Rotavirus (or) အထက်လှန် အောက်လျှော အကြောင်းတစေ့တစောင်း

AKKONovember 11, 20101min02

ရိုတာဗိိုိုင်းရပ်ဆိုတာ ဘာလဲ။

ကလေးသူငယ်များတွင် အထက်လှန် အောက်လျှောခေါ် အပြင်းအထန် အန်ခြင်းနှင့် ဝမ်းပျက် ခြင်းရောဂါဖြစ်စေသော ပိုးတစ်မျိုးဖြစ်သည်။

အဖြစ်များပါသလား?

ဘယ်အသက်အရွယ်ဘယ်ရာသီမှာ အများဆုံးဖြစ်ပါသလဲ?

အထက်လှန်အောက်လျှောရောဂါသည် ကမာ္ဘပေါ် တွင် တစ်နှစ်လျှင် ကလေးသူငယ် ၁၂သန်းကျော် ဖြစ်ပွားပြီး ၆၁၁၀၀ဝ ကျော် သေဆုံးရသော ရောဂါဖြစ်သည်။

အသက် ၆လမှ ၂နှစ်အရွယ် ကလေးသူငယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး အသက်ငယ်လေ အသက်အန္တရာယ်နှင့် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း အသက်အန္တရာယ်များလေဖြစ်သည်။ ဖွံ ့ဖြိုးဆဲနိုင်ငံများ တွင်တစ်နှစ်ပတ်လုူံး ဖြစ်သော ရောဂါဖြစ်သည် ။

မြန်မာနိုင်ငံတွင် ၅နှစ်အေက် ကလေးများ ဆေးရုံတက်ရခြင်းအကြောင်းအရင်း၏ ၁၈% ခန့် မှာ အထက်လှန်အောက်လျှောရောဂါကြောင့် ဖြစ်သဖြင့် ဒုတိယ အဖြစ်အများဆုံး ရောဂါဖြစ်သည်း။ ယင်းကလေးများ၏ ၅၃% တစ်နည်းအားဖြင့် ဆေးရုံတက် ၅နှစ် အောက်ကလေးအားလုံး၏  ၁၀% ခန် ့မှာ ရိုတာ ဗိုင်းရပ်ကြောင့်ဖြစ်သည်။

ရိုတာဗိုင်းရပ် ဘယ်နှစ်မျိုးရှိပါသလဲ။

G1(P8), G2 (P8), G3 (P8), G4(P8) လေးမျိုးတွေ ့ရှိပြီး ဖြစ်သည်။ G9ကို လေ့လာဆဲဖြစ်သည်။ ရိုတာ အထက်လှန်အောက်လျှော ရောဂါ၏ ထက်ဝက်ကျော်မှာ G1 ကြောင့်ဖြစ်သည်။

2 comments

  • ဆူး

    November 11, 2010 at 7:18 am

    ဆရာ ပိုစ့် ခေါင်းစဉ် သိပ်ရှည်နေလို့ လိုရင်း တိုရှင်းလေး လုပ်ပေးပါလား။

    Reply

    • draungkyawkyawoo

      November 11, 2010 at 8:08 am

      ဆူးရေ ပြင်ထားပါတယ် ။ ခုနက preview ကြည့်မရလို့ ပါ ။ word ထဲမှာရိုက်ထားတာကို ကော်ပီ ပေ့စ် လုပ်တဲ့အချိန်မှာ ခေါင်းစဉ်အကွက်မှာ ပေစ့်လုပ်မိတာ ။ ပြင်လိုက်ပါပြီ ။

      Reply

Leave a Reply

Your email address will not be published.