အဆစ်ရောင်ခါးနာရောဂါ(Ankylosing Spondylosis)

AKKOOctober 7, 20101min01

အဆစ်ရောင်ခါးနာရောဂါ

(Ankylosing Spondylosis)

အဆစ်ရောင်ခါးနာရောဂါမှာ ယောက်ကျားများတွင် အဖြစ်များပါသည်။ ခါးနာသူတစ်ယောက် သည် မနက်အိပ်ယာထသည့် အချိန်တွင် ညနေစောင်းအချိန်ထက် ပိုနာသည် ဆိုလျှင် အဆစ်ရောင် ခါးနာရောဂါ ဖြစ်ဖို ့များပါသည်။

Ankylose ဆိုသည်မှာ ဂရိဘာသာစကား ကွေးခြင်းကို ဆိုလိုပြီး Spondylos က ကျောရို းဆစ် ကို ဆိုလိုပါသည်။ တဖြည်းဖြည်းနဲ ့ ခါးရိုးကျောရိုးဆစ်တွေ ခိုင်သွားပြီး ခါးကုန်းသွားတဲ့ရောဂါဖြစ်ပါ သည်။

အဆစ်ရောင်ခါးနာရောဂါကို ဘယ်လိုသိနိုင်ပါသလဲ

ခါးနာနေသူများကို တင်ပဆုံရိုးဓါတ်မှန်ရိုက်ကြည့်ပြီး ခါးရိုးဆစ်များသာမက တင်ပရိုးပါ ရောင်နေတာ တွေ ့ရင်သေချာသွားပါသည်။ ဒီပြင် အခြားခါနာရောဂါတွေမှာတော့ ခါးရိုးကိုပဲ ထိခိုက်တာ တွေ ့ရပါ တယ်။

ခါးမှာ အတက်ထွက်တာခြင်းတူပေမဲ့ အရိုးကျီးပေါင်းတက်ခါးနာ (Lumbar Spondylosis)နဲ့ (Ankylosing Spondylosis) မှာ ထွက်တာခြင်းမတူပါ။ ကျီးပေါင်းတက်က အရိုးဆစ်တွေရဲ့ ဘေး ဖက်မှာ အချွန်လေးတွေထွက်ပြီး အဆစ်ရောင်ခါးနာက အဆစ်တွေရဲ ့ အပေါ်နဲ ့အောက်မှာ အချွန်လေး တွေ ထွက်ပါသည်။ ထို ့နောက် အပေါ် နဲ ့ဆက်မိပြီး ခိုင်သွားပါသည်။ ဓါတ်မှန်ထဲတွင် ဝါးလုံးထောင် ထားသည်နှင့် တူပါသည်။

လူနာကို စမ်းကြည့်လျှင် ဘယ်လို ထူးခြားပါသနည်း

အသက်၄ဝအောက်တွင် ဖြစ်ခြင်း ၊ တဖြည်းဖြည်းနာနေမှု ၃လကျော်ခြင်း၊ မနက်ပိုင်းတွင် ပိုနာခြင်း၊ လွန်စွာ ကိုက်ရျ် ညနေပိုင်းတွင် သက်သာ ပါကပိုသေချာပါသည်။

ခါးကုန်းနိုင်မှုကို စမ်းကြည့်ရပါသည်။ သာမန်လူ တစ်ယောက်ရဲ ့ခါးဆစ်က အရေပြားပေါ်မှာ ၁၅ စင်တီမီတာခန် ့ ကွာဝေးတဲ့ အစက်နှစ်စက်ကို မှတ်ထားပြီး ရှေ့ကို ကွေးရျ် လက်နဲ ့ကြမ်ပြင်ကို ထိခိုင်း လိုက်ပါက မူလမှတ်ထားသည့်အစက်နှစ်စက်ဟာ ၂ဝစင်တီမီတာထိ ကွာဝေးသွားပါသည်။ ထို ရောဂါ ရှိတဲ့သူမှာတော့ လက်နဲ ့ကြမ်းပြင်ကို မထိနိုင်တဲ့ အပြင် အစက်နှစ်စက်ကလည်းဝေးသွားတာ မတွေ ့ရ ပါဘူး။

နောက်တစ်ခါစမ်းတဲ့နည်းက ခေါင်းနဲ ့ နံရံနဲ ့အကွာအဝေး။ အဲဒီရောဂါရှိတဲ့ လူတစ်ယောက် နံရံကို မှီပြီး မတ်တပ်ရပ်ခိုင်း နံရံကိုဖနောက်နဲ ့ထိ တင်ပါးနဲ ့လည်းထိပြီးတော့ နောက်စေ့နဲ ့ပါ ထိခိုင်း ကြည့်ရင် လည်ပင်းရိုးငေါထွက်နေတာမို ့ နောက်စေ့မထိနိုင်ပဲ ရှိတာတွေ ့ရပါတယ်။

ဘာတွေဒုက်ခပေးနိုင်ပါသလဲ

ခါးနာလို ့ အလုပ်ကောင်းကောင်းမလုပ်နိုင်ပါ။

ကြာလျှင်ကုန်းကုန်းကြီးနဲ ့ခိုင်သွားလို ့ အိပ်ယာတွင်အဆင်မပြေနိုင်ပါ။ တောင့်တောင့်မတ်မတ် နဲ ့ခိုင်သွားတာက ပိုရျ် အဆင်ပြေပါသည်။

မျက်စိနီခြင်း၊ အဆုတ်အပေါ် ပိုင်းခဲခြင်း၊ ခြေဖနောင့်ကြောရောင်ခြင်း၊ သွေးကြောမကြီးရောင် ခြင်းတို ့ဖြစ်တတ်ပါသည်။

အခြားလေးဖက်နာများကဲ့သို ့နှလုံးထိခြင်း၊ ကျောက်ကပ်ထိခြင်း၊ ဖျားခြင်းတို ့ဖြစ်ခဲပါသည်။

ကာကွယ်ကုသရျ်ရပါသလား

မျိုးရိုး HLA 327 နှင့်ဆက်စပ်ရျ်ကာကွယ်ရျ်မရနိုင်ပါ။

-အဆစ်ရောင်ပျောက်ဆေးများ (NSAID, Phenylbutazone) ကအဓိကဖြစ်ပါသည်။

-ရောဂါထိန်းဆေးနှင့် ဇီဝကုထုံးများကိုလည်း စမ်းသုံးနိုင်ပါသည်။(Methotrexate, eternercept)

-ကာယလေ့ကျင့်ခန်းများ

အရိုးရောဂါခိုင်သွားအောင် လေ့ကျင့်ခန်းလုပ်လျှင် ပိုကောင်းပါသည်။

ရေကူးခြင်းသည် အသင့်တော်ဆုံးဖြစ်သည်။

ပက်လက်နေရာကနေ ဒူးဆစ်ကိုကွေးထား၊ ခါးကိုအိပ်ယာကနေ ကြွလာအောင်မပေးသည့် လေ့ကျင့်ခန်းလည်းကောင်းပါသည်။

ခါးနာလျှင် အခြားမည်သည့်ရောဂါများဖြစ်နိုင်ပါသေးသလဲ

အဆစ်ရောင်ခါးနာအပြင် အဆစ်ရောင်ခါးနာ မျိုးလဲရှိသေးသည်။

–       အရိုးကျီးပေါင်းတက်ခါးနာ (Lumbar Spondylosis)

–       ခါးဆစ်ရိုးနှင့် ကျွံထွက်သည့်ခါးနာ (PID)

–       ခါးကြောတင်းခါးနာ ၊ အနေအထိုင်မမှန်လို ့ကြွက်သားတွေတင်းလာတာပါ။(Sprain)

–       အရိုးပွခါးရိုးကျိုးခြင်း၊ လူကြီးများအနှိပ်ခံရင်း လှေခါးတက်ရင်း ရုတ်တရက်နာလာတတ်ပါတယ်

–       ခါးရိုးသို ့ကင်ဆာရောက်ခြင်း

တို ့ကိုစဉ်းစားဖော်ထုတ်ရပါသည်။

Dr. Aung Kyaw Kyaw Oo

M.B.,B.S (IM-1)

Assistant Surgeon

Forensic Department

Yangon General Hospital

One comment

  • white

    October 7, 2010 at 4:01 am

    ကျွန်တော်အတွက်တော့ အရမ်းကို တန်ဖိုးရှိတဲ့ post လေးပါပဲ။
    လက်ရှိအချိန်မှာတော့ ကျွန်တော်က ခါးနာရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ပါ။
    ဆေးကုနေတာ (၁) လ ကျော်သွားပါပြီဆရာ၊ လိမ်းဆေးနဲ့ကုတဲ့ တရုတ်တိုင်းရင်းဆေးနဲ့ကုနေပါတယ်။
    နည်းနည်းတော့ သက်သာနေပါပြီဆရာ။
    တိုင်းရင်းဆေးဆရာပြောတာတော့ အလေးအပင်မရင်းနဲ့ အဆစ်ရောင်သွားတာလို့ ပြောပါတယ်။
    ခါးကြောကတော့ အမြဲလိုလို တင်းနေတတ်ပေမယ့် လှုပ်ရှားမှုတွေကတော့ ပုံမှန်ပါပဲဆရာ။
    ကျွန်တော့်ခါးနာရောဂါက ပြန်ပြီးပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။

    ဆရာ့ကို ကျေးဇူးတင်လျှက်

    Reply

Leave a Reply

Your email address will not be published.