ဒါဖတ်ပြီးမှ မျက်စဉ်းခတ်ပါ

ဒါဖတ်ပြီးမှ မျက်စဉ်းခတ်ပါ

အသေအချာမကြည့်ဘဲ လှမ်းယူလိုက်စဉ်က မျက်စဉ်းဟု ထင်မိသော်လည်း ခတ်ပြီးမှ စူပါဂလူးမှန်း သိလိုက်ရသည့် ဖြစ်ရပ်တစ်ခု အမေရိကန် ပြည်ထောင်စု၊ ဖီးနစ်တွင် ဖြစ်ပွားခဲ့သည်။ KSAZ-TV ၏ သတင်းပေးပို့ချက်အရ ဂလန်ဒေး(လ်)မြို့မှ အမ်းဂတ်ဟုမ်း(မ်)ဆိုသူ အမျိုးသမီးသည် မျက်လုံးခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ သူမသည် မျက်စဉ်းဆေးအထင်နှင့် လှမ်းယူကာ မျက်စဉ်းခတ်ပြီးနောက် အလွန်အမင်း ပူလောင်သည့် ဝေဒနာကို ခံစားရသည်တွင် တစ်ခုခုမှားသွားကြောင်း သိလိုက်ရသည်။
ဟုမ်း(မ်)ဆေးရုံသို့ ရောက်ပြီးနောက် ဆေးဘက်ဝန်ထမ်းများက မျက်လုံးတွင် မြဲမြံစွာကပ်နေသော စူပါဂလူးကို ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ မျက်လုံးအား ကြီးကြီးမားမား ထိခိုက်မှုမှ ကာကွယ်ရန် ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ရကြောင်း အေပီသတင်းတွင် ဖော်ပြခဲ့သည်။

Ref: AP

This Post Has 4 Comments

  1. Gong Zhu

    ဟယ် … ကြောက်စရာကြီး …

  2. kai

    တခါကလည်း ယိုးဒယားမှာ ဘုန်းကြိးတပါး အဲဒီလိုဖြစ်တယ်။ မျက်စဉ်းဆေးပုလင်းတွေ ပုံစံမတူပဲ ထုတ်ဖို့သင့်တယ်..။

  3. char too lan

    ကျနော်ဖြစ်ဖူးတယ် အဲဒီကော်ဗူးကိုဖောက်ရင်းနဲ့ ပန်းထွက်ပီးမျက်လုံးထဲတန်းဝင်တာပဲ ရေနဲ့ပွတ်ပီးမနဲခွာရတာ သူကစစချင်းအရည်ကြည်တွေပဲထွက်လာသေးတဲ့ အချိန်မို့တော်သေးတယ် ဒါတောင်မှ မျက်လုံးကနီပီးရောင်သွားတာတော်တော်နဲ့ မပျောက်ဘူး ဂရုတော့စိုက်ကြပေါ့နော်

  4. ဆူး

    အရင်က အိမ်ဘေးမှာ မျက်စိဆေးခန်း တခု ရှိတုန်းက ကြားမိသေးတယ်.. မျက်စိထဲ ထည့်တဲ့ ညှစ်ဆေးနဲ့ မှားထည့်လို့ တသက်လုံး ကန်းသွားတယ်လို့ ကြားဘူးတယ်။ မျက်နှာသစ်ရင်း မျက်စိနှိုက်မိလို့ မျက်စိကျွှတ်ကျတာတို့ စုံနေတာဘဲ.. အဲဒီ စူပါဂလူးကတော့ အရမ်း အရေးကြီးတယ်.. မျက်ကြည်လွာက နုတော့.. ချက်ချင်းပေါက်သွားနိုင်တယ်

Leave a Reply