မာဘိုတိုဖူး(ဂျပန်) – ဂွက်ဂွက်ရေးသည်

kaiDecember 14, 20091min03

imagesမာဘိုတိုဖူး(ဂျပန်)

ဝက်သားအကြေ    ပေါင်ဝက်
တိုဖူး
(medium firmness) ၁တုံး(တဗူး)
ကြက်သွန်မိတ်ကြီး(Naga Negi)  ၁ချောင်း
ဂျင်း၊ ကြက်သွန်ဖြူ၊ အနည်းငယ်
တိုးဗန်းဂျန်(ငရုပ်သီးနှစ်-
chili bean paste)
နှမ်းဆီ၊ ဟင်းရွက်ဆီ၊
ပဲငံပြာရည်အကြည်၊ အရက်(Sake)
သကြား၊ ဆား၊ ကော်မှုန့်( ပြောင်းဖူး)၊
မိစော၊
miso bean paste
ကြက်သားမှုန့်
(chicken broth)

ပြင်ဆင်ရန်
ရေတခွက်(ထမင်းဗူးတဗူးစာ)ကို အရက်၊မိစော၊ သကြား၊ ကြက်သားမှုန် ့တို ့ဖြင့်ရောမွှေထားက ခွက်နှင့်ဖယ်ထားပါ။ ကြက်သွန်မိတ်ရှည်နှင့် ကြက်သွန်ဖြူ၊ ဂျင်းတို ့ကို နှုတ်နှုတ်စဉ်းထားပါ။ တိုဖူးကို လေးထောင့်အတုံးကြီးများ ဓါးနှင့်လှီးထားပါ။ချက်ပြုတ်ရန်
ဒယ်အိုးထဲဟင်းရွက်ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ငရုပ်သီးနှစ်၊ ဂျင်း၊ တို ့ကို ဆီသတ်ပါ။ ထို ့နောက် ဝက်သားကြေများထည့်ပြီး ပဲငံပြာရည် အကြည်တဇွန်းပါထည့်ပါ။ ဝက်သားများနီရောင်သန်းကာ မွေးကြိုင်လာသည်အထိ မွှေပါ။ နီလာလျှင် ခွက်တွင်ဖယ်ထားသော အရက်၊သကြားရည်ကို ထည့်မွှေပါ။ ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ရည်လှီးထားသည်များထည့်ပြီး မွှေကာ၅မိနစ်ခန် ့ထားပါ။ ထို ့နောက် တိုဖူးတုံးများကို ထည့်ပြီး မကြေကုန်အောင် အသာအယာမွှေကာ ၁ဝမိနစ်ခန် ့ထားပါ။

ကော်မှုန့် ကို ရေအနည်းငယ်နှင့်ဖျော်ပြီး ဒယ်အိုးထဲလောင်းချကာ ယောက်မနှင့်အသာအယာမွှေပေးပါ။ ဟင်းအားလုံးစေးပြစ်သွားလျှင် အပေါ်မှ နှမ်းဆီတဇွန်းကို ဖြန်းပြီးသည်နှင့် မီးဖိုပေါ်မှချကာ  သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။

တရုပ်ပြည် စီချွမ်နယ်မှ မူရင်းဟင်းလျှာဖြစ်သော်လည်း ဂျပန်ပြည်တွင်အလွန်လူကြိုက်များသော အစားအစာဖြစ်ပါသည်။ ယခုမှာဂျပန်နည်းအတိုင်း ချက်ပြုတ်ထားခြင်းဖြစ်သည်။ တရုပ်ပြည်ချက်နည်းအတိုင်းချက်ပါက ဆီများများတွင် ခပ်စပ်စပ်နီရဲရဲ ချက်ပါသည်။ ဝက်သားအစား အမဲသားကြေနှင့်လည်း ချက်နိုင်ပါသည်။ မိစော(ဂျပန်ပဲ-ဆန်ပေါင်း) အစား အဆင်သင့်ရနိုင်သော Chinese salted black beans ထည့်နိုင်ပါသည်။

မှတ်ချက်။  ။ မန္တလေးဂေဇက် (ဒီဇင်ဘာ ၂၀၀၉) မှ

3 comments

  • မောင်ပေ

    July 9, 2012 at 2:34 pm

    သဂျီးကတော်က ဒါလေးတွေကြောင့် သဂျီးကို ချစ်နေတာနေမှာ…
    သဂျီးက အခုလို မျိုး ဂျပန်ဟင်းလဲချက်တတ်တော့
    သဂျီးလက်ရာလေးနဲ ့ငြိမ်ဇယားဘဲ ။
    တစ်နေ ့နေ ့တစ်ချိန်ချိန် အာလကေပေါလို ့အမေရိကားရောက်ခဲ့ရင် ၊ သဂျီးကို ဂျပန်ဟင်း ချက်ကျွေးခိုင်းမယ်ဗျို ့။

    Reply

  • kai

    July 9, 2012 at 2:43 pm

    ၂၀၀၉ ကစာတွေပြန်နှိုက်နေပါသဗျို့…
    ဆိုတော့.. ဟင်းတွေ..သိုးကုန်ပါပြီ… ဖြစ်ကြောင်း… 🙂

    Reply

  • mamanoyar

    July 9, 2012 at 2:48 pm

    အားရင်ဖြင့် ချက်စားချင်ပါကြောင်း
    အခုတော့ဖြင့် ပုံလေးကိုကြည့်ပြီး
    သွားရည်ကျသွားပါသည်

    Reply

Leave a Reply to mamanoyar Cancel Reply

Your email address will not be published.