ဗိုလ်ချုပ်ခင်ညွန့် အကျယ်ချုပ်မှ အကန့်အသတ်ဖြင့်သာ လွတ်မြောက်

Good IdeaDecember 8, 20101min00

Updated စနေနေ ့နံနက် ၅ နာရီ မိနစ်၃၀:

ဗိုလ်ချုပ်ခင်ညွန့်မှာ နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန် ့အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ
၁၈ ရက်နေ ့က မန္တလေး မြို ့မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန် ့မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန် ့အား
ဒီဇင်ဘာလ ၃ရက်နေ ့သောကြာနေ ့ည ၁၂ နာရီ
ခန် ့တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
လိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန် ့အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန် ့၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ ့ ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန် ့ကို
လည်း ခြံထဲ မှာတွေ ့တယ်။ပြီးတော့ သူ ခြံတံခါးရှေ ့က လုံခြုံရေး အစောင့် တွေ က သံဆူးကြိူးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ ့လို နေအိမ
အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု ့ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန် ့သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်း
ငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။

(သတင်းထောက် သူငယ်ချင်းတဦးပေးပို့လာတာကို ဝေမျှပါတယ်။)

Good Idea

Leave a Reply

Your email address will not be published.