၅၀၀ဝ တန် အတု သိန်းပေါင်းများစွာ ထိုင်းနယ်စပ်မှာဖမ်းဆီးရရှိ

နွယ်ပင်December 31, 20101min011

မြန်မာငွေ ကျပ် ၅၀၀ဝ တန် အတုတွေ ကို ထိုင်းမြန်မာ နယ်စပ် ဒေသ ထိုင်းနိုင်ငံ တာခ် ခရိုင် တွင်းက မဲ့လ ဒုက္ခသည် စခန်း မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ က ဖမ်းမိ ခဲ့ ပါတယ်။မဲလ ဒုက္ခသည် စခန်းမှာ မြန်မာငွေ ကျပ် ၅၀၀ဝ တန် အတုတွေ နဲ့အဖမ်းဆီးခံရသူ ဟာ ကရင် ပြည်နယ်၊လှိုင်းဘွဲ မြို.နယ် ရွှေဂွန်း ရွာသား စောဖါးဝါး ဆိုသူ ဖြစ် ပါတယ်။သူဟာ ၅၀၀ဝ ကျပ်တန် အတု သိန်း ၅ဝ ကို မြန်မာပြည် တွင်း က ယူလာခဲ့ပြီး သိန်း ၂ဝ ကို အခု ဒုက္ခသည် စခန်းပြင်ပ က နေရာ တွေမှာ မှာ ထိုင်း ဘတ်ငွေ နဲ့ လဲခဲ့ပြီး ကျန်သေးတဲ့ သိန်း ၃ဝ ကို ဒီ မဲလ စခန်းမှာ လိုက်လဲ နေစဉ် စခန်း အာဏာပိုင် တွေက ဖမ်းဆီး ခဲ့တာပါ။ထိုင်းငွေနဲ့ လဲ မိတဲ့ စခန်းတွင်း နေ လူတဦး က မသင်္ကာလို့ ရခဲ့တဲ့ ၅၀၀ဝ ကျပ် တန် တခု ကို ရေစိမ်ကြည့် လို့ ခဏကြာမှာ ပုံနှိပ်ဆေးသား တွေ ပျက်သွားတာ ကို တွေ့ပြီးတဲ့ နောက်ပိုင်း စခန်း အာဏာပိုင် တွေ ကို အကြောင်းကြား ခဲ့တာပါ။မြန်မာ ငွေတုတွေ နဲ့ ဖမ်းမိထားတဲ့ စောဖါးဝါးကို ထိုင်း နိုင်ငံ ဥပဒေအရ ဆက်လက် အရေး ယူဖို့ အတွက် မဲ့လ ဒုကသည် စခန်း တာဝန်ခံ က ထိုင်းနိုင်ငံ ထာ့ဆောင်းယန် မြို.နယ် ရဲတပ်ဖွဲ့ကို လွှဲပေး လိုက်ပြီ လို့ပြောပါတယ်။

11 comments

  • draungkyawkyawoo

    December 31, 2010 at 3:59 am

    ပိုက်ဆံအတုတွေ ပြည်သူတွေလက်ထဲ ဘယ်လောက်တောင် ဖြန့်ပြီးပြီလဲ မသိဘူး။

    Reply

  • yuyu

    December 31, 2010 at 8:37 am

    ကြောက်စရာကြီးနော် ကိုယ်တွေလက်ထဲရောက်လာရင်တော့ ပြဿနာပဲ၊ ဘယ်လိုခွဲရမလဲ ခွဲတတ်ရင်ပြောပြကြပါဦးနော်

    Reply

  • The Reds

    December 31, 2010 at 1:54 pm

    အ တု နဲ. မ ကင်း တဲ. မြန် မာ နိုင် ငံ ပါ လား နော် …

    Reply

  • naywoonni

    December 31, 2010 at 2:11 pm

    ငွေစက္ကူရဲ့ ဒေါင့်စွန်းလေးတွေမှာ ဖောင်းကြွလေးတွေပါတယ် လက်နဲ့စမ်းကြည့်ရင်သိနိုင်တယ် ဘဏ်ကငွေကိုင်တွေကအဲဒါလေးတွေစမ်းရင်း အထပ်လိုက်ရေသွားကြတာ ဂဏန်းတွေကိုကြည့်လိုက်ရင်မသပ်ရပ်ဖူးအတုက

    Reply

  • intro

    January 1, 2011 at 9:22 am

    ဆက်ဦးလေ ကို နေဝန်းရ… တို့လို့ တန်းလန်းကြီး Vote ပေးခဲ့တယ်နော်….

    Reply

  • Student

    January 1, 2011 at 12:33 pm

    ဟိုက် ကွိုင်ပြီ

    Reply

  • nanmyat

    January 2, 2011 at 2:37 am

    မြန်မာတွေကအတုတွေဆိုရင်အရမ်းကျွမ်းကျင်တယ်လေ။အခြားဟာတွေတော့မသိဘူး

    Reply

  • etone

    January 3, 2011 at 2:36 am

    ငါးတောင်တန်မို့လို့ အတုထွက်တာပါ ။ ဟိုးတစ်လောက ခေတ်စားလိုက်တဲ့ တစ်သောင်းတန် မျောက်ပုံကြီးနဲ့သာ တစ်ကယ်ထွက်ကြည့် ဘယ်သူက အတုလုပ်မှာလဲ ဟုတ်ဘူးလား 😛 😛

    Reply

  • Mie_Mie

    January 3, 2011 at 9:19 am

    ငါးထောင်တန် အတု နဲ့ပက်သတ်တဲ့ Post လေးတင်ပေးပါမယ်။
    တခြား Site ကတွေ့တာပါ။
    ပြန် Share ပေးပါမယ်။

    Reply

  • Mie_Mie

    January 3, 2011 at 9:30 am

    ငါးထောင်တန် အတုတွေအကြောင်း ပုံလေးတွေနဲ့တောင် PaukPhaw ကြီးကတင်ပေးထားပါတယ်ရှင်။
    ဒီ Link မှာပါ။
    http://myanmargazette.net/37232/arts-humanities/history-museums

    Reply

  • winkyawaung

    January 4, 2011 at 3:36 am

    အများအတွက် သိရအောင်တင်ပေးတာ အထူးကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.