လန်ဒန်မှာ အကြံအဖန်နဲ့တွေ့တဲ့ ဂျပန်တိုးရစ်(စ်)များ

zinmyotunNovember 11, 20101min05

လန်ဒန်မြို့လယ်ခေါင်တွင် ဂျပန်ကမာ္ဘလှည့်ခရီးသည် (၁၀၀) ကျော်ကို လိမ်လည်ခဲ့သော လူသုံးဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲများက ပြောကြားလိုက်သည်။
၎င်းအဖွဲ့သည် ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိသော ဗြိတိသျှပြတိုက်နှင့် အောက်(စ်)ဖို့ဒ်လမ်းကဲ့သို့သော ဈေးဝယ်သူများဖြင့် စည်ကားသည့် နေရာများတွင် သားကောင်ကို ပစ်မှတ်ထားကြောင်း သိရသည်။
ယင်းအဖွဲ့၏ လိမ်ပုံလိမ်နည်းမှာ ပညာသားပါလှသည်။ ခရီးသွားဟန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက ရိုးရိုးသားသား လာရောက်လည်ပတ်နေ သော ဧည့်သည်တစ်ဦးအား လမ်းညွှန်ပေးရန်ဖြစ်စေ၊ သူမအား ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးရန်ဖြစ်စေ အကူအညီတောင်းမည်။ သူမ၏ အပေါင်းပါများက ရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ ခရီးသည်များထံ ချဉ်းကပ်လာပြီး ခရီးသည်တို့၏ အထောက်အထားများ၊ ခရက်ဒစ်ကဒ်များ စသည်တို့ကို တောင်းကြည့် မည်။ အမျိုးသမီးက ခရီးသည်များအား ရဲအရာရှိများပြောသည့်အတိုင်း လိုက်နာရန် တိုက်တွန်းမည်။ ထို့နောက်တွင်မူ ၎င်းတို့အဖွဲ့သည် အဆိုပါကဒ်များကို ယူဆောင်ထွက်ပြေးသွားပြီး ငွေသားထုတ်ယူခြင်း၊ ပစ္စည်းအမြောက်အများ ဝယ်ယူခြင်း စသည်တို့ကို ပြုလုပ်ကြမည်ဖြစ်သည်။

စုံထောက်များ၏ အဆိုအရ ယင်းအဖွဲ့သည် လိမ်လည်မှုပေါင်း (၇၀) ကျော်ခန့် ကျူးလွန်ခဲ့ကြောင်း သိရပြီး၊ ဂျပန်သံရုံးကလည်း ဂျပန်နိုင်ငံသားများ အထက်ပါနည်းအတိုင်း လိမ်လည်ခံရသည့် သတင်းပေးပို့မှု (၁၀၀) ကျော်ရရှိထားကြောင်း ပြောကြားခဲ့သည်။
ဘလက်(ခ်)ဖရိုင်ယာ(စ်)ခရောင်း တရားရုံးက တရားခံများဖြစ်သည့် ကာမန်ဘန်ရိုင် (၂ရ နှစ်) အား ထောင်ဒဏ် (၁၈) လ၊ စတီဖန်ဘလင် (၃၁ နှစ်) အား ထောင်ဒဏ် (၂) နှစ်၊ ကော့(စ်)မန်နီဂရီယာ (၂၃ နှစ်) အား ထောင်ဒဏ် (၁၅) လ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

Ref: Reuters

5 comments

  • နီလေး

    November 11, 2010 at 3:27 am

    တော်လိုက်တဲ့လူလိမ်တွေ မြန်မာပြည်မှာတော့ရမှာမဟုတ်ဘူး လန်ဒန်မှာမို့လို့သာရတာ

    Reply

  • draungkyawkyawoo

    November 11, 2010 at 4:39 am

    လိမ်လည်မှူပေါင်း ၇ဝကိုတောင်လိမ်နိုင်တာ နည်းနည်းနောနောပါရမီရှင်မဟုတ်ဘူး။

    Reply

  • unclegyi1974

    November 11, 2010 at 3:46 pm

    မြန်မာကကိုနေအေးရဲ့မြေးတပည့်လေးတွေပါဗျာ
    အခုမှပညာသင်လေးတွေပါ
    ပညာမစုံဘဲသွားလုပ်စာတော့ခံရမှာပေါ့

    Reply

  • winkyawaung

    November 11, 2010 at 4:17 pm

    မြန်မာပြည်မှာ ဒီလို့တော့ မဖြစ်ကြပါ။ တောင်းစားသူများသာ ပေါပါမည်..။

    Reply

  • kopauk mandalay

    November 11, 2010 at 4:33 pm

    ဒီမှာလဲရှိတယ်နော့ ။
    မိန်းကလေးက အကူအညီတောင်းတာနဲ့ ပေးလိုက်မိတာ။
    နောက်မှ ဝိုင်းပြီး သူမိန်းမကို ခိုးပါတယ်ဆိုတဲ့ပုံစံနဲ့ငွေညှစ်တာမျိုးရှိတယ်။
    အကူအညီတောင်းလာရင် ကောင်မလေးဆို ဖွန်မကြောင်လိုက်နဲ့ ကယ်တင်ရှင်သွားမလုပ်နဲ့ ဂိန်းသွားမယ်နော်…………….

    Reply

Leave a Reply

Your email address will not be published.