ခံစားကြည့်ပါ ….။

fattyDecember 15, 20101min08

မှာပါရစေ ပြောပါရစေ
ကိုယ်သေရင်မငိုနဲ့
ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသားကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို
ဘာကိုမှကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့
ပြန်လိုက်ရမဲ့အစားမှုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှမလည်နဲ့
သံသရာကြီးမှာလည်ခဲ့သူ။ ……
ကဲဒါကတော့ဆရာမိုးဟိန်းရဲ့ကဗျာပါ .. ခံစားကြည့်ကြပါ။

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2010 at 12:06 pm

    ကဗျာဆရာက သူရေးတဲ့ကဗျာအတိုင်း ကျင့်ကျံနိုင်တယ်ဆိုရင်
    သူ ့ကိုယ်သူ အငယ်ခံ သောတပန်ပါလို ့ကြေငြာတာနဲ ့တောင်တူတယ်
    ဟုတ်တာမဟုတ်တာ သူ ့ကိစ္စပါ ကဗျာကို ထောက်ရှုပြီး သုံးသပ်ကြည့်တာ။

    Reply

  • kai

    December 15, 2010 at 11:39 pm

    I say “real” Buddhist. 🙂

    Reply

  • MaMa

    December 16, 2010 at 1:14 am

    ကိုယ့်ကိုကိုယ် ဒီလောက်ထိ ယုံကြည်လို့ရမှ ပြောရင်တော့ အဟုတ်သား။ မဟုတ်ရင်တော့ မတွေးရဲစရာဘဲ။ သောတာပန်အဖြစ်နဲ့ သေသွားလို့ ကျန်ခဲ့တဲ့ လူတွေက သပိတ်သွတ်၊ ရက်လည် နှစ်လည်တွေလုပ်လည်း အလကား မဖြစ်ပါဘူး။

    Reply

  • bigcat

    December 16, 2010 at 1:26 am

    ဆရာမိုးဟိန်းရဲ့ နာရေးသတင်းကို တလောက မိုးမခမှာထင်တယ် ဖတ်ဖူးပါတယ်။ သူက ဂျာနယ်ကျော်တို့ရဲ့ သားပါ။ ပညာတတ် တဦးဖြစ်ပြီး ကဗျာဆရာမ မခက်မာ အခုတက်နေတဲ့ ယူအက်စ်က ဖဲလိုးရှစ်အစီအစဉ်ကို တပတ်စောပြီး တက်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ သူ့အကြောင်း ရေးထားတာထဲမှာတော့ ဆရာက ဝိပဿနာကမ္မဌာန်းကို တော်တော်နက်နက်နဲနဲ အားထုတ်ပြီး ရှစ်ပါးသီလ၊ သက်သက်လွတ်တို့ကို နှစ်ရှည်စောင့်ထိန်းခဲ့သူလို့ မှတ်မိပါတယ်။ ယုံကြည်မှုအပြည့်နဲ့ ရေးတဲ့ကဗျာတပိုဒ်လို့ အနဲဆုံးအောက်ထစ် သတ်မှတ်နိုင်ပါသည်။

    Reply

  • fatty

    December 16, 2010 at 2:47 am

    ကိုကြောင်ကြီး သိထားတာတွေဟုတ်ပါတယ် ဆရာဟာ ဒါဂျီလင်ကျောင်းဆင်းပါ အင်ဒိုနီးရှားသံရုံးမှာအနှစ်၂ဝ လောက် အရာရှိအဖြစ်အမှုထမ်းခဲ့ပြိး ပရဟိတနယ်မြေထဲ ခြေစုံပြစ်ဝင်ခဲ့သူပါ ..။ အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ စာတွေအများ
    ကြီးရေးခဲ့ပါတယ်။ ဂျာနယ်ကျော်စီးဆင်းမှု၊ ပထမတဆစ်ချိုး၊ ကလောင်ကိုဆက်ဖေါင်ကိုဖျက်ရျ်၊ ပြင်ပအိပ်မက်တခု၊
    through life’s peris (ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း )၊ Harmony of Head and Heart, What I see Hoe I feel.
    တို့ဟာထင်ရှားတဲ့လက်ရာတွေပါ။ ရန်ကုန်ကမ္ဘာအေးမှာရှိတဲ့ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ သံဃာတော်တွေကို
    အင်္ဂလိပ်စာ ပညာဒါနပို့ချပေးခဲ့ပါတယ်။ပြင်ဦးလွင်မြို့နယ်စည်သာရွာမှာရှိတဲ့ ဒဟတ်စံပြပရဟိတပျိုးခင်းကိုတည်
    ထောင်သူလည်းဖြစ်ပါတယ်။မြင်းခြံခရိုင်နွားထိုးကြီးမှာ မဟာပရိတ္တစေတီတော်ကြီးကိုဒါယကာအဖြစ်ခံယူတည်ဆောက်ခဲ့ပါတယ်။ ဆရာဟာ ကင်ဆာရောဂါဖြစ်လာတော့
    ရှင်သေမင်းသို့အိပ်ဖွင့်ပေးစာမှာ .. ဗျို့မိတ်ဆွေကြီး မရဏ၊နေကောင်းတယ်နော် ..လို့ပဋိသန္ဓာရ နှုတ်ခွန်းဆက်
    လိုက်ပါသေးတယ် ..။ ကျနော်ဖေးပြပေးတာက ကဗျာရဲ့ ပထမအပိုဒ်ပါ။နောက်အပိုဒ်မှာ ….
    ကိုယ်သေရင်မငိုနဲ့ကြိုကြိုပြီးသေထားသူ။ဘုရားရှင်ရဲ့ဂုဏ်တော်ကိုမြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ်အသေရင်းထား
    သမို့ မရဏမင်းဆီပျော်ပျော်သွားမှာပါ။ ပြီးတော့ပြောပါရစေ၊ သာသနာ၊ စာပေ၊ ပရဟိတ၊ လုပ်လက်စတွေဆက်လုပ်ဖို့ မိခင်မြေကိုပြန်လာခဲ့မယ်မုချ။ ဒီတော့ ကိုယ်သေရင် မငိုနဲ့။ ဖြေသာစမ်းပါ။ ပြုံးစမ်းပါ။
    လူသာဆုံးတာ အရှုံးမရှိပါဘူး။ မှာခဲ့ပြီ၊ ပြောခဲ့ပြီနော် ။ ဒါပါဘဲ ….. တဲ့။ အတွေးအမြင် ၂၀၁ဝ အောက်တိုဘာလက
    ဖေါ်ပြချက်ကို ရဲရင့်မှိုင်း ခံစားထားတာလေးပါ ..။

    Reply

  • char too lan

    December 16, 2010 at 6:09 am

    ကျန်တာတော့မသိဘူး တော်တော်ခံစားရတယ် :'(

    Reply

  • အာဖျံ ကွီး

    December 16, 2010 at 7:57 am

    လေးစားတရ်ကွာ ~~~
    သုံးသပ်ချက်တွေကို ~~~
    Like တစ်ယောက်တစ်ချက် လုပ်ပေးလိုက်မရ် ~~~
    လာလေရောဟေ့ … ဟပ်ချလောင်း ~~~ 😀

    Reply

  • manawphyulay

    December 16, 2010 at 8:03 am

    ဒီလောကတွင် အမုန်းတရားဖြင့်
    အမုန်းတရားကို မငြိမ်းသတ်နိုင်…
    မေတ္တာတရားကသာ အမုန်းတရားကို
    ငြိမ်းသတ်နိုင်၏…
    ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော
    ရှေးအစဉ်အဆက်တရားဖြစ်၏…
    သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို
    သိလျှင် မည်သည့်အတွက်ကြောင့်
    ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း….

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.