အသည်းအကြောင်းတစေ့တစောင်း (functioins of liver)

AKKONovember 12, 20101min01

အသည်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လို အရေးပါသလဲ?

အသည်းသည် ခန္ဓာကိုယ်တွင် အကြီးဆုံးအဂါင်္တစ်ခုဖြစ်သည်။ အသည်းသည် အစာအိမ် အူလမ်းကြောင်းနှင့်ဆက်စပ်နေပြီး ဝမ်ဗိုက်အတွင်း ညာဘက်နံရိုးအောက်တွင် ရှိပြီး ၁၅၀ဝ ဂရမ် ခန် ့ လေးပါသည်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးကြီးသော အဂါင်္တစ်ခုဖြစ်ပြီး နေ ့စဉ် အသက်ရှင်နေ ထိုင်ရေးအတွက် လိုအပ်သော ဇီဝကမ္မ၊ ဇီဝဓါတုဖြစ်စဉ်များကို ဆောင်ရွက်ပေးသည်။ အသည်း၏ လုပ်ငန်းများကို ခေတ်မီစက်များဖြင့်ပင် ဆောင်ရွက်ရန်အလွန်ခက်သည်။ အသည်းတွင် အမျိုးပေါင်း ၅၀ဝကျော်မျှသော သီးခြားလုပ်ငန်းများရှိသည်။

အသည်း၏လုပ်ငန်ုူးများအနက် အရေးကြီးသော တာဝန်များမှာ-

အဆိပ်အတောက်များ ဖယ်ရှားခြင်း

ခန္ဓာကိုယ်တွင် ဝင်ရောက်လာသော အန္တရာယ်ပေးနိုင်သည့် အဆိပ်အတောက်ပစ္စည်းများ (ဥပမာ- အရက၊် ဆေးလိပ်) နှင့် ဆေးဝါးများကို အန္တရာယ်ကင်းသော အဆိပ်မရှိသော ပစ္စည်း များ အဖြစ်သို ့ပြောင်းလဲပေးသည်။ ထို့အပြင် ပိုလျှံနေသော ဓါတ်ပစ္စည်းများ (ဥပမာ – အမိုးနီးယားမှ ယူရီး ယား) ကို စွန် ့ပစ်နိုင်ရန်ဆောင်ရွက်ပေးသည်။

ကိုယ်တွင်းဇီဝဖြစ်စဉ်များဆောင်ရွက်ပေးခြင်း

အသည်းသည်ခန္ဓာကိုအတွက် လိုအပ်သော စွမ်းအင်ကိုထုတ်ပေးသော မီးစက်နှင့် တူပြီး အသည်းတွင် ဖြစ်ပျက်နေသော ဇီဝဖြစ်စဉ်များကို အခြားမည်သည့်အဂါင်္ ကမှ အစားထိုးရျ် မဆောင် ရွက်နိုင်ပါ။

၎င်းတို့မှာ ဂလူးကို ့စ်တည်ဆောက်ခြင်းနှင့် ဖြိုခွဲခြငး၊် အဆီတည်ဆောက်ခြင်း ဂလူးကို ့စ် အသစ်ပြန်လည်တည်ဆောက်ခြင်းတို ့ဖြစ်သည်။

သွေးနှင့်ဆိုင်သော လုပ်ငန်းများ

အသည်းသည် ခန္ဓာကိုတွင် သွေးဆဲလ်များ အရေးတကြီးလိုအပ်လာပါက သွေးနီဥများကို ထုတ်ပေးနိုင်ပြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဗီတာမင်နှင့်သံဓါတ်များကိုလည်း သို လှောင်ထားနိုင်သည်။

သွေးထဲ၌အရေးကြီးသည့် ဇီဝဖြစ်စဉ်များအတွက် လိုအပ်သော အသားဓါတ်များကို ထုတ် ပေးသည်း။

အသည်းသည်သွေးများကိုသိုလှောင်ထားနိုင်ပြီး၊ သွေးခဲခြင်းအတွက် အလွန်အရေး ကြီးသော clotting factor ခေါ် သွေးခဲပစ္စည်းများကိုလည်းထုတ်ပေးသည်။

ခုခံကာကွယ်ရေးလုပ်ငန်းများ

အသည်းသည် ခန္ဓာကိုယ်အတွက် အဓိက ခုခံကာကွယ်ရေးအဂါင်္တစ်ခုဖြစ်သည်။ အသည်းရှိ Kuffer ဆဲလ်များသည် ပိုးမွှားများက်ို ဖမ်းစားဝါးမျိုနိုင်သည်။

ကိုယ်တွင်းအပူကို ထိန်းညှိပေးခြင်း

အသည်းသည် အပူဓါတ်ကို ထုတ်ပေးသော အဓိက အဂါင်္ဖြစ်ပြီး အသည်း၏ ဇီဝဖြစ်ပျက်နှုန်း ကို ချိန်းဆခြင်းဖြငိ့ ကိုယ်ခန္ဓာအပူချိန်ကို တစ်သမတည်း ရှိနေစေသည်။ ထို ့ကြောင့်ကိုယ်တွင် း ဇီဝ ဓါတုဖြစ်စဉ်များ ဟန်ချက်ညီစွာဆောင်ရွက်နိုင်စေသည်။

အစာအဟာရလုပ်ငန်းမျာ

အသည်းသည် အစာချေဖျက်ခြင်းအတွက် အရေကြီးသော သည်းခြေရည်ကို ထုတ်ပေးသည်။ သည်းခြေရည်ကြောင့်အစားအစာတွင်ပါသော အဆိပ်ဓါတ်ကို ခြေဖျက်စုပ်ယူနိုင်ပြီး အဆီတွင်ပျော်ဝင် သော ဗီတာမင် A D E K တို ့ကို စုပ်ယူနိုင်စေသည်။ အစာအဟာရများကို သိုလှောင်ခြင်း ဖြိုခွဲခြင်း အသွင်ပြောင်းခြင်းစသည်တို ့ကို လုပ်ဆောင်ပေးသည်။

One comment

  • KoNyeinChan

    November 13, 2010 at 6:22 am

    အသည်းနဲ ့သက်ဆိုင်တဲ့ ဘယ်လိုရောဂါမျိုးတွေ ဖြစ်တတ်တယ်၊ ဖြစ်လာခဲ့ရင် ဘယ်လိုကုရမယ်။ ဘယ်အစားအစာ/ဘယ်ဆေးတွေကိုဆောင်ရ/ရှောင်ရမယ်ဆိုတာကိုပါဖြည့်စွက်ပေးသင့်ပါတယ်လို ့ အများအတွက် အကြံပေးချင်ပါတယ်။ဆရာ့ Post တွေကိုအမြဲအားပေးလျှက်ပါ။

    Reply

Leave a Reply

Your email address will not be published.