ကျမအိမ်ထောင်ကျတာ ၂နှစ်ရှိပါပြီ။ ဘာတားဆေးမှ မထိုးမသောက်ဘဲ ခုထိကလေးမရသေးပါဘူး။ ရာသီလဲပုံ မှန်လာပါတယ်။ ဘာဆေးသောက်ရင်ကောင်းမလဲ အကြံပေးပေးပါ။
—-
သမီးရေ အိမ်ထောင်ကျတာဟာ ဘယ်နှနှစ်ရှိရှိ အဲ့ဒါဟာ အရေးမကြီးပါဘူးကွယ် ။ အဓိကက တော့ ယောကျာ်းမှာရော မိန်းမမှာပါ ။ ချို့ယွင်းချက်မရှိမှ ကလေးရနိုင်တာပါ ။ ချို့ယွင်းချက်မရှိပဲနဲ့ ကိုယ်ဝန်မရနိုင်တဲ့ကာလတွေမှာ ဆက်ဆံမိရင်တောင် ကလေးမရနိုင်ပါဘူး ။ ရာသီပုံမှန် လာတာကတော့ သမီးဘက်က ကလေးရနိုင်ချေရှိပါတယ် ။ ယောကျာင်္းမှာ ချို့ယွင်းချက်ရှိမရှိသိချင်ရင်တော့ လမ်း၃ဝ အထူးကု ဆေးခန်းကြီးမှာ ဆရာ့နာမည်ပြောပြီး senubak analysis test သွားစစ်လိုက်ပါ ။ ကလေးရဖို့အတွက်ဆေးသောက်စရာမလိုပါဘူး ။ သမီးရဲ့ ယောကျာင်္းနဲ့သာ ကလေးရနိုင်တဲ့ကာလမှာ အတူတူ နေပေးဖို့ပဲ လိုပါတယ် ။ ယောကျာင်္းက သားကြောဖြတ်ထားတာတို့ ၊ ဝှေးစေ့ တစ်လုံးထဲရှိတာလား ၊ နှစ်လုံးရှိတာလား ။ ထိခိုက်ဒဏ်ရာရဖူးလား သမီးဘာသာမေးကြည့်ပြီးတော့ဆရာ့ကိုပြန်ပြောပါ ။ ကလေးရမဲ့ကာလ သိချင်ရင်တော့ ဆရာ့အီးမေလ်းကိုသာ အသေးစိတ်ဆက်သွယ်ပြီးတော့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ဆက်ပြီးမေးမြန်းပါ ။ သမီးတို့ရဲ့ privacy အတွက်ပါ ။

Dear Dr. AKKO,
If the question is sent to you, please answer directly to the person.
I want to request you that don’t advertise Clinic Name, drug treatment and sophisticated test. It may lead to misuse of this page as well as treatment.
If you do so on, this is your responsibility.
ရော် .. ခက်တော့တာပဲ ဒေါက်တာရယ် ။ အသားလွတ်ကြီးလာဆော်နေပါလားဗျ ။ ဒေါက်တာလည်းဆရာဝန်တစ်ယောက်ပဲဟာကို တခြားလူဗဟုသုတရမဲ့စာမျိုးမရေးသားပဲ သူများစာတွေလိုက်ဖတ် comment တွေလျှောက်ရေးယုံနဲ့ ကျေနပ်နေရောလား ။ လမ်း30ဆေးခန်းကိုလည်း ကြောငြာတာတော့မဟုတ်ဘူး အဲ့ဒီနေရာက အဲ့ဒီလိုစစ်ဆေးရင်ပိုပြီးဝန်ဆောင်မှူကောင်းတဲ့နေရာမို့လို့ပြောပြပေးတာပဲရှိတယ် ။ advertising တစ်ခုမှမပါဘူး ။ ကျွန်တော်တင်တဲ့ ပို့စ်မှာ သိချင်တာရှိရင် မေးပေးဖို့ပြောထားတာရှိလို့ မေးတဲ့လူကလည်းမေးတယ် ၊ ဖြေတဲ့လူကလည်းဖြေတယ် ။ တိုက်ရိုက်ဖြေလိုက်ရင် သူတယောက်ထဲသိရမှာဖြစ်တဲ့အတွက် ပို့စ်တစ်ခုအနေနဲ့တင်ပေးတယ်ဗျာ ။ စေတနာသန့်သန့်နဲ့ကို တလွဲမတွေးပါနဲ့ ။ ဒီပို့စ်မှာဆေးပညာနဲ့ပတ်သတ်ပြီးသိပ်ရေးတာမတွေ့လို့ ရသစုံသွားအောင်အားဖြည့်ပေးတဲ့သဘောပါပဲ။ ကျွန်တော်မအားတဲ့ကြားက စာဖတ်သူတွေအတွက် ပို့စ်ရေးပေးတာ ဒေါက်တာကိုဘယ်လိုမှ သက်ရောက်မှူမရှိဘူးထင်ပါရဲ့ ။
ဒေါက်တာတို့ နှစ်ယောက်က ကျနော်တို့ရွာရဲ့ ရှားရှားပါးပါး ဆရာဝန်တွေပါ။ ကိုယ်တိုင်အကုခံဖို့ မကြုံသေးလို့ ဘယ်သူဆေးပိုစွမ်းသလဲမသိပေမဲ့ ကလောင်စွမ်းဘယ်သူပိုထွက်လဲဆိုတာ သိချင်ပါတယ်။ လောကကြီးမှ ကိုယ်လုပ်မှကိုယ်စား ဘယ်သူ့ကိုမှ ညှာစရာမလိုပါ။ ဒေါက်တာဦးကျော်ကျော်ဦးကလည်း အဲသလိုတော့မပြောသင့်သလို့ ဒေါက်တာဒေါ်မိုးသီတာကလည်း အရမ်းမဝေဖန်သင့်ပါဘူး။ ကျနော်ကြောင်ကြီးသာ ဆရာတို့နေရာမှာဆိုရင် ပွဲကြမ်းသွားမယ်။ အခုတောင် ကြားလူမိုလို့ စိတ်လျှော့ထားရပါတယ်။
သူခေါ်တယ် လာပါ.. လာပါ.. (ဘယ်ကလဲ သိလား.. သဂျိုင်းကုန်းက) ဆေးမကုနိုင်လို့တော့…
ကျန်းမာရေး ပညာပေးတဲ့ အသိပညာရှင် အတတ်ပညာရှင်များအား ကျေးဇူးတင်ပါတယ်။
မှားမယ် .. အပြင်မှာ .. အဲဒီလို စေတနာနဲ့ ဆေးနည်းပေးလိုက်တာကို မသိ နားမလည်ပဲ လိုက်လုပ်ကြတာတွေကြောင့် ဒုက္ခရောက်နေတဲ့လူတွေ တွေ့လို့ ဝမ်းနည်းလွန်းလို့ ရေးတာ ..
ဘိစပ်ရွက်တုန်းက ဆို ဘယ်လောက် ထိခိုက်ကုန်ကြသလဲ သိလား ..
လင်ဇီး တုန်းရော ဘယ်သူတွေ ဘယ်လောက် ထိခိုက်သွားသလဲ ..
ဘယ်သူ့ကိုမှ မထိခိုက် စေချင်ပါ .. ဒါပေမယ့် .. ဆရာဝန် ဆိုတာ .. မကြော်ငြာရဘူး ဆိုတာ ကြားဖူးတယ်လေ .. ဒေါက်တာမြင့်ဦး ရေးတဲ့ စာ ဖတ်ဖူးလို့ .. စေတနာနဲ့ .. ကိုယ့်ဆရာ နာမည်ပျက်မှာစိုးလို့ ပြောတာပါ .. အထင်မလွဲစေချင်ပါ ..
စေတနာနဲ့သတိပေးတယ်ဆိုပေမဲ့ ပထမဆုံးဝင်ရေးထားတဲ့ မမိုးသီတာစိုးရဲ့စာက ပို့စ်ပိုင်ရှင်ရဲ့ စိတ်ကို ထိခိုက်စေနိုင်လောက်တယ်ဆိုတယ် ကြားလူဖြစ်တဲ့etoneဝင်ပြီး ကိုယ်ချင်းစာကြည့်လို့ရပါတယ် ။ အကြောင်းပြချက်ရေရေရာရာမပေးပဲနဲ့ It may lead to misuse of this page as well as treatment.
If you do so on, this is your responsibility သွားရေးတော့ စေတနာနဲ့ဖြေပေးတဲ့ ပို့စ်ပိုင်ရှင်က ဘယ်စိတ်ကောင်းပါ့မလဲ ဒါက သဘာဝပဲလေ ။ အပြောမတတ်တော့ဆဲသလို ဆိုသလိုဖြစ်နေပါပြီ ။ နောက်ဆုံးမှာရေးထားတဲ့ မကြော်ငြာရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲတော့မသိပါဘူး လမ်း၃ဝဆေးခန်းကို ညွှန်းလို့ပြောတာလား။ ဆရာ့နာမည်ပြောလိုက်ဆိုလို့ပြောတာလားမသိပေမဲ့ တခါမှမမြင်ဖူးပဲ အကူအညီပေးချင်တဲ့ ဆရာ့စိတ်ကို လေးစားမိပါတယ် ။ ကိုယ့်ကိုဒါရိုက်ဖြေပေးတာမဟုတ်ပေမဲ့ ဗဟုသုတရစေတဲ့ပို့စ်တွေဖြစ်လို့ ဆက်လက်ရေးပေးပါ အားပေးပါမယ်လို့ပြောချင်ပါတယ် ။
ဒီအကြောင်းအရာနဲ့ တော့ မပတ်သက်ပါဘူး။ ဆရာမ မမိုးသီတာစိုး ရေးထားတာလေး ( “ဘိစပ်ရွက်တုန်းက ဆို ဘယ်လောက် ထိခိုက်ကုန်ကြသလဲ သိလား ..” ) ကို တွေ့ လို့ သိချင်လို့ ဒီမှာပဲ မေးလိုက်ပါရစေ။ ကျွန်တော်လည်း ဘိစပ်ရွက်ကို အသည်းအတွက် ကောင်းတယ်ဆိုလို့ သောက်ခဲ့ဖူးပါတယ်။ အခုမသောက်ဖြစ်တာတော့ တော်တော်ကြာပါပြီ။ အဲ့ဒါ ဘိစပ်ရွက်က ဘယ်လို ဆိုးကျိုးများ ရှိလို့လဲ ဆိုတာ ကျွန်တော်တို့လို မသိတဲ့ သူတွေ သိသွားစေဖို့အတွက် ( ဆရာမ ဆိုလိုတဲ့ ဆိုလိုရင်း ကို ) နည်းနည်းလောက် အသေးစိတ် ရှင်းပြစေချင်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
ကောင်းပေ့ဒေါက်တာတို့ရေ ကြော်ငြာတဲ့လူကလဲကျော်အောင်ညာရမှာပေါ့ ဒါမှ ခေတ်မှီတော့မပေါ့ ဟုတ်ဘူးလား
နီလေးတောင် ဝက်ခြံအကြောင်းမေးထားတာတွေ့တယ်နော် အဲ့ဒီမှာဘာလို့ပြန်မမန်းတာလဲ ။
လွန်တာရှိ ဝန္ဒာမိပါ .. စိတ်ကောက်တာတော့ မဟုတ်ဘူး .. နောက် မပြောတော့ဘူး ..
သူများစာကို ဖတ်ပြီး မှတ်ချက်လေးတွေပဲ ရေးနိုင်သေးတဲ့ အဆင့် ဆိုတော့လေ ..
လွန်တာရှိ ဝန္ဒာမိပါ .. စိတ်ကောက်တာတော့ မဟုတ်ဘူး .. နောက် မပြောတော့ဘူး ..
လူတိုင်းမှာ မတူညီတဲ့ အတွေးအမြင်တွေ ရှိနေသလို စေတနာ ထားတာ ခြင်းတူသော်လည်း မတူညီတဲ့ စိတ်ကူးတွေကြောင့် သဘောထား ကွဲလွဲတာ ဖြစ်မှာပါ။ အားလုံး တယောက်စီတော့ မှန်မှာပါ။ အတွေးမတူလို့ ကွဲလွဲမှု ဖြစ်တာကို ဘယ်ဘက်မှ မှန်တယ် မမှန်ဘူး မပြောပါ။ ဒီမှာ ရှိတဲ့ မန်ဘာတွေကတော့ ဘာလာလာ အကုန်ဖတ်တာဘဲ.. အတွေးတွေ ထပ်ပြီး ကွန့်ချင်ရင်တော့ ကွန်မန်းပေးကြတာဘဲ။
အသိပညာပေးတဲ့ လူရှိတော့လည်း အသိပညာတိုးစေလို့ အသိပညာပေးတဲ့ ပိုစ်ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။
အတွေးအပိုင်းမှာ တွေးခိုင်းလို့ အတွေးကျယ်ပြန့်လာအောင် လုပ်တဲ့ ပိုစ်ပိုင်ရှင်ဆိုလည်း ကျေးဇူးတင်ပါတယ်။
ဘာပဲပြောပြော..ဒီဆိုက်ကို နေ့တိုင်းဝင်ကြည့်နေတော့ ဒီဆိုက်က မန်ဘာတိုင်းက ဆူးရဲ့ သူငယ်ချင်းဘဲပေါ့.. အားလုံး အဆင်ပြေစေချင်ပါတယ်။
အဆင်ပြေပါတယ် .. MG ကို အမှတ်တွေ အတွက် မဟုတ်ဘူး .. log out တောင် မလုပ်ပဲ အမြဲ ကြည့်တဲ့သူပါ .. သတင်းတွေ လတ်ဆတ်လို့ ..
ဆူးလည်း ပင်တိုင် ပရိတ်သတ်ပါ.. တနေကုန် ဂေဇတ်ကို ဖွင့်ထားပြီး လုပ်နေတာ
လမ်းပေါ်ပြန်တက်ကြပါ ဘေးချော်ကုန်ပြီလို့ထင်ပါတယ်။
လမ်းပေါ်ပြန်တက်လိုမရဘူး ခင်ဗျ .။ လမ်းပျောက်နေပါတယ် ရေမြှုပ်နေ လို့ပါ 😀 😀
ရေမြှုပ်နေရင် မြေဖို့ပေးရမလား ဆရာ 😉
ဆရာကိုပေါက်ရေ.. လမ်းပေါ်မှာ ရေတွေကျသွားပြီလား.။
ရေတွေကျပြီးရင်တော့ လေပြေလေးတွေ တိုက်ပါတော့မယ်..။ ပြောချင်တာတွေ ပြောကြပါစေ…။
ဆူးရေ ဘယ်နှယ့်ကြောင့်မြေဖို့ခိုင်းပါလိမ့်နော် ။ … မြေမဖို့ပဲ မြောင်းလေးဖောက်ပြီး ရေစီးရေလာကောင်းရင် အဆင်ပြေပါလိမ့်မယ် ။
ရေနစ်တယ် ဆိုတော့ ရေအိုင်ရှိလို့လေ.. ရေအိုင်ပျောက်အောင် မြေဖို့မလို့ပါ ဆရာ.. ဟီးဟီး
ဘယ်သူတွေ ဘာဖြစ်ဖြစ်.. မြေပုံက တောင် တလုံး လောက် ဖြစ်သွားလည်း အရေးမကြီးဘူး.. တောင် ပေါ်တက်နေပေါ့.. 😉
သာမန်အားဖြင့်တော့ .. ဒီလိုဆေးပညာကိစ္စတွေမှာ ပရောဖက်ရှင်နယ်ဆိုတာ .. ကိုယ်ဘယ်သူလဲရယ်..လိပ်စာရယ် အတိအကျရေးရပါတယ်..။ ရေးနိုင်ပါတယ်..။
ရီစ်ပွန်ဘလယ်တီ ယူရတာရဲ့အဓိပါယ်ပေါ့..။ မေးသူရဲ့ ပရိုက်ဗိတ်စီကိုလည်း ထိမ်းသိမ်းပေးရာကျတာပေါ့..။
စကားမစပ်…။
ပြိးခဲ့တဲ့စနေကတင် …SoCal ရဲ့ မြန်မာဆရာဝန်အသင်းညစာစားပွဲ မီဒီယာအနေနဲ့သွားတက်ဖြစ်သေးတယ်..။
မြန်မာပြည်က အသဲဆရာဝန်ကြီးနဲ့တွေ့လို့ ဆောင်းပါးတောင်တောင်းခဲ့သေး…။
ဆရာဝန်ကြီးက မြန်မာပြည်မှာရေးသမျှ ရတဲ့စာမူခတွေအကုန်လှူပစ်နေပါသတဲ့..။ 🙂
ဘယ်အချိန်တွေ ဆက်ဆံရင် ကလေးမရနိုင်တာလဲ ဆရာသိချင်တယ်။ ချို့ယွင်းချက်မရှိပဲနဲ့ ကိုယ်ဝန်မရနိုင်တဲ့ကာလတွေမှာ ဆက်ဆံမိရင်တောင် ကလေးမရနိုင်ပါဘူး ။ အဲဒါဘယ်ကာလကိုပြောတာလဲ ဆရာ။ သိချင်လို့ပါ။ ဒါမှမဟုတ်တစ်ယောက်ယောက်ကများသိရင်ဖြေပေးပါလို့။
ဆရာ
ကျွန်မ အိမ်ထောင်ကျတာ ၆လရှိပါပြီ ။ အမျိုးသားက နယ်မှာ တာဝန်ကျတဲ့ အတွက် ကျွန်မကပဲ ၁လကို ၁ပတ်လောက်သွားနေပေးဖြစ်ပါတယ် ။
ကျွန်မသွားတဲ့ ၁ပတ်လောက်မှာ အမျိုးသားကနိုက်ဂျူတီ ၂ရက်လောက် ်ကျပါတယ် ။ ကျန်တဲ့ရက်တွေကလဲ တာဝန်ကအရေးကြီးရင်ကြီးသလိုပဲ ။ကျွန်မ ကလေးရနိုင်ပါ့မလားဆရာ ။ ကျွန်မအသက်က ၃၅နှစ်ရှိပြီမို့ ကလေးစောစော ရလေ ကောင်းလေဖြစ်မယ်လို့ထင်ပါတယ်။
ရတဲ့နေ့မှာ များများနေလေ သမီးရဲ့။.များများလေနေလေကာင်းလေဘဲသမီးရေ။ တစ်ညကိုအခေါက် ဖြစ်နိုင်ရင် 10 ခေါက်လောက်လုပ်ခိုင်းပေါ့သမီးရဲ့။ ဆေးသောက်ပြီးချပေါ့ ဒါမှာအကြာကြီးနေလို့ရမှာ။ များများချလို့ဘဲမှာချင်တယ်သမီးရေ။
ဒီဒေါက်တာလေသံကို နာတိတယ်
ရမ်းကုရေ ဒီမှာလူတွေဖတ်နေတာဟ
မင့် သမီးမေးလာမှဘယ်သူမှမသိအောင်စာပြန်လိုက်ပါ
comment ပေးထားတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ် ..။ သို့သော်လည်း ..
ရိုင်းစိုင်းတဲ့ comment တွေကို ပို့စ်ပိုင်ရှင်ကလည်းကောင်း ၊ Admin ဘက်ကလည်းကောင်း ဖျက်လို့ရသော်လည်း ရမ်းကုရဲ့ comment ကိုတော့ ဒီအတိုင်းထားပေးထားပါမယ် ။ ဒီလို လူမျိုးတွေများလာရင် မန္တလေးဂေဇက်ရဲ့ web page တွေ ညစ်နွမ်းလာပြီး တခြား member တွေ စိတ်အနှောက်ယှက်ဖြစ်စေလာနိုင်တဲ့အတွက် နမူနာယူပြီးရှောင်လို့ရအောင် ရည်ရွယ်ပါတယ် ။ unclegyi1974 ပြောသလိုပါပဲ လူတွေဖတ်နေတာပါ လူနဲ့တူတဲ့ စိတ်ဓါတ်လေးတွေထားပြီး ဖတ်ကြရင် ပိုကောင်းပါလိမ့်မယ် ။
Dr သဘောထားကွဲလွဲပါတယ်။ ဖျက်သင့်ပါတယ်။ သူရေးတဲ့ ကွန်မန်းက ကာယကံရှင် အတွက် နစ်နာစေတဲ့ အသုံးအနှုန်းဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။
နမူနာ ဆိုတာ ဖတ်မိတဲ့ လူတွေ စိတ်ထဲ ကသိကအောက် ဖြစ်ပေမဲ့ ငါတို့လည်း ဒီလို ပြောလို့ရသလား ထင်နိုင်ဖွယ်ရှိပါတယ်။
ဥပမာ- အားဖြင့်.. အမှိုက်မရှိတဲ့ နေရာမှာ ရှင်းနေပေမဲ့ အမှိုက် တစ ကြောင့် သိသိသာသာ ထင်ရှားစေနိုင်တယ်။ သူလိုမျိုး အမှိုက်မချနဲ့ ပြောရင် ရမှာ မဟုတ်တော့ဘူး။ သူများလည်း ချ ငါလည်း ချလို့ တစ ပိုတိုးလာလည်း အကြောင်း မဟုတ်ဘူး လို့ တွေးနိင်ပါတယ်။ သန့်ရှင်းမှု ဆိုတာ အမှိုက်တစ ကြောင့် ပျက်ပြား သွားနိုင်သလို အများ အတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။
ကိုရမ်းကု စကားကြမ်းတွေ မသုံးပါနဲ့ သူတစ်ပါးကို အားနာပါ၊ ကိုရမ်းကု အစ်မ၊ညီမတွေလည်း ဒီ post ကို ဝင်ဖတ်နိုင်တယ်လေ၊
နောက်သူကလဲနဲနဲလျော့၊ စိတ်ဆိုးသူတွေကလဲ နည်းနည်းလျော့သင့်တယ်လို့ ထင်ပါတယ်။
ဉာဏ်ပညာကြီးမားကကြကုန်သော ရွာသူရွာသားအပေါင်းတို့ ~~~
ရိုင်းစိုင်းစွာပြောဆိုခြင်းနှင့် ကြမ်းတမ်းစွာစိတ်ဆိုးခြင်းများ မပြုကြကုန်နှင့်~~:D
နာ့ကျတော့ ဘီလူမှလည်း အရေးလုပ်ပြီး ပြန်မပြောကြဘူး :<
ဆရာရမ်းကုရေ.. အကြံတခုပေးမယ် စေတနာ မမှန်တဲ့ ဆရာဝန်တွေကြောင့် ကာယကံရှင် မိသားစုတွေ ခံစားခဲ့ရတာတွေ အများကြီးပါ။ အခုလည်း ဆရာရမ်းကု ပြောထားတဲ့ အချက်အလက်တွေကို ထောက်ရှူသော အားဖြင့် ခံစားနေရတဲ့ ညီမကို ကိုယ်ချင်းစာပါတယ်။ ဒီတော့ ဒီမှာဘဲ ပိုစ်အသစ်တခု တင်ပြီး ဘာရောဂါဖြစ်လို့ ဘယ်လို ကုပြီး ဘယ်လို လုပ်လိုက်ပါတယ် သေချာရေးရင် ပိုကောင်းမလားဘဲ။ ခံစားခဲ့ရတဲ့ လူတွေ တိုင်းမှာ ခံစားချက်တွေ ရှိတော့ အပြန်အလှန် အချက် အလက် ဖလှယ်ပြီး အဖြေရှာတာပေါ့။ ဆဲနေတိုင်းလည်း ကိစ္စက ပြီးတာမှ မဟုတ်တာ.. ဆဲလိုက်တာနဲ့ ဝေဒနာ မသက်သာ သွားနိုင်သလို ဆဲနေယုံနဲ့ ဒေါသ ပြေပါ့မလား။ တခြားနည်းနဲ့ အဖြေရှာရအောင်။
ဆရာရမ်းကုရေ
ယဉ်ကျေးဖို့မလိုပေမဲ့ မရိုင်းသင့်ပါဘူး။ ပွင့်လင်းလွတ်လပ်စွာ ပျော်ကြရအောင်ပါ။
ပြောရင်းဆိုရင် ပိုရိုင်းလာသလိုပဲနော် ။ အလုပ်လုပ်ရင် းဝတ်ဖတ်နေရတဲ့လူတွေ စက်ဖွင့်ပြီး ခုံက ခဏထရင်တောင် စက်ကို idleလုပ်ခဲ့ရတယ် ။
မင်န်ဘာတွေမဟုတ်ပဲ Comment ပေးနိုင်အောင်လုပ်ထားတဲ့ အစီအစဉ်ကြောင့်အခုလို ဖြစ်တယ်လို့လဲ ပြောနိုင်ပါတယ်.။
ဆရာရမ်းကု ဆိုတာ မန်င်ဘာမဟုတ်ပါခင်ဗျား..။
ဆိုတော့…
အဲဒါကို ပြန်ပိတ်လိုက်ရမလား … မန်င်ဘာတွေအကြံပေးကြပါ..။
ကိုခိုင်ရေ အရင်တုံးက ကွန်မန့်အောက်ခြေမှာ unapprove ဆိုတာတွေ့မိသလိုပဲ။ အခုဖြုတ်လိုက်တာလား၊ အဲဒါလေးရှိရင် ပို့စ်ပိုင်ရှင်က သူ့ဖာသာသူ ဆုံးဖြတ်လို့ရမှာပေါ့။ အပြင်လူတွေ မှတ်ချက်ပေးတာကိုတော့ ဒီလောက်အတွက်နဲ့ ဖြုတ်စရာမလိုသေးလို့ထင်ပါသည်။
ကိုကြောင်ကြီးရေ … မန်ဘာမဟုတ်ပဲ ဒီလိုဝင်မန်းတဲ့လူတွေများလာတာမကောင်းပါဘူး ။ ပို့စ်ပိုင်ရှင်က ရိုင်းစိုင်းတဲ့လူ၂ယောက်မန်းထားတာကို ဖြုတ်လိုက်ပါတယ် ဒါကြောင့်ကိုကြောင်ကြီးမသိလိုက်တာလို့ထင်ပါတယ် ။ သူတို့ရေးထားတာ အတော်ရိုင်းပြီးဖတ်ရတဲ့လူတောင် ကြက်သီးထမိပါတယ် ။ ဘယ်လိုမှ ယဉ်ကျေးမှူနဲ့ မဆီလျှော်တဲ့စာမျိုးမို့ မန်ဘာမဝင်ပဲဝင်ရေးတဲ့ အစီစဉ်လေးကိုဖြုတ်သင့်တယ်လို့ထင်ပါတယ် ။ မဆူး၊ ကိုဖက်တီးနဲ့ ချာတူးလန်လေး လို့တောင် ရိုင်းစိုင်းတဲ့ comment နှစ်ခုကို ဖတ်မိခဲ့သေးတယ် ။ အရင်က ဒါမျိုးတွေမရှိခဲ့ပေမဲ့ အခုလို မန္တလေးဂေဇက်စာမျက်နှာတွေပေါ်မှာ ရိုင်းစိုင်းယုတ်ညံ့တဲ့ အပြောအဆို၊ အရေးသားတွေ နေရာယူလာတာ ဝမ်းနည်းမိပါတယ် ။ စိတ်အနှောက်ယှက်လည်းဖြစ်မိပါတယ် ။
အကြံပေးရရင်တော့ ဆီက ဆီ ရေကရေ ပါဘဲ.. ဓါတုဗေဒ ဆေးဝါးနဲ့ ရေနွေး မဟုတ်တော့ မရောဘဲ ကွက်ကွက် ကွင်းကွင်း ဖြစ်နေတာပေါ့ ဦးလေးရယ်.. သိရင်ပြီးတာဘဲ.. အကြံမတောင်းနဲ့
တို့ရွာကလူတွေကို ဘာများအောက်မေ့နေလဲ ဆဲလားဆိုလားတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တယ် 🙁
dear admin …kindly take necessary action for the above one of the comments which nobody cannot accept it