နောက်ထပ်အလံတော် အသစ် အဆိုပြုခံရခြင်း

 21/10/2010 လည်မွန်းလွဲ ၂နာရီ ၅၅ မိနစ်အချိန်မှာနေပြည်တော်မှာရှိတဲ့ အစိုးရရုံးတွေမှာ မြန်မာနိုင်ငံရဲ့ အလံသစ်တင်ပွဲတွေ အသီးသီးကျင်းပခဲ့ပါတယ်။ အထက်အမိန့်အရ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံတော်အလံအား ချက်ချင်းဖြုတ်ချ မီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။
“နိုင်ငံတော်အလံတွေကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးတယ် (၃) နာရီထိုးမှာ အပြီးလုပ်ရမယ်ဆိုပြီး အရေးပေါ်လုပ်တာ၊ အားလုံးက စိတ်မကောင်းကြဘူး၊ အလံတွေကို ဘာကြောင့်ဖြုတ်ချ မီးရှို့ခိုင်းတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။
ယင်းကဲ့သို့ အလံများကို ချက်ချင်းဖြုတ်ချမီးရှို့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပေးလာမည့် အလံမရမချင်း အခြားမည်သည့်အလံမှ တင်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ပေးမဲ့အလံ မရောက်မချင်း ဘယ်အလံမှ မတင်ရဘူး အထက်ကအမိန့်လို့ ပြောတယ်၊ အလံကို ဖြုတ်ချပြီး ခဏသိမ်းဆိုတော်သေးတယ်၊ အခုလို လုပ်ခိုင်းတာ လုံးဝကို နားမလည်ဖူး” ဟု ပြောသည်။

ထိုအလံတော်သစ်ကို လွှင့်ထူခြင်းအား နိုင်ငံသူ နိုင်ငံသားများ မှ ၉၉%
သဘောမတူညီ ကြပါကြောင်း စစ်တမ်းကောက်ယူရရှိခဲ့ပါသဖြင့် ယ္ခု တဖန် ဤလိုဂိုဖြင့်
အသစ် ပြန်လည်၍ ထုတ်လွှင့်အသုံးပြုမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာအာဏာပိုင်များမှ အဆင့်ဆင့် လက်မှတ်ရေးထိုးအတည် ပြုပြီးဖြစ်ပြီးလျှင် ဗိုလ်ချုပ်မှူးကြီးမှ အတည်ပြုလက်မှတ်ထိုးခြင်းကို အထက်ဘိုးတော်၏ ခွင့်ပြုချက်ရလျှင်ရခြင်း အကျိုးသက်ရောက်မည်ဖြစ်ကာ အလံတော်ချုပ်လုပ်ခြင်း အော်ဒါလက္ခံရရှိလိုသူများအနေနှင့် ကမန်းပေး၍ ဘွတ်ကင်လုပ်ထားနိုင်ပါကြောင်း
နှင့် အော်ဒါများတွက် ကြားပွဲစားများ စောင်ရွက်ခြင်းကို (လုံးဝ လုံးဝ x ၁၀၀၀၀၀)
မလုပ်ဆောင်ကြပါရန်နှင့် တွေ ့ရှိပါက တည်ဆဲအက်ဥပဒေများအရ အရေးယူခြင်းခံရပါမည် ဟု အတိလင်း ကြေ……………………….ငြာအပ်ပါသည်။

3 comments

  • kai

    October 23, 2010 at 9:02 am

    ဒေါင်းဆိုတာ…..
    ဒေါင်းဖန်ဝါသူရိယနေမင်းလေ..။
    နေဆိုတာကြယ်…။
    ဆိုတော့…။
    အတူတူပါပဲ..။ စိတ်လျှော့လိုက်တော့နော…စိတ်လျှော့လိုက်..။ အထက်ဘိုးတော်ကယ်လည်း…မရတော့ဘူး..။ 🙂

    စကားမစပ်…အခုအလံသစ်က..ဦးစိန်ဝင်းတို့အလံကြီးလို့ ပြောနေကြပါလားဗျ..အထောက်အထားရှာကြပါဥိး..။

    Reply

  • mG

    October 23, 2010 at 12:37 pm

    အလဲ့…….ဒီအလံလေးတော့ မဆိုးဘူး။ဒါပေမဲ့ တိရိစ ္ဆာန်ပုံတွေကိုပဲ တင်ချင်နေတဲ့ သူ့ကိုတော့သနားလိုက်တာ။ဦးနှောက်ကိုကလည်း တိရိစ………..နဲ့တူနေပြီ။ထားလိုက်……..။ဒီအလံလေးမဆိုးဘူး။ဒါပေမဲ့ အရင်အလံပဲကြိုက်တယ်။ဒါပဲ….။ငါကမကြိုက်ဘူးဆို မကြိုက်ဘူးပဲနော်။ဘူးဆို ဖရုံသီးတာ တွေငါမမြင်ချင်ဘူးနော်။ဟဲ ဟဲ………။သူတို့လိုပဲ အတည်ပေါက်နဲ့ဟောက်ကြည့်တာ အရသာတော့ရှိသားပဲ။မိုက်တယ်။ မိုက်တယ်။

    Reply

  • Yin Nyine Nway

    October 24, 2010 at 2:15 am

    မီးရှို့စရာလားနော်
    သိမ်းထား ဘာဖြစ်မှာကြလို့
    ဘာတွေလျှောက်လုပ်နေကြမှန်း တကယ်မသိတော့ပါဘူး

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.