ခေတ်တစ်ခေတ်ရဲ့ ခြေလှမ်း

manawphyulayJanuary 12, 20111min04

ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း
လေ့လာလို့ မပြီးဆုံးသေး
နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့
ဪ…. IT ခေတ်ဆိုပါလား…
တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့
ခေတ်ကို ရောက်ရှိနေပါပြီကော
မမီ မီရာနဲ့ လိုက်ဆိုသလို
ရောက်နေတဲ့နေရာက
ဆက်လိုက်ခဲ့ရ
တော်သေးပါရဲ့
ငါ အလှမ်းမဝေးသေးပါလား….
တွေးတုန်းရှိသေး
Internet ခေတ်ကို
ထပ်မံရောက်ရှိလို့လာပြန်
အင်း…
လိုက်လေ ဝေးလေ
ခေတ်ပြောင်းကြီးထဲ
ငါ့ဘဝ
ဘယ်လိုများမှ မီအောင်
ဆက်လိုက်ရပါ့….

4 comments

  • Gipsy

    January 12, 2011 at 4:50 pm

    ယူကဘဲဟုတ်ဦးမယ်…အိုင်တော့ဂျွမ်းထိုးမှောက်ခုံဖြစ်လို့…..
    ဒါတောင်…အင်တာနက်တစ်ခု …ခုမှစတာ…
    ဒီတစ်ခုနဲ့တင်…ဥနှောက်ဂျမ်းဖြစ်နေပြီ….

    Reply

  • kai

    January 12, 2011 at 11:59 pm

    အင်း..
    ဝင်တန်းစီရရင်တော့ … J လည်း ပြာနေတာပါပဲ..။
    အင်တာနက်ခေတ်မှာ ..တိမ်စားမှ.အားရှိတယ်ဆိုလို့.. ဒီဝက်ဘ်ဆိုက် တိမ်ပေါ်တင်ကြည့်နေတာ..။
    ပြာတာကနေ..ဖြူတောင်နေပြီ..။

    U -> I -> J (ThaJee)
    တိမ် = Cloud Computing

    Reply

  • ကျွန်တော်ကတော့ တစ်သက်လုံးရသစာအုပ်တွေပဲဖတ်၊ သုတစာအုပ်မလေ့လာခဲ့မိလို့၊ ခုမှ ကဘောက်တိကဘောက်ချာနဲ့ ဒုက္ခရောက်ရတဲ့ကောင်ပါ။

    Reply

  • naywoonni

    January 13, 2011 at 3:21 pm

    ကမ္ဘာပြားပြိတဲ့
    ဆရာကျောင်းဝင်းက ဘာသာပြန်တယ်။
    ကျွန်တော့အသဲလေးပြားသွားတာကျ
    ဆရာမသိလိုက်ဘူးနော်…..တဲ့သူငယ်ချင်းမိုးမခ(m)ရဲ့အတွေးလေးပါ။
    ကျွန်တော်တော်တို့လည်း ကိုယ့်ကမ္ဘာတစ်ကယ်ပြားရဲ့လား ဘဲဥ ပုံကြီးပဲဖြစ်နေသလားတော့မသိဘူး။ ကွန်နက်ရှင်မကောင်းရင် ပြားအောင်မနဲ ဖိဖိနေရတဲ့ ကမ္ဘာက ပြန်ပြန်ပြီး လုံးလုံးသွားသေးရဲ့။

    Reply

Leave a Reply

Your email address will not be published.