ပြင်ဦးလွင် က မတန်တဆဈေးနဲ့ SKY NET

POLDecember 31, 20101min00

ပြင်ဦးလွင်မှာ စကိုင်းနက် ရုပ်သံစက်တွေကို N Star ဆိုင်မှတစ်ဦးတည်းကိုယ်စားလှယ်ယူပြီး ဒီဇင်ဘာလဆန်းမှ စပြီးရောင်းနေပါတယ်။ ကုမ္ပဏီ ရောင်းဈေး ၁၄၂၀၀ဝ ကျပ်ပါ။ ဒါပေမယ့် ပြင်ဦးလွင်မှာဝယ်ရင် ၁၆၄၀၀ဝ ကျပ်တောင်းပါတယ်။ ကျန်တဲ့ပိုငွေ တွေက တပ်ဆင်ခ နဲ့ ကြိုး ၁ဝ ကိုက် ဖိုးလို့ပြောပါတယ်။ စက်ဝယ်ပြီး မိမိကိုယ်တိုင် တပ်ဆင်ချင်လဲ မရပါ။ မိမိထံတွင် ကြိုးရှိ၍ မယူချင် မရပါ။ မသုံးလည်းယူရမည်ဟုပြောပါတယ်။ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်လို့ မတန်တဆ အမြတ်တင်ရောင်းချနေပါတယ်။ ထို့ပြင် ကုမ္ပဏီ် မှ ၅ဝ ရာခိုင်နှုန်းလျှော့ဈေး (၃) လ ပေးသည်ကိုလည်း (၁) လပဲပေးသည်၊ ဒီဇင်ဘာကုန်ရင်မပေးတော့ဘူး ဟု လိမ်ညာရောင်းနေပါတယ်။ တပ်ဆင်လိုသူများသော်လည်း ဈေးမှာ တခြားမြို့များထက် မတန်တဆ ကြီးမြင့်နေသဖြင့် အခက်တွေ့နေရပါတယ်။

Leave a Reply

Your email address will not be published.