myanmargazette.net တွင်ရေးသားနေသူများသို့….

kaiApril 2, 20102min05

myanmargazette.net တွင်ရေးသားနေသူများသို့….
(Myanmar Celebrity Team) မှ အောက်ပါမေးလ်ကိုလက်ခံရရှိပါသည်။ စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်းတွေ့ရှိရသဖြင့် myanmargazette.net တွင်စာရေးသားသူများကို သတိပေးလိုပါသည်။ မိမိတု့ိရရှိမည်ဖြစ်သောအကျိုးအမြတ်အနည်းငယ်မျှအတွက် သူတပါး၏ အကျိုးစီးပွားကို ရယူသုံးရန်မသင့်ပါ။ သတင်းသမား၊စာရေးဆရာ၏ ကျင့်ဝတ်နှင့်လည်း မညီညွတ်ပါ။
စဖွင့်ကတည်းက တင်ပေးထားသော myanmargazette.net တွင်စာရေးနေသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထပ်မံဖေါ်ပြအပ်ပါသည်။

http://myanmargazette.net/?p=45

သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။
အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။ မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ
“မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို လေးစားကြစေချင်ပါတယ်။
သတင်းရယူလာတဲ့ အခြေအမြစ်က ကိုယ်ပိုင်မဟုတ်ရင် ဘယ်နေရာကရတယ်ဆိုတာ ရေးပေးစေချင်ပါတယ်။ ဓါတ်ပုံတင်တာမှာ ကိုယ်တိုင်ရိုက်တာမဟုတ်ရင် ဓါတ်ပုံဆရာ အမည်ရေးပေးရမှာဖြစ်ပါတယ်။ အဲဒါတွေအပေါ်တည်မှီပြီး သုံးသတ်တာတွေ။ ဆွေးနွေးငြင်းခုံတာတွေလုပ်နိုင်ပါတယ်။

=======

ယခုကဲ့သို့ဖြစ်ခြင်းအတွက် (Myanmar Celebrity Team) ကိုတောင်းပန်အပ်ပါကြောင်း နှင့် ယခုဝက်ဘ်ဆိုက်မှာ မည်သူမဆိုလွတ်လပ်စွာ စာများပုံများတင်နိုင်ပါသဖြင့် နောင်တွင် အခါအားလျှော်စွာ တင်သည့်စာများပုံများကိုစိစစ်သွားမည်ဖြစ်ပါကြောင်း…။

အက်မင်
myanmargazette.net

===============

To Mandalay Gazette Group…

Your website is copying a lots of our contest without asking any permission from US… We really feel disappointed for it. At least, You should give credit to us with proper link back, although you can not ask permission from us..

Hope you will take prompt action. If you do not take any responsibility, we will go on more complaint.

Looking forward to your prompt reply,

These are some of our contents that you copied..

http://myanmargazette.net/?p=2173
http://myanmargazette.net/?p=2720
http://myanmargazette.net/?p=2668
http://myanmargazette.net/?p=2574
http://myanmargazette.net/?p=2520
http://myanmargazette.net/?p=3003
http://myanmargazette.net/?p=2976

5 comments

  • pwint

    April 3, 2010 at 5:15 am

    မြန်မာကျူးပစ်ဖိုရမ်ထဲက ယူထားတာတချို ့တွေ ့မိသလိုဘဲ။ အချိန်မီသေးတယ်။

    Reply

  • Ayuu

    April 3, 2010 at 7:18 am

    မြန်မာ ကျူးပစ်က ပုံတွေကို မြန်မာ ဆီလီဗီလီတီက ယူတွေလား။ မြန်မာ ဆီလီဗီလီတီက ပုံတွေကို မြန်မာကျူးပစ်က ယူတာလား။ သေချာတာကတော့ အားလုံးက သရုပ်ဆောင်ခွင့်ပြုချက်မယူထားတဲ့ ပါပရာဇီတွေပါပဲ။ ခိုးတာချင်း အတူတူ သူအရင်ခိုးတယ်။ ငါအရင်ခိုးတယ် ရန်ဖြစ်နေကြတာလား။

    Reply

  • susunosuki

    April 15, 2010 at 3:45 pm

    ဟုတ်ပါတယ်
    အားလုံးပါပဲ
    မူပိုင်ခွင့်ကို လေးစားသင့်ပါတယ်
    ကျွန်တော်တို့လုပ်သမျှ က ကျွန်တော်တို့ သိက္ခာပါ

    Reply

  • laypyay

    May 4, 2010 at 7:02 am

    Gossip မှာ ညစ်ညမ်းပုံတွေ မတင်သင့်ဘူးလို့ ထင်ပါတယ်.. ။ စာပေ ကို အဓိက ထားတဲ့ ဆိုဒ်မှာ အဲ့ဒါတွေကို အက်ဒမင် အနေနဲ့ ဖယ်ရှားသင့်တယ်လိုထင်ပါတယ်..။

    Reply

  • saund

    September 30, 2010 at 4:27 am

    ရတနာပုံသတင်းစာအနေနဲ့ ကော်ပီကူးထားတဲ့ပို့စ်တွေကို ပိုင်ရှင်က လာကန့်ကွက်ရင် ဖျက်ပေးသင့် ပါတယ်။ ဘာကြောင့်များ သူများ ဉာဏ်နဲ့ အတွေးခေါ်နဲ့ အချိန်နဲ့ ရင်းပြီး ရေးထားတာကို ကော်ပီပို့စ် တွေကို ဆက်တင်ထားတာ ပါလိမ့်

    စာပေ သူခိုးလက်ခံသတင်းစာလားလို့ မေးပါရစေ

    မြန်မာအာကာသဘလော့မှ ဘလော့ပိုင်ရှင်ရဲ့ပို့စ် http://myanmargazette.net/328/education ကို ဒီသတင်းစာမှ အမြန်ဆုံးပယ်ဖျက်ပေးပါ။

    ကျေးဇူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.