Laptop သုံးရင် သတိထားပါ မောင်တို့

Zaw WonnaNovember 15, 20101min02

လက်တော့ပ် ကွန်ပြူတာကို ပေါင်ပေါ်တွင်တင်၍ အသုံးပြုခြင်းဖြင့် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည် ကျဆင်းစေနိုင်ကြောင်းကို ယခင်ကပင် သိရှိကြပြီးဖြစ်၏။ သို့သော် ယခုအသစ်တွေ့ရှိသော သုတေသနအရ အအေးခံပြားခံ၍ သုံးစွဲခြင်းဖြင့်လည်း ကာကွယ်မှုမပေးနိုင်ကြောင်း သိရှိရသည်။

နယူးယော့ တက္ကသိုလ်မှ ဆီးရောဂါ ပါရဂူအဖွဲ့သည် လူငယ် ၂၉ ဦးတို့အား အအေးခံပြားရှိနှင့် အအေးခံပြားမဲ့ လက်တော့ပ်များကို သုံးစွဲစေကာ စောင့်ကြည့်မှုပြုခဲ့ကြသည်။ အချို့အား ဒူးစေ့ထိုင်စေ၍ အချို့အား ၇ဝ ဒီဂရီခန့် ဒူးချဲ၍ ထိုင်စေသည်။

သုံးစွဲသူ အားလုံးတို့တွင် ကပ်ပယ်အိတ် အပူချိန်များမှာ 1.41°C မှ 2.31°C အထိ တက်ခဲ့ကြောင်း တွေ့ရှိရသည်။ အအေးခံပြားခံ၍ သုံးစွဲသူနှင့် ပောင်ကား၍ထိုင်ကာ သုံးစွဲသူများတွင်လည်း အပူချိန်ကွာခြားမှု အနည်းငယ်သာရှိကြောင်း တွေ့ရှိရသည်။ ထိုအပူချိန်မှာ မဖြစ်စလောက်ဟု ထင်ရသော်လည်း အပူချိန် 1°C မှ 2°C ခန့် တက်လာခြင်းဖြင့် သုတ်ပိုးများကို ပျက်စီးစေပြီး မျိုးမပွားနိုင်သော (မြုံသော) အလားအလာကို ဖြစ်ပေါ်စေနိုင်သည်။
ပြီးခဲ့သော လကလည်း ဆွစ်ဇာလန်မှ သုတေသီများက လက်တော့ပ်ကို ပေါင်ပေါ်တင်၍ သုံးစွဲခြင်းဖြင့် အမျိုးသားနှင့် အမျိုးသမီးများပါ ပေါင်တွင် အရေပြား အပူလောင်မှုဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

Ref: PC Magazine, Study: Laptop Pads Don’t Prevent Male Infertility
By: Sara Yin

2 comments

  • tunaung

    November 15, 2010 at 11:09 am

    ဗဟုသုတရပါတယ်…အားပေးသွားပါတယ်…..

    Reply

Leave a Reply

Your email address will not be published.