(မုတ်သုံ) သင်ပုန်းကြီး

Good IdeaDecember 8, 20101min02

အခန်း(၁) (သင်ပုန်းကြီး)

“ညအခါလသာသာရေနစ်သေမလားငတ်သေမလား

။”

အခန်း(၂) (သင်ပုန်းကြီး)

“တစ်၊နှစ် =ကိုနာဂစ် သုံး၊လေး =လွတ်အောင်ပြေးငါး၊ခြောက် =ရေထဲရောက်ခုနှစ်၊ရှစ် =မသာဖြစ်ကိုး၊တစ်ဆယ်= ဝဋ်ကျွတ်တယ်။”

အခန်း(၃) (သင်ပုန်းကြီး)

“ဘယ်ကလာသလဲ။ဘယ်နယ်ကလဲ။အလယ်ကလူအသားဖြူ၏။ခင်ဗျားအလှူ တစ်ပြားမရှုရ ။”

အခန်း(၄) (သင်ပုန်းကြီး)

“အစားအစာဝါးစားပါ။အသားပါသလား။ငါးပါသလား။ဘီစကစ်ပါသလား။ဘာပဲပါပါ ထားခဲ့ပါ။”

အခန်း(၅) (သင်ပုန်းကြီး)

“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန် (ကဗျာ) ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်အမိုးအကာ မဲ့နေတဲ့မနှင်းတို့အိမ်။”

အခန်း(၆) (သင်ပုန်းကြီး)

“ဖိုးရွှေကြီး ဖိုးရွှေကြီးအလွန်ယုတ်တဲ့ ဖိုးရွှေကြီးဖိုးရွှေကြီးက မိုက်တိုင်ထူခွေးအ ကြီးနဲ့တူတူပါသကွဲ့ မယုံငြား ဒီမှာကြည့်ပါလား။”

အခန်း(၇) (သင်ပုန်းကြီး)

” တနင်္ဂနွေ၊ တနင်းလာဗိုက်မှောက် မျှော်နေတာအဂါင်္၊ ဗုဒ္ဓဟူးရောက်လု တစ်ဦးဦးကြာသပတေး၊ သောကြာတစ်ယောက်မှ ပေါ်မလာစနေမှာ သေချာသွား

ဘယ်သူမှ မလာအား။”

အခန်း(၈) (သင်ပုန်းကြီး)

“မုန်တိုင်းကို စက္ကူကပ်အကြံပက်စက် တို့အပေါ်တင်ပလ္လင်ပေါ်က မျောက်မူးဆင်း မလာတော့ဘူး။ အာဏာရူး။အာဏာရူးကို ခွေးတွေယက်မှောင်မိုက်မှာ အူအူသူတွေ အစာလုကြငါတို့ကိုဆွဲ တွဲလဲ တွဲလဲရယ် ငိုတိုင်းမိုးတောင်ကမှိုင်း

မုန်တိုင်း……..။”

အခန်း(၉) (သင်ပုန်းကြီး)

ဘဘ ဝဝ ထလို့ကဘဘ နိုင်ပြီဗျ။ကပါကပါ ဘဘရာဘဘခေတ်လေဗျာ။မဲလိမ်တွေကို အမှန်ပြဘဘ အကြံပိုင်ပါ့။ သူများတွေ မသာဖြစ်တာဘဘနဲ့ မဆိုင်ပါ။မုန်တိုင်းတွေ ဘယ်လိုသည်းသည်းဘဘနိုင်ဖို့ပဲ။

အခန်း(၁၀) (သင်ပုန်းကြီး)

ဘဘ ဝဝ စိတ်ဓါတ်ကျအနောက်က Pressure ရ။သူများအကူ မယူခဲ့တာဘဘ စေတနာ။မလုပ်ပေးတာ တစ်ခုကလွဲ ဘဘ သတိ္တခဲ။နိုင်ငံခြားငွေ မြင်သောအခါဘဘ စိတ်ပြောင်းလာ။အားရပါးရ လာလှူကွဲ့…..။ဘဘ အိတ်ထဲထည့်။………………………………………….(ကဗျာ)ဘဘ ဝဝ ထပ်လို့ကဘဘ ခိုင်ပြီဗျ။လုပါယက်ပါ ဘဘရာ ဘဘ ခေတ်လေဗျာ။မြစ်ပြင်မှာတော့ အညှီတွေထပုပ်ပုပ်ပွပွ အနံ့အသက်ရ။ဘဘကတော့ ဆက်လို့က။ဘဘ ဘယ်တော့မှ ကလို့မဝ။ 

အခန်း(၁၁) (သင်ပုန်းကြီး)

“ရွာနံဘေးက ချောင်းကလေးဖောင်မျောလာသည်။သားတို့လည်း မျောလာသည်။ မည်သူမျှ မဆယ်ကြ။”….ဟင့်…ဟီး..အီး..

အခန်း (၁၂) (သင်ပုန်းကြီး)

အလောင်းလေးများ ဖွေးလို့စီမြစ်ညှာရိုး တလျှောက်ဆီရေပေါ်မှာ ဗိုက်ကြီးဖောင်းငါတို့ ပူစီပေါင်း။

အခန်း(၁၃) (သင်ပုန်းကြီး)

မြစ်ဝကျွန်းပေါ်အနီးအကြီးစားမုန်တိုင်း ဝင်နိုင်သည်။ဝေးလွန်း၍ မပြောနိုင်ဘူးလား။အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

2 comments

  • PaukPhaw

    December 8, 2010 at 8:54 am

    Good idea….Good idea…Good idea

    Reply

  • cherrywine

    December 8, 2010 at 10:06 am

    အလံအသစ်အကြောင်းနဲ့အတူ အသစ်သင်မယ့် ဖတ်စာထင်ပါရဲ့။

    Reply

Leave a Reply

Your email address will not be published.