အီရန် နျူကလီးယား သိပ္ပံပညာရှင် အမေရိကန်သို့ တိမ်းရှောင် ခဲ့

BayoteApril 3, 20101min01

အီရန်နိုင်ငံမှ နျူကလီးယားသိပ္ပံပညာရှင် ရှရမ်အာမီရီမှာ အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်၍ ခိုလှုံခွင့် ရရှိသွားခဲ့သည်ဟု အေဘီစီသတင်းများတွင် ဖော်ပြပါရှိသည်။ မစ္စတာအာမီရီသည် တဟီရန်မြို့ မာလက်အက်တာတက္ကသိုလ်မှ သုတေသနပညာရှင်ဖြစ်ကာ အီရန်နိုင်ငံ၏ အနုမြူစွမ်းအင် ဌာနတွင်လည်း တာဝန်ပေးအပ်ခြင်းခံရခဲ့သူ ဖြစ်သည်။ ဇွန်လက သူသည် ဆော်ဒီ အာရေးဗျနိုင်ငံသို့ ဘုရားဖူးသွားရောက်ခဲ့စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အီရန်အစိုးရက အာမီရီအား အမေရိကန်ဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးဌာနသည် ယခုအခါ အီရန်သိပ္ပံပညာရှင်များကို နည်း အမျိုးမျိုး ဖြင့် ချည်းကပ်စည်းရုံး၍ နိုင်ငံမှ စွန့်ခွာထွက်ပြေးရန် စည်းရုံးလျက်ရှိသည်ဟု သတင်းများတွင်ဖော်ပြသည်။
(ဘီဘီစီ)

One comment

  • susunosuki

    April 15, 2010 at 3:42 pm

    ကောင်းတယ်ဗျ
    ဟို သွေးဆူနေတဲ့ ငတိက ဘယ်သူ့မျက်နှာ မှ ထောက်မှာမဟုတ်ဘူး
    တစ်လုံးလောက်ခွဲလည်း လူတွေ သေဦးမှာပဲ
    သူ့လက်ထဲ နူကလီးယား ဗုံး မရောက်ပါစေနဲ့ပဲဆုတောင်းပါတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.