ဗန်ဒါဆားနေရာတွင် ရိန်းဂျားဂိုးသမား အစားထိုးရန် မန်ယူ စောင့်ကြည့်နေ

Good IdeaOctober 14, 20101min00

မန်ချက်စတာယူနိုက်တက် အသင်းသည် ဝါရင့်ဂိုးသမားကြီး ဗန်ဒါဆားနေရာတွင် အစားထိုးရန် ရိန်းဂျားနှင့် စကော့တလန် နံပါတ်တစ်ဂိုးသမား အလန် မက်ဂရီဂေါကို စောင့်ကြည့်နေကြောင်း သိရသည်။

အသက် ၄ဝ အရွယ် ရှိပြီဖြစ်သည့် နယ်သာလန်လက်ရွေးစင်ဟောင်း ဗန်ဒါးဆားသည် ယခုနှစ် ဘောလုံးရာသီကုန်ချိန်တွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိသည့်အတွက် မက်ဂရီဂေါကို မန်ယူက ခေါ်ယူလိုခြင်း ဖြစ်သည်။

စကော့တလန်ကလပ် ရိန်းဂျား၏ ငယ်မွေးခြံပေါက် ကစားသမား မက်ဂရီဂေါ (အသက် ၂၈ နှစ်) သည် ၂၀၀၆ ခုနှစ်မှ စတင်ကာ ရိန်းဂျားအသင်း၏ ပထမဂိုးသမားနေရာကို သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်ပြီး ကလပ်အတွက် ၁၉၅ ပွဲ ကစားပေးထားသည်။

မန်ယူသည် ဂိုးသမားနေရာအတွက် မက်ဂရီဂေါအပါအဝင် ဂျူဗင်တပ်စ်မှ ဘူဖွန်၊ ရှော်ကေးမှ မန်နျူရယ် ဂျီအာ၊ အသလက်တီကိုမှ ဒေးဗစ် ဒီဂျီအာတို့အား စောင့်ကြည့်နေပြီး ယင်းတို့အနက်မှ ပြောင်းရွေ့ကြေး နည်းပါးသည့် မက်ဂရီဂေါကို ခေါ်ယူရန် အနီးစပ်ဆုံး ဖြစ်နေကြောင်း သိရသည်။ ပြောင်းရွေ့ကြေးမှာ ပေါင် ရ သန်း ဖြစ်သည်။

Leave a Reply

Your email address will not be published.