နာမည်လေး

manawphyulayJanuary 12, 20111min09

စိတ်တွင် မနော
ဖြူသည့် စိတ်ရင်း
သတ်မှတ်ရင်းဖြင့်
မနောဖြူလေးဟု
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘုံ ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
မနောဖြူလေးပင် ဖြစ်ပေသည်။

9 comments

  • bigcat

    January 12, 2011 at 6:31 am

    ဂွတ်ထ ဂွတ်ထ
    ကောင်းလေစွဟု
    ချီးမွှမ်းထောပနာ
    ပြုလိုက်ပါသည်။
    ဖြူသည့်မနော
    ငါမပြောလည်း
    အများသူငှာ
    သိကြပါ၏။
    စိတ်ထားလည်းဖြူ
    ရုပ်လည်းဖြူသည်
    ဆံဖြူသွားကျိုး
    ဆုံးထက်တိုင်။

    Reply

  • ဆူး

    January 12, 2011 at 12:51 pm

    မနောဖြူ… ဆိုတဲ့ ကလေးးးးး နှမရေ…….
    ကိုင်း.. ရွာစားရေ… မနောဖြူ အတွက် တပိုဒ်လောက် တီးပြီး လက်ဆောင် ပေးလိုက်ပါအုန်းဗျ… ဂျိ….
    ^$^%$$$#%^^%$##^^&#**(@#@#^%
    ကောင်းလှချည်လားဗျ… ဟေ…. ဝါးးးးးးး ဟားးးးးးးးးး

    Reply

  • တညင်သား

    January 12, 2011 at 1:59 pm

    တီးမယ် ဝါလက်ခုပ် ဂွပ်ဂွပ် ..ဂွပ် ဂွပ်

    Reply

  • bigbird

    January 12, 2011 at 3:16 pm

    အော်…ဒါကြောင့်မို ့လည်း ပုတုဇဉ်တွေအားလုံးဟာ အရူးတွေချည်းပဲလို ့
    ဗုဒ္ဓမြတ်စွာဘုရားက ဟောခဲ့တာကိုး…ကျွတ်..ကျွတ်..ကျွတ်

    Reply

  • ဆူး

    January 12, 2011 at 3:22 pm

    ဦးငှက်ကြီး ပျံရင်းနဲ့ ဂဲမှန်သွားတာလား မသိဘူး.. ကျွှတ် ကျွှတ် ကျွှတ်.. နဲ့ အော်နေရှာတယ်.. ကြက်ခြေနီ ဝင်းထဲသာ လေဟုန်စီးပြီး ခုန်ဆင်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ကြက်ခြေနီတာ ကြက်သားသည် ဈေးဗန်းထဲ ရောက်နေလို့။

    Reply

  • manawphyulay

    January 13, 2011 at 3:08 am

    ကိုပေါက်မန်းက ဘာတွေပြောခဲ့တာလဲဟင် နားမလည်လို့။

    ဆူးရေ ဘယ်လိုပဲ အားပေးအားပေး တီးဝိုင်းမလိုပါဘူးကွယ်။

    ဦးဘတ်ကြောင်ကြီးရေ လူတိုင်းက အရူးတွေဆိုတာ ခုမှသိတယ်ထင်တယ်။ ကိုယ့်ဘာသာ မှန်ထဲမကြည့်မိဘူးထင်တယ်။
    ပုထုဇဉ်ကော ဥမ္မာက ကောတယ်ဆိုလားပဲ အဟိ။

    Reply

  • meelay

    January 13, 2011 at 11:20 am

    လေးပေါက် ရိုက်သွားတဲ့စာကို မြန်မာလို ပြန်ရိုက်လိုက်တော့ (အရမ်းကိုကြွယ်တာဘဲ) လို့ ထွက်လာပါတယ် .. လေးပေါက်က ဘယ်လိုဖြစ်ပြီး ဘာတွေ ရိုက်သွားတာလဲ … 🙂

    Reply

  • manawphyulay

    January 14, 2011 at 3:16 am

    ဒါဆို လေးပေါက်က ကိုရီးယားလို ရိုက်သွားပေးတာ ဖြစ်မယ်နော် မီးလေး။ မှတ်သားလောက်ပါရဲ့။

    Reply

Leave a Reply to meelay Cancel Reply

Your email address will not be published.