ဒေါ်စုကို လွတ်မြောက်တာကြိုဆိုတဲ့ အနေနဲ့ ပို့စကတ်လေးတွေပို့ကြမယ်

Zaw WonnaNovember 15, 20101min00

မိတ်ဆွေများခင်ဗျာ..
ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒေါ်စုု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုုကြည်ရဲ့နောက်မှာ ကျနော်တို့ တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပိုု့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုုပ်ရန် တိုုက်တွန်းလိုုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့ …

ဒေါ်အောင်ဆန်းစုကြည်
၅၄၊ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့ ၊ မြန်မာပြည်

သို့ ပိုု့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။

ဒေါ်အောင်ဆန်းစုကြည်
c/oBox B, APO AP 96546

သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။

ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိူးမှုကို ပြသကြရအောင်လားခင်ဗျာ။

Leave a Reply

Your email address will not be published.