Mrs. Michael နဲ့ပတ်သက်သမျှ

asiamastersOctober 23, 20101min05

ဒေါ်အောင်ဆန်းစုကြည် (ခေါ်) Mrs. Michael နဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိပါတယ်။ သာမန် နိုင်ငံသားတစ်ဦးအနေနဲ့ အယူဝါဒတွေနဲ့ပတ်သက်လို့ကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကို အခုမဝေန်နိုင်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ မဝေဖန်ပါဘူး။ တစ်ခုပဲရှိပါတယ်။ လူသားတွေကိုအရင်ပြောင်းလဲမှာလား၊ အစိုးရကို အရင်ပြောင်းလဲမလားဆိုတာပါပဲ။ အစိုးရကြောင့်လူသားတွေပြောင်းလဲရတယ် ဆိုတဲ့အယူအဆ ထက် လူသားတွေကို အရင်ပြောင်းလဲနိုင်မှ ကောင်းမွန်တဲ့အစိုးရဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုလူသားတွေကို ပြောင်းလဲလိုသူတွေအများကြီးရှိတယ်။ ဒီလူတွေနဲ့မပူးပေါင်းပဲ၊ လူသားတွေကို မလေ့ကျင့်ပေးပဲ၊ အခု တွင်တွင်ပြောနေတဲ့ဒီမိုကရေစီကို ပြောင်းလို့မရနိုင်ဘူး။ ပြောင်းရင်လဲ ကလိမ်ကကျစ်တွေနဲ့ နင်းကြမ်းပြည့်နေတဲ့ ငရဲဘုံပဲဖြစ်မှာပဲ။ လူသားတွေကိုပြောင်းလဲဘို့ က ကိုယ်တိုင်က ဘဝမှာ Purposeful ဖြစ်ရမှာဖြစ်တယ်။ ရည်ရွယ်ချက်မရှိပဲ စိတ်ကောက်နေသလိုနေလို့မရဘူး။ အချိန်တွေ ကုန်သွားပြီ။ လူတွေဟာ သေခါနီးလူနာတွေလိုဘာမှ မတုန့်ပြန်နိုင်ကြတော့ဘူး။ မျှော်လင့်ချက် မှိန်မှိန်လေးတော့ရှိသေးတယ်။ ဒါက Information Technology ပဲ။ ဒါကိုမှ ဆက်မလုပ်နိုင်တော့ဘူးဆိုရင် ဘယ်အစိုးရတက်တက် ဒီကလိမ်ကကျစ်တွေ၊ Weak and Desperate တွေနဲ့ပဲဆက်လုပ်ရမှာဖြစ်ပါတယ်။

5 comments

  • tunaung

    October 24, 2010 at 2:47 am

    ဘာတွေလါရေးနေတာလဲ …အစိုးရကိုမဝေဖန်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲမဝေဖန်ပါဘူးလဲပြောသေး (ဒေါ်အောင်ဆန်းစုကြည် ခေါ် Mrs.Michael)လို့ရေးထားသေးတယ် ဖားမင်းဆွေလေသံမျိုးတွေနဲ့လါရေးမနေနဲ့မျက်စေ့နောက်တယ်

    Reply

  • ဆူး

    October 24, 2010 at 3:55 am

    အစိုးရ ပြောင်း လူသားပြောင်း..
    အစိုးရဆိုတာလည်း အသွေးအသား အသက်ရှိတဲ့ လူတွေ
    ပြည်သူလည်း အသွေးအသား အသက်ရှိတဲ့ လူတွေ

    အဓိက ဖြစ်သင့်တာ.. ကိုယ်ချင်းစာတရား ညှာတာတရား ဂရုဏာ မေတ္တာ ထားတဲ့ လူသားမျိုး ဖြစ်သင့်တာ..
    ငါ့အတွက်.. ငါ့မိန်းမ ငါ့သားသမီး ငါ့မြေး.. ငါ့မျိုးဆက်.. ငါ့အသိုင်းအဝိုင်း.. ငါ့အပါးတော်မြဲ.. ငါဆိုသော် လိုအပ်ချက်တွေ ပြည့်နေတဲ့ လူသားတွေ ဖြစ်နေသ၍.. ဘာမှ ထူးလာမှာ မဟုတ်ဘူး.. တခြားဘာမှ မပြောလိုဘူး.. အရေးကြီးဆုံး အချက်က အဲဒါဘဲ.. စာပေဖတ်ရှုထားသူ ပီပီ စာရေးသူ သိမှာပါ.. မင်းကျင့်တရား ၁ဝပါး.. လူမှန်ရင် လူ့ကျင့်ဝတ်နဲ့ အညီ နေထိုင်ရင် အားလုံး ငြိမ်းချမ်းတယ်။
    အကုန်လုံး အသားစိတ်ရင် နာတတ်တဲ့ လူတွေ ကြီးဘဲ.. ကိုယ့်အသားမှ နာ.. သူများ အသားမှ မနာတဲ့ လူမျိုးတွေ မဖြစ်ကြပါစေနဲ့ မျှော်လင့်ပါတယ်။

    Reply

  • koyinmaung

    October 24, 2010 at 4:44 am

    ဒီမိုကရေစီစနစ်ပြောင်းဘို့ပြည်သူတွေကိုသင်တန်းပေးဘို့လိုတယ်လို့ပြောတာလါး?.. မင်းရူးနေလါး တရားမျှတတဲ့တရားဥပဒေရှိမယ် ဒီဥပဒေအောက်မှာ( မင်းနဲ့ပြည်သူအားလုံးအတူလိုက်နာနေယင်) မင်းဘာစနစ်နဲ့အုပ်ချုပ်မလဲ…ဒီတိုင်းပြည်တိုးတက်မှာပေါ့…ခုတော့ဒီလိုဟုတ်လိုလါး ဥပဒေအပေါ်မှာနေတဲ့လူတန်းစားတမျိုးရှိနေသမျှကတော့ ဘယ်သူ့ကိုသင်တန်းပေးရမယ်ဆိုတာမင်းသိလေါက်ပါပြီ ဒီဆိုက်မှာလါမရေးနဲ့ အလင်းနဲ့ကြေးမှုံ မှာသွားရေး

    Reply

  • naywoon ni

    August 16, 2015 at 10:34 pm

    အဓိက က​တော့ ဥပ​ဒေ စိုးမိုး​ရေးပဲ ။ ဥပ​ဒေ ကသာ ဘက်​မလိုက်​ပဲ သမာသမတ်​ကျရင်​ လူ​တွေ ဒီ​လောက်​စည်​းကမ်​းမမဲ့​တော့ဘူး ။ ဒီအချိန်​ဟာ လူ​တွေကိုခမ်​းမထဲ​ခေါ်ြပြီး သင်​တန်​း​ပေး​နေဖို့ အချိန်​မရှိဘူး ။ ဥပ​ဒေနဲ့ မျှမျှတတ အ​ရေးယူ ကိုင်​တွယ်​ ။ အစပိုင်​း​လေး ကြမ်​းသ​ယောင်​ရှိမယ်​ ။ ​နောက်​ပိုင်​း အဆင်​​ပြေသွားမှာပဲ ။

    Reply

Leave a Reply

Your email address will not be published.