တရုတ်စာလုံးများ Hanzi

null

တရုတ်စာလုံးတွေကို တစ်လုံးမှ မသိသောသူများအတွက် ဗဟုသုတပါ။
ကျွန်မတို့ မြန်မာပေမယ့် မြန်မာစာကို မသင်ထားဘူး မတတ်ဘူးဆိုရင် ကကြီးကို ပုတ်လောက်ရေးပြထားရင်တော့ ဘာရေးထားမှန်း မသိနိုင်ဘူး။ အင်္ဂလိပ်စာကို မသင်ဖူးရင်လည်း A ကို ပုတ်လောက်ရေးပြလဲ ဘာရေးထားမှန်း မသိနိုင်ဘူး။ ဒါပေမယ့် တရုတ်စာလုံးကတော့ အဲဒီလိုမဟုတ်ဘူး။ တရုတ်စာမသင်ထားပေမယ့် စာလုံးတွေကို ခန့်မှန်းလို့ရပါတယ်။

တရုတ်စာလုံးတွေက ပန်းချီကနေလာတာမို့လို့ပါ။ ဟိုရှေးတုန်းက သင်္ကေတအနေနဲ့သတ်မှတ်ကြရာမှာ မျက်စိနဲ့မြင်ရတဲ့သဏ္ဍာန်နဲ့ နီးစပ်ရာကို စာလုံးအနေနဲ့ တဖြည်းဖြည်း ပြောင်းသုံးခဲ့ကြလို့ပါပဲ။ အဲဒါကြောင့် အခုပို့စ်ကို ဖတ်ပြီးရင် အနဲဆုံး စာလုံးနဲနဲလောက်ကို မှန်းကြည့်နိုင်ဖို့ နည်းလမ်းလေးနဲနဲပြောပြချင်လို့ပါ။

မြန်မာတွေပြောလေ့ရှိတယ့် ပဲပင်ပေါက်စာလုံးတွေထဲက လွယ်တာလေးနဲနဲကို ရှင်းပြချင်ပါတယ်။ တစ်ဆိုတဲ့ စာလုံးကို တရုတ်က 一 (yi) ယီး လို့ ရေးတယ်။ အခြစ်ကလေးက တစ်ခြစ်ထဲပါတယ်။ တစ်ခြစ်ဆိုတော့ တစ်ပေါ့။ နောက်ဆို အခြစ်တစ်ခြစ်မြင်ရင် တစ်လို့သာ မှတ်လိုက်ပေတော့ … အသံထွက်ကတော့ … ယီး …
နှစ်ဆိုရင်တော့ အခြစ် ၂ ခြစ် ဖြစ်သွားတယ် 二 (er) အ လို့ ရေးတယ်။ အသံထွက်က … အ …
သုံးဆိုရင်တော့ အခြစ် ၃ ခြစ် 三 (san) စန်း လို့ရေးတယ်။ အသံထွက်က စန်း …
ကဲ .. ဘယ်လောက်လွယ်လဲ … လေးဆိုရင်တော့ အခြစ် ၄ ခြစ်မဟုတ်လို့ ၃ အထိပဲ မှတ်ထားလိုက်ပါ။ 一, 二, 三 ယီး … အ … စန်း …

နောက်တစ်ခု လွယ်တာတစ်ခုက အပေါက်နဲ့ ပါးစပ် … အပေါက်က လေးထောင့်အပေါက်ဆိုတော့ ထောင့်မှန်စတုဂံလိုပုံမျိုး၊ ပါးစပ်ကလဲ အပေါက်ဆိုတော့ အဲဒီလိုမျိုးပဲ … 口 (kou) ခို လို့ အသံထွက်တယ် … အဲဒီသင်္ကေတမြင်ရင် အပေါက် (သို့) ပါးစပ်လို့သာ မှတ်ထားလိုက်ပေတော့ … ပါးစပ်နဲ့လုပ်ရတယ့် စားတာဆိုရင် 吃 (chi) (ချေး) ဘယ်ဘက်မှာ အပေါက်လေးပါတာကို သတိထားမိလိမ့်မယ် … သောက်တာဆိုရင် 喝 (he) (ဟဲ) ဘယ်ဘက်မှာ ပါးစပ်ပေါက်လေးပါတယ် … အဲဒီလိုသဘောမျိုးပဲ …

လူဆိုရင်လဲ လူပုံလေးပဲ … 人 (ren) ရန် လို့ အသံထွက်တယ် … ခြေထောက် ၂ ချောင်းနဲ့ လူနဲ့ သဏ္ဍာန်တူတယ်။

မျက်လုံးဆိုရင် 目 (mu) မု လို့ အသံထွက်တယ် … မျက်လုံးကို ထောင်ကြည့်လိုက်ရင် အဲဒီပုံလေးထွက်တယ်မဟုတ်လား …

အပေါ်မှာဆိုရင် 上 (shang) ရှန့် လို့ အသံထွက်တယ် … အောက်က အခြစ်ကလေးကို ပြင်ညီတစ်ခုဆိုရင် အပေါ်မှာ အချောင်းလေးတစ်ခုပါလို့ အဲဒါကို အပေါ်လို့ မှတ်ထားရမယ် .. အောက်မှာဆိုရင် 下 (sha) ရှ လို့ အသံထွက်တယ် … အခြစ်ကလေးက အောက်ကို ရောက်သွားတယ် …

တရုတ်စကားလုံးကို တစ်လုံးမှ မသိတာထက်စာရင် လေးငါးလုံးလောက် သိသွားအောင်နဲ့ ပန်းချီကနေဆင်းသက်လာတဲ့စကားလုံးဖြစ်ကြောင်း ဗဟုသုတရရန် အလို့ငှာ အနဲငယ် မိတ်ဆက်ပေးခြင်းဖြစ်ပါတယ် ….

weiwei

မဂၤလာပါ ....

This Post Has 23 Comments

  1. koyinmaung

    谢谢

  2. ဆူး

    တလုပ်စာနဲ့ ပတ်သတ်ရင် ဉာဏ်ရည် မမှီလို့လားမသိဘူး အခု သင်အခုမေ့ဘဲ..

  3. fatty

    ကျေးဇူးတင်တယ်ဗျာ တရုပ်စာတက်ဖို့ ပိုက်ဆံမရှိသေးတာနဲ့အတော်ဘဲ နဲနဲထပ်သင်ပေးပါအုံး ..။

  4. paukpauk

    မလွယ်ဘူးဗျ။
    ကိုရီးယားဂျပန် က မြန်မာသံနဲ့နီးစပ်သေးတယ်။

    သင်ချင်သူတွေ လေ့လာနိုင်တာပေါ့။

  5. weiwei

    သင်ပေးတဲ့သဘောမျိုးမဟုတ်ပါဘူး … ဗဟုသုတအနေနဲ့ပြောပြတာပါ … အများကြီးရေးလိုက်ရင် မေ့ကုန်မှာစိုးလို့ နဲနဲအရင်မိတ်ဆက်လိုက်တာပါ … နောက် ၃ – ၄ ရက်လောက်နေတော့ နောက်ထပ် နဲနဲထပ်ပြောပြမယ် …

  6. MaMa

    xie xie xiao mei. wo xia de dui ma. တရုတ်စာတော့ မတတ်ဘူး။ အသံထွက်တော့ သင်ဘူးတယ်။

  7. kyawmonkhant

    စိတ်ဝင်စားပါတယ်။ ဆက်ရေးပါဦး။ အားပေးနေပါတယ်။

  8. etone

    မဝေရေ သင်တန်းမှာပို့ချသလိုလေး alphabetတွေကနေစရေးပေးစေချင်ပါတယ် ..။ အွန်လိုင်းကနေ စာသင်သလိုမျိုးလေးပေ့ါ ။ အရင်က သင်ဖူးတယ် သုံးလလောက်ပေါ့ … စာသင်နေရင်းဆရာမလေဖြတ်သွားလို့ ဆက်မသင်ဖြစ်တာနဲ့ ဘယ်မှာမှမသင်တော့ဘူး အခုတော့ဘာမှမသိတော့ဘူး …။

  9. char too lan

    han, shu, pie, na ကစရင်ပိုလွယ်တယ်လို့ထင်တယ်ဗျ အခုမဝေပြောသလိုမျိုးမှတ်ဖူးတယ် အများကြီးဆက်သင်ပီးတော့ အဲဒါမျိုးမှတ်လို့မရတော့ဘူး အရေးကတော်တော်ခက်တယ်ဗျာ … 🙁

  10. bigcat

    တရုပ်သိုင်းရော သင်လိုသူများ ရှိသလား။ ရှောင်လင်ဂိုဏ်းချုပ် ဆရာတော်ကြောင်ကြီး ရှိတယ်။

  11. weiwei

    တရုတ်စာဆိုတာက တကယ်လေ့လာရင် တော်တော်ခက်ပါတယ် … တရုတ်စာလုံး တစ်လုံးမှမသိသူတွေကို သူတို့စာက ဒီလိုဖြစ်လာတာဆိုပြီး ဗဟုသုတအနေနဲ့ပြောပြတာပါ …

    အသံထွက်စနစ်အကြောင်းလဲ ဗဟုသုတရအောင် သီးသန့်ပို့စ်ရေးပြဖို့ စိတ်ကူးရှိပါတယ် ….

  12. kai

    အလေးအပေါ့ သွားနိုင်ဖို့.. ယောက်ျားမိန်းမ ခွဲထားတဲ့ တရုတ်စာလုံးလည်းသိဖို့လိုပါတယ်..။
    အဲဒါမျိုး ခရီးသွားအရေးပေါ်လေးတွေ တင်ပေးပါဦးဆရာမ…။ 🙂

  13. weiwei

    ယောက်ျား မိန်းမ စာလုံးကလဲ သိသာထင်ရှားပါတယ် …
    မိန်းကလေးကို 女 (နွီ) လို့ ရေးတယ် …. B ရော G ရော ပါတယ် … သေချာကြည့်ရင် မိန်းကလေး ကောက်ကြောင်းဆွဲထားတာကို သိသာစေပါတယ် …. 🙂
    ယောက်ျားလေးကတော့ ရှေးတုန်းက လယ်ကွင်းထဲမှာ လယ်စိုက်တာကို အကြောင်းပြုပြီး လယ်ကွင်းရယ် ဓါးရယ် သင်္ကေတဖြစ်တဲ့ 男 (နန်) ပါ …
    အဲဒီ စာလုံး ၂ လုံးကို အိမ်သာမှာတွေ့ရင်တော့ အခုပြောတဲ့နည်းကိုသာ မှတ်ထားလိုက်ပါတော့ ….. 男 (ကျား) နန် 女 (မ) နွီ

  14. လင်းဝေကျော်

    အိမ်သာကို ဘယ်လိုခေါ်သလဲကလည်းအရေးကြီးတယ်။
    ကျား၊ မ ကတော့ အရုပ်ဆွဲထားတာများပါတယ်။
    တရုပ်ပြည်မှာ ချဲစော် ကို မပြောပဲ တွိုင်းလက်လို့မေးတာ မသိဘူး။
    သူငယ်ချင်းက ရှူးပန်းတာလုပ်ပြတော့မှ ရီပြီး လက်ညှိုးထိုးပြတယ်။
    ဒါနဲ့ ဝေဝေ ဆိုတာ တရုပ်နာမည်လား မြန်မာနာမည်လား။

    1. ဆူး

      တလုပ်ပြည်မှာ WC လို့သုံးတယ်လေ.. တွိုင်းလက် မေးရင် သိကို မသိတာ။

  15. weiwei

    ဒီပို့စ်ကတော့ တရုတ်စာလုံးတွေက ပန်းချီကဆင်းသက်ပြီး အနည်းငယ်မှန်းလို့ရတဲ့အကြောင်း မိတ်ဆက်ပေးတဲ့သဘောပါပဲ …

    အခေါ်အဝေါ်တွေကို ဗမာစာလုံးနဲ့ရေးပြရင် အသံထွက်မမှန်ဖြစ်တတ်ပါတယ် … ကျွန်မတို့ မြန်မာစာလုံးတွေမှာ တရုတ်အသံထွက်ကိုရေးနိုင်တဲ့ ဧက္ခရာ အစုံမရှိဖြစ်နေပါတယ် … ဥပမာ အိမ်သာဆိုရင် ခုနက ကိုလင်းဝေကျော်ရေးတဲ့ ချဲစော် ဆိုတာ အသံထွက်လွဲနေပါတယ် … 厕所 (cesuo) ၊ တရုတ်ယဉ်ကျေးမှုမှာက အိမ်သာလို့ ပြောတာထက် အိမ်သာနဲ့လက်ဆေးခွက်တွေတွဲပါတဲ့ 卫生间 (weishengjian) လို့ ပြောကြပါတယ် … တိတိကျကျ လေ့လာရင်တော့ သိပ်မလွယ်လို့ ဗဟုသုတအနေနဲ့သာ ပြောပြခြင်းဖြစ်ပါတယ် …

  16. နီလေး

    ကိုယ်တိုင်လေ့လာနေတော့တကယ့်ကိုခက်ပါတယ်

  17. Ko Nanda

    တရုတ် စာကိုတော့ သင်ချင်ပါတယ်။ ဒါပေမယ့် အချိန် မရဘူး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ ဖြေပေးပါအုံး။

    1. weiwei

      တရုတ်စာသင်ချင်ရင်တော့ အခြေခံအဆင့်မှာ အချိန်ပေးပြီး သေသေချာချာလေ့ကျင့်ဖို့လိုတယ် … ရန်ကုန်မှာဆိုရင်တော့ UFL က အခြေခံက နိုင်ငံတကာအဆင့်မီတယ် … အဲဒီမှာ အနဲဆုံး ၃ လ လောက်တော့ အရင်တက်ပြီးမှ ကျန်တဲ့အပိုင်းကို အွန်လိုင်းက ဆက်လေ့လာသင့်ပါတယ် ….

  18. paukpauk

    ကြားဖူးတာ သူတို့ဆီက Professor တစ်ယောက်တောင် သူတို့စကားလုံး အကုန်မသိဘူးတဲ့။
    ဟုတ်ရဲ့လားမသိဘူး။
    သူတို့ကကြုံသလိုရေးနေကြတာလား။
    Grammar ခြေခြေမြစ်မြစ် မရှိလို့လား။

  19. weiwei

    တရုတ်စာလုံးဆိုတာက စာလုံးလိုက်အဓိပါယ်နဲ့မှတ်ရတာဆိုတော့ တချို့မေဂျာစာလုံးတွေကို လူတိုင်းမသိနိုင်ပါဘူး … ဥပမာ စက်နဲ့ပတ်သတ်နဲ့အခေါ်အဝေါ်တွေက ဆရာဝန်က မသိသလိုဖြစ်တာပါ … ပရော်ဖက်ဆာပေမယ့်လဲ သူနဲ့မဆိုင်တာကို မသိဘူးပေါ့ ….

    grammer နဲ့ပတ်သက်ရင် အလွန် အခြေအမြစ်ရှိပါတယ် ….

  20. nyimalay

    ni hao wei jiae, wo men xie xie zaijian 😛

    i can write alittle like that . Thanks for your sharing . I intresting in chinese and i can write nearly 150 Chinese words. Next time i hope your sharing. see you sister Wei Wei 🙂

Leave a Reply