။ အင်္ဂတေ ရုပ်ကဘယ်ပျောက်မလဲတဲ့။ မြို့ထဲမှာ မြန်မာတွေပျောက်ကုန်တာ ပြောတာကွ တဲ့။ ခုတော့ နှစ်နှစ်ဆယ်တောင်ကြာခဲ့ပြီ။ အရင်တုန်းကတောင် ဒီလိုပြောခဲ့တဲ့ ကဗျာဆရာ.. ခုှပြန်တွေ့ရင် ဘယ်လိုများ တင်စားခိုင်းနှိုင်းပြီး ပြောမယ်မသိဘူး။

    Reply

  • fatty

    February 17, 2011 at 1:59 pm

    အဝေးရောက် ရောင်းရင်းတို့ရေ …. ဒီအတိုင်းသာဆိုရင်ဖြင့်နေပြည်တော် မျှော်တိုင်းဝေး မဟုတ်တော့ပါဘူး
    မျှော်ကိုမမျှော်ပါနဲ့တော့လို့ဆိုရမလိုဖြစ်နေပါပြီကော …။ အားလျှော့တန်ကောလို့ဖြင့် အပြစ်မတင်လိုက်ကြပါနဲ့။
    မချိတင်ကဲဖြစ်လွန်းလို့ပါ။

    Reply

  • kai

    February 17, 2011 at 6:16 pm

    သာမန်အားဖြင့် ..သူ့ရဲ့.. ပင်လယ်ထွက်ပေါက်နိုင်ငံတွေကို .. တရုတ်ကြီးက ..အနောက်နိုင်ငံတွေကို.. အထိမခံချင်ဘူး..။
    သူတို့ရဲ့ ..မဟာဗျူဟာကျတဲ့.. စိတ်ဝင်စားမှုပဲ..။

    တကယ်လို့.. အဲဒီနိုင်ငံက..အနောက်မျှော်ရင်..နိုင်ငံကို ၂ပို်င်းဖြတ်ပစ်မှာပဲ.။
    ဆိုတေ့ာ..
    မြန်မာဟာ ..ညူလက်နက်ကို ..ကိုင်ထားနိုင်ရင် ကောင်းတယ်..။
    ဒီအချိန်မျိုုးတော့မဟုတ်..။ တိုင်းပြည်စီးပွားရေးက .. ကမ္ဘာ့တန်း အဆင့်၅ဝလောက်ဝင်ရင်ပေါ့..။

    Reply

  • kai

    October 22, 2011 at 11:24 am

    မနက်စောစောထပြီး.. လပ်စ်ဗေးဂတ်စ်သွားမှာမို့.. အမှတ်တရ မောင်သာရ စာတွေပြန်ဖတ်ရင်း.. တွေ့တာလေးပါ..။ 🙂

    Reply

  • မြန်မာဟာ ..ညူလက်နက်ကို ..ကိုင်ထားနိုင်ရင် ကောင်းတယ်..။

    မြန်မာပြည် ညူကိုင်ရင်တော့ အမေရိကန်တွေက အရင်လာပြဿနာရှာမှာပေါ့ သူကြီးရယ်

    Reply

    • kai

      October 22, 2011 at 12:12 pm

      အဲဒီအမေရိကန်တွေကို.. ငွေပေးပြီး.. ညူစက်ရုံဆောက်ခိုင်းလိုက်ပေါ့.. ကိုပေါက်ရယ်.. အဲ..အဲ.. မြန်မာပြည်ကြီးရယ်..။
      လွယ်လိုက်တာ..။ 🙂

      Reply

  • thit min

    October 22, 2011 at 12:10 pm

    ရနိုင်ရင်ဒီနေ့ ဆရာကြီး ရဲ့ နောက်လက်ရာ အသစ်ကလေးတွေ ယူခဲ့ပေးပါအုန်းလို့ ထပ်ပူဆာပါရစေ သူကြီးရေ။

    Reply

  • အဲဒီအမေရိကန်ကိုငွေပေးဆောက်ခိုင်းလို့ဆောက်ပါပြီတဲ့ အနီးက တရုပ်ကြီးကလက်ပိုက်ကြည့်မနေလောက်ဘူးကိုခိုင်ရေ။
    ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြန်မာပြည်က မြေဇာပင်ဖြစ်သွားမှာပေါ့။
    နူမပိုင်ပေမယ့် အားလုံးစီးပွားရေးကောင်းရင် လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်ရတယ်ဆိုရင်ကို
    ပထမအဆင့်အနေနဲ့ အဆင်ပြေပါပြီ။

    Reply

  • GreeNSheeP

    October 22, 2011 at 2:37 pm

    ဒီကိစ္စတွေကို ဖြေးညှင်း ညှင်သာစွာ ကိုင်တွယ် သင့်တယ်လို ့မြင်မိပါကြောင်း

    Reply

Leave a Reply

Your email address will not be published.